www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အိပ်နေစဉ် ကန်တတ်သူများ

အချို့ လူတွေဟာ ညဘက်အိပ် ပျော်နေစဉ် အတူအိပ်တဲ့ သူကို ခြေထောက်နှင့် ကန်ခြင်း၊ တံတောင်ဖြင့် တွက်ခြင်းတို့ ပြုလုပ် တတ်ကြပါတယ်။ ညဘက် အိပ်ပျော် နေစဉ် အိမ်မက်မက် ရင်းယောင်ယမ်းခြင်း မဖြစ်အောင် ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ကြွက်သား အများစုကို အနားပေး ထားရပါတယ်။
ကျွန်ုပ်တို့ဒဏ်ရာမရစေရန် မိမိကိုယ်ကို ကာကွယ် တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အချို့လူတွေ မှာ အဲဒီကာကွယ်မှု လုပ်ငန်းကို မဆောင်ရွက်နိုင်ကြပါဘူး။ ဒါ့ကြောင့် အချို့လူတွေဟာ ညဘက်အိပ်ပျော် နေစဉ်တစ် လျှောက်လုံး ခြေထောက် ဖြင့်ကန်ခြင်း၊ တံတောင်ဖြင့် တွက်ခြင်းတို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
Periodic Leg Movement ဖြစ်စဉ် လို့ခေါ်ပါတယ်။ အသက် ၆၅ နှစ်နှင့် အထက် လူများတွင် ဖြစ်လေ့ရှိပါ တယ်။ တစ်ခါတစ်ရံမှာ လည်း စိတ်ဓာတ်ကျ ရောဂါဆေး၊ စိတ်ငြိမ်ဆေး၊ Antihistamine စသည့် ဆေးဝါးများ သောက်သုံး နေရသူများနှင့် သံဓာတ်ချို့တဲ့သူ များမှာ အထက်ပါ အခြေအနေ ဖြစ်ပွားလေ့ ရှိကြပါတယ်။ တတ်ကျွမ်း တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အထက်ပါ အခြေအနေကို ကုသ ပေးနိုင် ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်