မိန်းကလေး
တစ်ယောက် ဟာ အရွယ် ရောက် လာပြီ ဆိုရင် ကိုယ် အလေး ချိန် အသင့် အ တင့်ရှိ
နေဖို့ အရေးကြီး ပါတယ်။ မိန်းကလေးတွေ အတွက် ပိန်လွန်းတာလည်း မကောင်းသလို
ဝဖြိုး လွန်းတာကလည်း မကောင်းပါဘူး။ ပိန်လွန်းတာနဲ့ ဝဖြိုးလွန်းတာဟာ
မျိုးဆက်ပွားစနစ်ကို ထိခိုက်စေ တာကြောင့်ပါ။
ပိန်လွန်းလျှင် ဖြစ်တတ်သော ကျန်းမာရေး ပြဿနာများ
အရွယ်ရောက် မိန်းကလေးတစ်ယောက်ဟာ ပိန်လွန်းရင် ရာသီသွေးဆင်းမှုဆိုင်ရာ ပြဿနာ တွေကို ကြုံတွေ့ရတတ်ပါတယ်။ ရာသီသွေးမဆင်း တာ၊ ရာသီသွေးဟာ တစ်လလာလိုက် လပေါင်း များစွာ ရပ်တန့်သွားလိုက်ဖြစ်တာ. . စတဲ့ ပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလို မိန်းကလေးတွေဟာ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျခဲ့ရင်လည်း သားသမီးရဖို့ ခက်ခဲတတ်ပါတယ်။
ဝဖြိုးလွန်းလျှင် ဖြစ်တတ်သော ကျန်းမာရေး ပြဿနာများ
ဝဖြိုးလွန်းတဲ့ မိန်းကလေးတွေကျတော့လည်း ရာသီသွေးဆင်းမှုဆိုင်ရာ ပြဿနာတွေအပြင် ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ကိုယ်ဝန်ပျက်ကျ တာ၊ ကလေးလွယ်လွယ်နဲ့ မရနိုင်တာ. . စတဲ့ နောက်ဆက်တွဲ အခြေအနေတွေ အများကြီးကို ဖြစ်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို မပိန် လွန်း၊ မဝလွန်းပဲ အနေတော်ဖြစ်အောင် ထိန်းသိမ်း သင့်တာ ဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ မိမိရဲ့ ကိုယ်အလေး ချိန်က ကျန်းမာရေးနဲ့ ညီညွတ်မှုရှိရဲ့လားဆိုတာကို သိနိုင်အောင် BMI (စာမျက်နှာ C တွင်ပါရှိ) တွက်နည်းအတိုင်း တွက်ချက်ကြည့်ဖို့လိုပါတယ်။
ကိုယ်အလေးချိန်ပုံမှန်ရှိပြီး မျိုးဆက်ပွားစနစ် ကျန်းမာစေရန်
- အမျှင်ဓာတ်များများပါပြီး အဆီဓာတ်နည်းတဲ့ အာဟာရပြည့် အစားအသောက်တွေကို စားပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေကောင်းရေသန့် ကိုသာ သောက်ပါ။ ဆေးလိပ်၊ အရက်နဲ့ မူးယစ် ဆေးဝါးတို့ကို လုံးဝမသုံးပါနဲ့။
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပြီး ပြည့် ပြည့်ဝ၀အနားယူပါ။
- ပုံမှန် လေ့ကျင့်ခန်းလုပ်ကာ ကိုယ်အလေးချိန် ကို အနေတော်ဖြစ်အောင်နဲ့ အရိုးအဆစ် သန်စွမ်း ကျန်းမာအောင် ထိန်းသိမ်းပါ။
လုပ်သင့်တဲ့ လေ့ ကျင့်ခန်းတွေက ရေကူးတာ၊ ပြေးတာ၊ လမ်းလျှောက် တာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင် အ လေးမတာ၊ ကိရိယာသုံးပြီး လေ့ကျင့်တာတွေလိုြွကက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။
By Good Health

0 comments:
Post a Comment