www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

သွေးလန့်ခြင်း (Shock)

သွေးလန့် တယ်ဆို တာ ခန္ဓာကိုယ် ရဲ့ သွေးလှည့် ပတ်မှု စနစ် ထိခိုက်ပြီး ပုံမှန် သွေးလှည့် ပတ်သွား လာမှု မရှိတဲ့ အခြေ အနေကို ခေါ်ပါတယ်။
သွေးလန့်ခြင်းဆိုသည်မှာ
သွေးလန့်ခြင်းအမျိုးအစားအမျိုး မျိုးအနက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကြောင့် သွေးလန့်တာနဲ့ သွေးလှည့်ပတ် မူနဲ့ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုကမူကြောင့် သွေးလန့်တာဆိုပြီး အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် သွေး လန့်တာက စိတ်ထိခိုက်တာ၊ ထိတ်လန့် တာစတဲ့ အခြေအနေမျိုးဖြစ်ပြီး ရင်တုန် တာ၊ ဖျော့တော့သွားတာစတဲ့ လက္ခဏာ တွေပေါ်ကာ သွေးလန့်တတ်ပါတယ်။
- ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် သွေး လန့်တာက ရုတ်တရက် သွေးလှည့်ပတ် စီးဆင်းမှုလျော့ကျပြီး သွေးဖိအားကျ ဆင်းကာ ဖြစ်တတ်ပါတယ်။ သွေးထွက် လွန်တာ၊ ပိုးဝင်တာ၊ ရေဓာတ်ခမ်းခြောက် တာနဲ့ ဓာတ်မတည့်မှုဖြစ်တာတွေကြောင့် ဖြစ်တတ်ပါတယ်။
သွေးလန့်စေသော လက္ခဏာများ
သွေးလန့်မှုဖြစ်တဲ့အခါ ဖြစ်ပေါ် တတ်တဲ့ အဓိက လက္ခဏာတွေကတော့ -သွေးခုန်နှုန်းမြန်ပြီး အားနည်းတာ၊ - သွေးဖိအားကျဆင်းတာ၊ - ဖျော့တော့တာ၊ အားနည်းတာနဲ့ ပျို့ ချင်အန်ချင်ဖြစ်တာ၊ - မူးဝေတာ၊ - အရေပြားအေးစက်ပြီး စေးကပ်တာ၊ - အသက်ရှူနှုန်းမြန်တာ၊ - နှုတ်ခမ်းတွေ ပြာနှမ်းတာ စတာတွေ ဖြစ်ကြပါတယ်။
သွေးလန့်ခြင်းဖြစ်ရသော အကြောင်းရင်းနှင့် ဖြစ်စေနိုင်သော အချက်များ
သွေးလန့်စေနိုင်တဲ့ အကြောင်းရင်း တွေကတော့ အများကြီးပါပဲ။
- ရုတ်တရက် သတင်းဆိုးတစ်ခု ကြား လိုက်ရတာ(ဥပမာ- ချစ်တဲ့သူ ရုတ်ရက် သေဆုံးတဲ့ သတင်း)
- မတော်တဆထိခိုက်မှုလို ထိခိုက်စေ တဲ့ အဖြစ်အပျက်ကြုံရတာ၊
- ရာဇဝတ်မှု၊ ပေါက်ကွဲတဲ့ အဖြစ်အ ပျက်စတာတွေမှာ တရားခံဖြစ်ရတာစတဲ့ အကြောင်းတွေက စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်မှုကြောင့် သွေးလန့်ရတဲ့ အခြေအနေ တွေပါ။ - သွေးအလွန်အမင်းထွက်တာ၊
- အဆုတ်မှာ သွေးခဲပိတ်ဆို့တာ၊
- အလွန်အမင်းအန်တာ၊ ဝမ်းလျှောတာ၊
- ကျောရိုး ထိခိုက်ဒဏ်ရာရတာနဲ့ အ ဆိပ်သင့်တာစတဲ့ အကြောင်းတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် သွေး လန့်တာကို ဖြစ်စေတဲ့ အချက်တွေပါ။
နှလုံးတိုက်ခိုက်မူကြောင့် သွေးလန့်ခြင်း
အဓိကအားဖြင့် နှလုံးရောဂါထတာ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်တဲ့အ ခါ ဖြစ်တဲ့ သွေးလန့်တာမျိုးပါ။ အဲဒီအခါ ခန္ဓာကိုယ်အနှံ့သွေးပို့ဆောင်မှု အလုံအ လောက်မရှိတော့ဘဲ သွေးဖိအားကျဆင်း စေနိုင်ပါတယ်။
ပိုးဆိပ်သင့်ပြီးသွေးလန့်ခြင်း
ဘက်တီးရီးယားပိုးဝင်ပြီး သွေးဖိ အား ကျဆင်းမှု ဖြစ်တတ်တဲ့ သွေးလန့် တဲ့ အခြေအနေပါ။ ပိုးဝင်တဲ့လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာဖြစ်တတ်ပါတယ်။
ဓာတ်မတည့်မူကြောင့်သွေးလန့်ခြင်း
ပြင်းထန်ဆိုးရွားတဲ့ ဓာတ်မတည့်မှု အခြေအနေကြောင့် သွေးလန့်တာမျိုးပါ။ အဓိက ဖြစ်တတ်တဲ့ အခြေအနေတွေက တော့ ပျားနဲ့ နကျယ်ကောင်တုပ်တာ၊ အခွံမာတဲ့ အစေ့အဆန်စားမိတာ၊ ပုစွန်၊ ဥအမျိုးမျိုးစတာတွေကို စားမိတာ၊ ပင်နီ ဆီလင်လို ဆေးတွေသောက်ပြီး မတည့် တာတွေကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး သွေးလန့်ရတတ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေအနေနဲ့ နှုတ်ခမ်းနဲ့ လျှာတွေ ရောင်ရမ်းတာ၊ ပူ စပ်ပူလောင်ဖြစ်တာ၊ အသက်ရှုရခက်ခဲ တာ၊ အရေပြားယားယံနီမြန်းပြီး အရည် ကြည်ဖုပေါက်တာ၊ နှာချေတာ၊ မျက်ရည် ကျတာ၊ ပျို့ချင်အန်ချင်ဖြစ်တာနဲ့ စိတ်ပူ ပင်သောက များတာစတာတွေ ဖြစ်တတ် ပါတယ်။ ရုတ်တရက် သတိလစ်သေဆုံးစေ နိုင်တဲ့အထိ ဖြစ်တဲ့ ဓာတ်မတည့်မှုမျိုးဆို ရင် ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
သွေးလန့်ခြင်းအား ကုသမှုနှင့် ပြန်လည်ကောင်းမွန်နိုင်သော အခြေအနေ
သွေးလန့်ပြီး လဲကျသွားတဲ့ လူတစ် ဦးကို တွေ့တဲ့အခါ ချက်ချင်းကုသမှုပေး သင့်တဲ့ နည်းလမ်းကို ရေးသားလိုက်ပါ တယ်။
- လူနာကို ပက်လက်လှန်ပြီး လဲလျောင်း ခိုင်းပါ။ ခြေထောက်တွေကို အနည်းငယ် (၂၅စင်တီမီတာခန့်) မြှင့်ထားပြီး သွေးဖိ အားပြန်ကောင်းအောင် လုပ်ဆောင်ပါ။ ဒီအနေအထားမှာ လူနာက အသက်ရှူရ ခက်နေရင် ထိုင်နေတာက ပိုကောင်းပါ တယ်။
- သွေးထွက်တဲ့နေရာကို တိုက်ရိုက်ဖိ ပေးတဲ့နည်းနဲ့ သွေးတိတ်အောင် လုပ်ပါ။ (တကယ်လို့ သွေးထွက်တာက ၁၀-၁၅ မိနစ်ကျော်ကြာတဲ့အထိ မတိတ်ရင် အန္တ ရာယ်ရှိပါတယ်။)
- တင်းကျပ်နေတဲ့ အဝတ်အစားတွေကို ဖြေလျှော့ပေးပါ။
- စောင်ခြုံပေးပြီး လူနာကို နွေးထွေး နေအောင် ထားပါ။ - လူနာကို အစာကျွေးတာ၊ အရည် တိုက်တာတွေ မလုပ်ပါနဲ့။ ပျို့အန်နိုင်ခြေ ရှိလို့ပါ။
- အမြန်ဆုံး လူနာတင်ယာဉ်ခေါ်ပါ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်