www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဟော်မုန်းများ၏ လျှို့ဝှက်ချက်များ

လူ့ခန္ဓာကိုယ်ထဲရှိ ဟော်မုန်း အမျိုးမျိုးဟာ စိတ်ခံစား မှုနှင့် အပြုအမူများကို လွှမ်းမိုးကြောင်းတွေ့ ရပါတယ်။ စိတ်ပူပန်မှု၊ လူမှု ဆက်ဆံရေး နှောင်ဖွဲ့ တွယ်တာမှု၊ မိခင်စိတ်၊ ရက်ရောခြင်း၊ အချစ်နှင့် ယုံကြည် မှု၊ လိင်မှု ဆက်ဆံရေး စတာတွေနဲ့ ဆက်သွယ် မှုရှိနေကြောင်း သိရတယ်။
အမျိုးသမီးတစ်ဦးရဲ့ ဆွဲဆောင် ညှို့ငင်အားဟာလည်း ဟော်မုန်းနှင့် ဆက်စပ်နေပါတယ်။ သုတေသီများက အမျိုးသမီး တွေကို အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး နွေးထွေးတဲ့ အပြုံးကို ပြုံးစေတဲ့အခါ အဲဒီအမျိုးသမီးတွေရဲ့ ပြုံးတဲ့အခါမှာ အသုံးပြုရတဲ့ မျက်နှာပြင်ြွကက်သားများဟာ လစဉ်ဓမ္မတာ စက်ဝန်းရဲ့ သားဥကြွေတဲ့ရက်များမှာ ပိုမိုတက်ြွကကြောင်း တွေ့ရှိရပါတယ်။ ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ သားဥြွေကချိန်မှာ ကိုယ်ဝန်ဆောင် ရန် ပြင်ဆင်မှုများ ပြုလုပ်ပေးဖို့ ပရိုဂျက်စတီရုန်း ကြွပြီး ညှို့ငင်အားကောင်းမွန်အောင်ပရိုဂျက်စတီရုန်းဟော်မုန်းက ပြုလုပ်ပေးပုံရပြီး အဲဒီဟော်မုန်းကြောင့် ရင်းနှီးကျွမ်းဝင်မှုများ ကို အမျိုးသမီးများ ပိုမိုပြုလုပ်နိုင်ကြကြောင်းသိရပါတယ်။


By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်