တနေ. ...ညဖက် ၁ဝ နာရီဝန်းကျင်လောက် မြို.ထဲကနေပြန်လာတော့
ကိုယ့်ဆင်းရမယ့် ကားမှတ်တိုင်ရောက်လို့ လိုင်းကားပေါ်ကဆင်းပြီး
အောက်ရောက်တုန်းပဲရှိသေးတယ်။
ခေါ်သံကြားလို့ လှည့်အကြည့် ငယ်သူငယ်ချင်းဖြစ်တဲ့ ' ရဲနိုင် 'က လှမ်းခေါ်နေလို့ သွားတဲ့အခါ ဒီကောင်နားရောက်တော့
" နေသစ် " မင်း သတင်းကြားပြီပြီးလား????
"ဘာသတင်းလဲ မင်းကြီးတော်လင်နောက်လိုက်တဲ့ ကိစ္စလား??? အဲဒါဆိုရင်တော့ စိတ်မဝင်စားဘူးနော်"
" ဟေကောင် နေသစ် တကယ်ဖြစ်နေလို. ပြောမှာ"
"ဒီမှာ အခု လူသတ်မှုဖြစ်လို., ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်တော့ အံသြသွားပြီး ဘာလဲ မင်း င့ါကို နောက်နေတာလား??"
"ဟာ...မင်းကလဲ..၊ ငါ မနောက်ပါဘူးကွ တကယ်ဟုတ်နေလို. ပြောတာဟ , မင်း ကအခုမှမြို.ထဲကပြန်လားလို ဘာမှမသိရတာ အခု ရပ်ကွက်တခုလုံးနမည်ကြီးနေတာဟ သွားကြည့်တဲ့လူတွေရှိတယ်"
"ခဏနေအုံး ရဲနိုင် ဖြစ်တာဘယ်မှာလဲ????"
"ဟိုဘက် ရပ်ကွက် မှာ အခု အဲဒါ ငါ သွားကြည့်မလို. , မင်း လိုက်အုံးမလား???"
အဲဒါနဲ စိတ်ဝင်စားတာနဲ အိမ်ကိုမပြန်တော့ပဲ တခါထဲ သူငယ်ချင်းနှစ်ယောင်သား သွားကြည့်တာ, ဟိုရောက်တော့ ရဲကားတွေ၊ မြို.နယ်မှူးတွေရောက်နေပြီး ဝိုင်းကြည့်တဲ့လူတွေကလည်း များလိုက်တာ သူငယ်ချင်းနှစ်ယောက်သား လူတွေကြားကတိုးဝှေ့ပြီး ကြည့်တာ.....
"သတ်ခံရတဲ့လူက လူငယ်ပဲဟ... "
လို့ ဘေးက လူကြီးတယောက်ပြောသံကြားလိုက်တယ်။ ခဏနေတော့ သိပ်လည်း မြင်လည်း မမြင်ရဖူး ပြန်လည်းပြန်ချင်ဖြစ်နေတာနဲ. ,
"ဟေ့ကောင် ရဲနိုင် ငါ ပြန်တော့မယ် ငါ ရေတောင်မချိုးရသေးဖူးဟ" လို့ ပြောတုန်းတန်းလန်း....
"ဟိုမှာ ...... ဟိုမှာ"
ဆိုပြီးတော့ လက်ညိုးထိုးရာကို ကြည့်လိုက်တော့ ဆန်အိတ်ထဲထည့်ထားတဲ့ လူသေလောင်းကို ထုတ်ပြီး ကားပေါ်တင်အခါကြမှာ သေချာမြင်ရတယ်။
" ဟေ့ကောင် ရဲနိုင် သေချာလည်းမြင်ပြီးပြီ ပြန်မယ် "
ဆိုပြီး ပြန်ထွက်လာတာ အိမ်ရောက်လို့ ရေမိုးချိုးပြီး ထမင်းစား သူငယ်ချင်းနှစ်ယောက်သား
ခုနက လူသေအလောင်းအကြာင်းကို ထိုင်ပြောနေတာ မနက် ( ၄ )နာရီတောင်ထိုးတယ်။နောက်နေ.ကြတော့ ပုံမှန် မနက်ပိုင်း မြို.ထဲသွား ညနေလောက် ပြန်လာလမ်းမှာသူငယ်ချင်းဖြစ်တဲ့ ရဲနိုင်ကိုတွေ.တာနဲ. ,
"ဟေ့ကောင် ' နေသစ် ' ငါတို့တော့ သွားပါပြီ "တဲ့
"ဘာဖြစ်တာလဲဟ မင်းကလည်း"
" အေး မနေ.ညက လူသတ်မူလေကွာ အဲဒါက သတ်ခံရတဲ့ လူက
နိုင်ငံခြားကနေ ပို.လိုက်တဲ့ ပိုက်ဆံကို အိမ်တိုင်ယာရောက် လိုက်ပို.တဲ့ ကောင်လေးကွ"
"ဟေကောင် ရဲနိုင် ငါ့တိုနဲ. ဘာဆိုင်လို့လဲကွ ရဲတွေ သူတိုဘာသာတို.လုပ်လိမ့်မယ်"
"အေး မင်းက ဘာမှကိုမသိတာ အခုက မင်းတို သုံးအိမ်ကျော်လောက်က အိမ်ကို ရဲတွေက မသင်္ကာလို. စစ်နေတာ,ဘာဖြစ်လိုလဲဆိုတော့ ပိုက်ဆံလိုက်ပို.တဲ့စာရင်းက အဲအိမ်မှာ နောက်ပိတ်ဆုံးဖြစ်နေလို.တဲ့။ ဆက်ပြီး ပို.ရမယ့် အိမ်တွေမှာ မရောက်ဖူး။ အဲဒါကြောင့် ကြားထဲမှာ ကွင်းစပြတ်နေတာဟ အဲအိမ်က မသင်္ကာစရာအကောင်းဆုံးအခြေအနေရှိနေတာ ။"
" အဲဒါဆိုရင် ငါ အိမ်ကိုမြန်မြန်ပြန်မှ ဖြစ်မယ်။ ဘာဖြစ်လိုလဲဆိုတော့ မနက်က မြို.ထဲသွားခံနီးတောင် အဲအိမ်က အန်တီ(........) တွေ.လိုတောင် စကားတောင်ရပ်ပြောသေးတာ
အဲဒါဆိုတော့ အဲ အန်တီအိမ်ဖြစ်ဖို.များတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူယောက်ျားက နိုင်ငံခြားမှာလေ။ သူ့မှာတောင် သားတယောက်/သမီးတယောက် ရှိတယ်လေ။ သားကလည်း မကြားသေးခင်မှ သူ့အဖေနောက်ကိုလိုက်သွားတာ...သိပ်တောင်မကြားသေးဘူးလို့" တယောက်ထဲ စဉ်းစားပြီး အိမ်ရှေ့ရောက်တာတောင် သတိမထားမိလိုက်ဘူး...။
မနက်ဖြန် ဘယ်မှသွားစရာမရှိတာနဲ. သူငယ်ချင်းရဲနိုင်ကိုခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်နေတာ ဆိုင်ပိတ်တဲ့အထိပဲ။ စကားက မပြတ်တာနဲ. အိမ်မှာထပ်ပြောနေတာ...နောက်ပိတ်ဆုံး အိမ်ကလူကြီးတွေက အိပ်ခိုင်းတော့မှ အိပ်တာ ...။ မနက်ဖြန်ဘယ်မှ သွားစရာမရှိတာနဲ. အိပ်ကောင်းကောင်းအိပ်နေတာ မနက် ၁၀ နာရီလောက်
အိပ်ယာကနေနိုးလာပြီး လမ်းပေါ်ကိုအမှတ်မထင်ကြည့်လိုက်တော့ လူတွေကအများကြီး ဟိုဘက်သွားလိုက် ဒီဘက်တွေသွားလိုက် ဘာဖြစ်တာလဲ စဉ်းစားနေတဲ့အချိန်
ရဲနိုင်အိမ်ထဲဝင်လာတာနဲ. အိပ်ယာထဲမှာရှိတဲ့ ကျွန်တော့်ကို...
"ဟေကောင် နေသစ် မထသေးဖူးလားကွာ ,မင်းကို ငါ့ ညထဲက ပြောတဲ့အတိုင်း ဟုတ်နေပြီးဟ အဲအိမ်ပဲတဲ့ အခု ရဲတွေအများကြီးနဲ.(.......)ကို စစ်ဆေးဖို.ပြီး ခေါ်သွားပြီ..။"
သြော်...အဲဒါကြောင့် လူတွေလမ်းထဲမှာ အများကြီးကို....(နောက်မှသိရတာကတော့ ရဲတွေက စစဖြစ်ချင်း နောက်နေ.မှာပဲ သိနေတာအဲအိမ်ကိုစောင့်ကြည့်နေရင် နောက်ထပ် ဘယ်သူတွေပါသေးလဲဆိုပြီးစောင့်ကြည့်နေတာ)။
အဲလိုဒီဖြစ်ပျက်နေတုန်း ရဲတွေက အိမ်ကိုချိပ်ပိတ်ထားပေမယ့် အဲအိမ်မှာ ပစ္စည်းတွေအများကြီးကို သူများခိုးမှာစိုးလို. အိမ်ကိုအစောင့်ထားဖို.ရပ်ကွက်ထဲမှာ သူများတွေမလုပ်နိုင်တဲ့ မွန်မြတ်တဲ့ (လူသေလောင်းကိုရေချိုပေးတာ) အလုပ်ကိုလုပ်တဲ့ အဘဦး(......)ကိုစောင့်စေတယ် ။
ဒီလိုနဲ. ညနေပိုင်းတွေမှာ အဘဦး(....)နဲသူငယ်ချင်းနှစ်ယောက်သား ထိုင်စကားပြောဖြစ်တယ် ။အဲဒါနဲ့
"အဘ အဲအိမ်မှာနေတော့ ဘာမှမဖြစ်ဖူးလား????"လို့မေးတော့.....
"ဖြစ်တော့ဖြစ်တာပေါ့။ ဒါပေမယ့် သူလည်း သူ့ဘာသာနေ ကိုယ်လည်း ကိုယ့်ဘာသာနေပေါ့ ။" တဲ့..။
"ဒါဆိုရင် အဘ သားတို. ညပိုင်းကျရင် အဘနဲ. လာနေမယ့်လို. ပြောလိုက်မိတယ်" အဘကလည်း....
" လာချင်ရင်လာပေါ့ ငါ့တယောက်ထဲပျင်းနေတာကွ ..။" လို့ ပြန်ပြောလိုက်တယ်။
ည ၁၀နာရီခွဲလောက်ကြတော့ သူငယ်ချင်းရဲနိုင်က အိမ်ကိုရောက်လာတာနဲ သူငယ်ချင်းနှစ်ယောက်သား အဲအိမ်ကိုသွားတယ်။ (သိပ်မဝေးပါ သုံးအိမ်ကျော်လေးတင်ပါ)။
"အဘ အဘ!!!"
လို့ခေါ်ပြီး အိမ်ပေါ်တက်တဲ့အချိန် လှေကားနှစ်ထစ် သုံးထစ်လောက်ပဲရှိအုန်းမယ် .....သူငယ်ချင်းနှစ်ယောက်သား ရှေ့ဆက်မတက်တော့ပဲ တယောက်ကိုတယောက်ကြည့်ပြီး စိတ်ထဲမှာ ကြက်သီးတွေတဖြန်းဖြန်းဖြစ်နေပြီ။ အရင်လို သရဲခြောက်တဲ့ နာမည်ကြီးတဲ့ နေရာနဲ့မတူဘူးဆိုတာကို နှစ်ယောက်စလုံးသိလိုက်တယ် ....။ ရဲနိုင်က..........
"ဟေ့ကောင် နေသစ် လှည့်ပြန်ရင်ကောင်းမယ်နော်" လို့ပြောတော့ကျွန်တော်က ..............
"ဟာ.. မင်းကလည်း ဘာမှမဖြစ်ပါဖူးကွာ အပေါ်မှာ အဘလည်း ရှိတာပဲ။ မင်းက ဘာဖြစ်နေတာလဲ။ မင်းပဲ မကြောက်တတ်ဖူးဆို"
"အေး ငါ့လဲ မကြောက်တက်ဖူး ပြီးတော့ တကယ် ဟုတ်လား မဟုတ်ဖူးဆိုတာ သိချင်လို. လာတာပဲ အတူတူလာတဲ့ကိစ္စကို မင်းပြန်ချင်ရင် ပြန်လေး ငါတော့ ဆက်တက်မယ်။"
"မင်းကလည်း ငါ့က အဲလိုပြောတာမဟုတ်ပါဖူး အခုဟာက အရင်လို နာမည်ကြီးတဲ့နေရာတို. သရဲခြောက်တဲ့အပင်တို.လိုမဟုတ်ဖူးနော် သေတဲ့လူက အစိမ်းသေနော် လောလောလတ်လတ်ကိုဖြစ်တဲ့အရာနော်"
"အဲတော့ ဘာဖြစ်လဲ??? သေတဲ့လူက သေသွားပြီ ငါ့တိုကို ဘာလုပ်လို.ရမလဲ ... မင်းကလည်း ငါရှိနေတာပဲကွ ပြီးတော့အဘလည်းရှိတာပဲ လာစမ်းပါကွာ"
ဆိုပြီး ရဲနိုင်ကို အားပေးလိုက်ပြီး (တကယ်တော့ ကိုယ့်ကိုကိုယ် ထဲမှာ တမျိုးကြီးဖြစ်နေတယ်...)ရှေ့ဆက်တက်မလို.ရှိသေးတယ်။ ' မီး ' က ဖြတ်ခကနဲဆိုပြီ ပျက်သွားပြီး ,လမ်းမပေါ်ကခွေးအူသံတွေ ဆူညံစွာ ထွက်ပေါ်လာပါတယ်။(*မှတ်ချက်။ ။အဲအချိန်တုန်းက ရပ်ကွက်တွေထဲမှာ အလည့်ကြ မီးပေးစနစ်ပါ မနက် ၁၁ နာရီ/ ည ၁၁ နာရီ ပါ *)
သူငယ်ချင်းနှစ်ယောက်သာရှေ့ဆက်ရမလို.လို. နောက်လှည့်ပဲပြန်ရတော့မလိုလို. ဖြစ်နေတုန်း....တံခါးပေါက်က' တကျီးကျီး ' ဆိုပြီးပွင့်သွားပြီး တံခါးပေါက်ကနေ လက် တဖက်ကထွက်လာကို မြင်လိုက်ရတော့ .....
သူငယ်ချင်းနှစ်ယောက်သား စိတ်တွေခြောက်ခြားမူတွေဖြစ်ပြီး ကျောက်ရုပ်အတိုင်း ကြောင်တောင်တောင်နဲ. ဘာဖြစ်မလဲ ဆက်ကြည့်တုန်း ဆက်ကနဲ.ဆိုပြီး တံခါးပေါက်က ' ဝုန်း ' ကနဲ.ဆိုပွင့်သွားပြီး အထဲက
အဖြူရောင်အကျီဝတ် ဆံပင်ကမရှိတရှိ လက်ထဲမှာ ဖယောင်တိုင်းကိုင်ထားတဲ့ အဘ (....)ထွက်လာပြီး ...
"တူလေးတို လာလေ အောက်မှာအသံကြားလို. တူလေးတို.ရောက်နေပြီးထင်လို.ထွက်ကြည့်တာ"ဆိုတော့မှ
သူငယ်ချင်းနှစ်ယောက်သား သတိပြန်ဝင်လာပြီး ,
"ဟုတ်ကဲ့ ဟုတ်ကဲ့ အဘ"
လို. ပြောပြီး အပေါ်ကိုတက်သွားပြီ , အိမ်ပေါ်ရောက်တာနဲ. တခါမှ မခံစားဖူးတဲ့ စိတ်တွေ ခြောက်ခြားနေတယ်.။
စိတ်ထဲမှာ မယုံကြည်လို.သာ လာသာ လာခဲ့ရတာ တကယ်တမ်း ကိုယ့်ကိုကိုယ်တိုင် လန်.နေတယ်။
အဘ က....
"တူလေးတိုနေကြအုံးနော် အဘ ဘုရားခန်း မီးပူဇော်မယ် " ဆိုပြီးထွက်သွားတဲ့အခါ
နှစ်ယောက်သား ဧည့်ခန်းထဲမှာ ဟိုကြည့်ဒီကြည့်လိုက်နဲ...ခဏကြာတော့ အဘက ပြန်ထွက်လာပြီး....ရေနွေးကြမ်းနဲ့လက်ဖက် ယူလာပေးပြီး
"တူလေးတို့ စားကြ" ဆိုပြီး
အဘကထိုင်ခုံမှာထိုင်ပြီးတာနဲ.ကျွန်တော်တို.နဲစကားထိုင်ပြောနေမိတယ်။ စကားပြောနေရင်း... ကျွန်တော်က
"အဘ!! သေသွားတဲ့အခန်းကို ကြည့်လို.ရလားလို့ "
မေးတော့ ...... အဘက
"ရတာပေါ့ "လို့ပြောပြီး ဖယောင်တိုင်းမီးလေးထွန်းပြီး ဧည့်ခန်းနဲ.ကပ်လျက်နဲ.နောက်က ဒုတိက အခန်းကိုလိုက်ပြတယ်။ အခန်းရှေ့ရောက်တော့ အဘက
"တူလေး ခဏနေအုံးနော် ဘုရားခန်းမှာ အဘ ဖယောင်တိုင်း သွားယူလိုက်မယ်"ဆိုပြီး ထွက်သွားတယ်။
"ဟုတ်ကဲ့ အဘ "
ဆိုပြီး သူငယ်ချင်းနှစ်ယောက်သား အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်တာနဲ. စစမြင်လိုက်ရတဲ့မြင်ကွင်းက သိမ်းဆည်းမယ့်လူကမရှိ တခန်းလုံးကိုပေပွနေတာ တွေ.လိုက်ရတယ်။ နောက်ပြီးတော့ အခန်းခြေရင်းက ပြတင်းပေါက်ကနေ လရောင်လေး ထိုးကျနေတာကိုတွေ.လိုက်ရပြီးနောက် ဟိုကြည့်ဒီကြည့်လုပ်နေရင်း ကုတင်အောက်ကနေ အကျီတစ်ထည်က လေမတိုက်ပဲ ရွေလျားနေတာကိုတွေ.လိုက်တော့ ဘာပြောကောင်းမလဲ...။ နှစ်ယောက်သား လိပ်ပြာလွင့်မတတ်ကြောက်သွားပြီး အခန်းကနေ မြန်မြန်ထွက်
လာခဲ့ရတယ်။ ခဏနေတော့ အဘ ဘုရားခန်းက ပြန်ထွက်လာတာတွေ.တော့ အဘကိုအကျိုးအကြောင်းပြောပြလိုက်တော့ အဘက......
"ငါသွားကြည့်မယ်"
ဆိုပြီး အခန်းကို ပြန်သွားကြတယ်။ အဘက
" ခုဏက လှုပ်တဲ့ နေရာက ဘယ်နေရာလဲ ???"ဆိုတော့
ကုတင်အောက်မှာဆိုတော့ အဘက ကုတင်အောက် အကျီကိုဖယ်လိုက်တော့ ကြောင်ကြီးကိုတွေ.လိုက်ရတာပဲ။ အဲတော့မှ သူငယ်ချင်းနှစ်ယောက်သား နည်းနည်း အကြောက်ပြေသွားတယ် ...။ :D
သည့်နောက် ဧည်ခန်းထဲသို့ ပြန်ဝင်ရင်း သူငယ်ချင်းဖြစ်သူရဲနိုင်က ပြန်မယ့်ဆိုပြီးပြောတော့ ကျွန်တော်က မပြန်ချင်သေးဖူး အိမ်နဲ.ကလည်း သိပ်မဝေးတာကြောင့် ရဲနိုင်ကို ပြန်ခိုင်းပြီ ကျွန်တော် နေခဲ့တယ်။
ဒါနဲ အဘက
"တူလေးက ပြန်မလိုက်ဖူးလား၊ ဒီမှာ အိပ်မလို.လား ၊ တူလေး အိမ်ကဆူနေမယ့်နော်??? "ဆိုတော့....ကျွန်တော်က
"ရပါတယ် အဘ ဘာမှမဖြစ်ဘူး.. "ဆိုပြီး
ဒီမှာ အိပ်မယ်လို. ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ.
အဘနဲ့ ကျွန်တော် စကားတွေဖောင်ဖွဲ.နေတာ ည ၁၂ နာရီထိုးလို. ရပ်ကွက် ကင်းတဲက သံချောင်းခေါက်ချိန်ကြားမှ အဘကအိပ်မယ်ဆိုပြီး ကျွန်တော့် အတွက်ခေါင်းအုံးတွေ စောင်တွေယူလာပေးပြီး အဘက သူအိပ်တဲ့
အခန်းထဲပြန်ဝင်သွားတယ်။ ကျွန်တော်လည်း ဧည့်ခန်းမှာပဲ အိပ်မယ်ဆိုပြီး ကြမ်းပြင်မှာ အိပ်ယာကို ပြင်လိုက်လေသည်။ သည့်နောက် မတော့ အိပ်ချင်နေတာနဲ စောင်ခြုံရင်း ကွေးလိုက်မိ ပါတော့သည်။
ရာသီဥတု အေးအေးမှာ မှေးကနဲ အိပ်ပျော် သွားသော ကျွန်တော်သည် အသံ တသံကြောင့် နိုးလာမိလေသည်။ ဒါနဲ. ဘာသံလဲဆိုပြီး အိပ်ယာကနေ မထပဲ စောင်ကြားထဲကနေ ကြည့်မိတော့ မီးကလဲမှောင်
ဘာမှမမြင်ရဖူး။ အိမ်ရှေ့ ပြတင်းပေါက်က လရောင် မရှိတရှိလေး ထိုးကျတာပဲမြင်နေရတယ်။ သည်နောက် ဘာသံမှ ထပ်မကြားတာနဲ. ပြန်အိပ်တော့ မှေးကနဲ. ရှိသေးတယ်။ နောက်ထပ်ခြေသံတွေက
တဖြတ်ဖြတ်ကို အသေအချာ ကြားနေရ လေသည်။ ပိုဆိုးလာသည်က.. ခြေသံအပြင် နောက်ထပ် စကားပြောသံတွေကော၊ သေသွားတဲ့ အခန်းကနေ ထွက်ပေါ်လာနေခြင်းကို သေသေချာချာကြားလိုက်ရတော့
ဘ၀မှာ ပထမဆုံး အကြိမ် ကျွန်တော် တကိုယ်လုံး အေးခဲသွားသည်ကိုခံစားလိုက်ရလေသည်။ ကျွန်တော့် ဘာသာ စဉ်းစားမိလိုက်သည်က မယုံကြည့်တဲ့ ငါ့ကို ခြောက်နေတာလား၊ ဒါမှ မဟုတ် ငါ့ပဲ စိတ်တွေခြောက်ခြားနေတာလား ဘာဖြစ်လို. အဘခန်းထဲကကော ဘာမှမဖြစ်ရတာလဲ စဉ်းစားနေရင်း ခြေသံတွေက ကျွန်တော် အနီးအနားကိုရောက်လာသလို ခံစားနေရတော့ ခြုံထားတဲ့ စောင်ကို
ထပ်ပြီးတော့ ကွေးနေအောင် ပိုလုပ်ပြီး ငြိမ်ငြိမ်နေလိုက်တယ်။ ပြီးတော့ ကြောက်ကလဲကြောက် ဘာလုပ်ရမှန်းမသိ ဖြစ်ချင်တာဖြစ်ဆိုပြီး ကိုယ့်နဲအမြဲတမ်းဆောင်တဲ့ မီးခြစ်ကို ခြစ်ပြီး
အဘကို သွားနိုးပြီး အကြိုအကြောင်းပြောတော့ အဘက.....
"တူလေး ဘုရားတရားကိုပဲ စိတ်ထဲထားပါ ကျန်တာတွေ ဘာမှမစဉ်းစားနဲ. "
ဆိုပြီး အခန်းပြန်ဝင်သွားတယ်။ ကျွန်တော်လည်း အိပ်ယာပေါ်ပြန်လှဲနေတုန်းရှိသေးတယ်။နောက်ထပ် တဖြတ်ဖြတ် ခြေသံကို ဟိုအခန်းဆီမှ ပြန်ကြားနေရတော့ ကျွန်တော်လည်း စိတ်တွေခြောက်ခြားပြီး ပြန်အိပ်လို.ရကလည်း မရ။ ဒါနဲ့ လက်က ပတ်ထားသော နာရီကို ကြည့်မိတော့ မနက် ၃ နာရီ ထိုးတော့မည်။
ကျွန်တော်လဲ တွေဝေမိပြီး ဒါဟာ သရဲလား သရဲဆိုတာ တကယ် ရှိတာမှ မဟုတ်တာ သရဲ မယုံကြည့်တဲ့ ငါ့ကပဲ ကြားနေတာ။ကြိမ်းသေတာကတော့ ခြေသံတွေက တကယ့် ခြေသံစစ်စစ်ပဲ ပြေးလွားနေတဲ့ လူတယောက်ခြေသံလိုပဲ။
ကျွန်တော် အတွေးများ ရှုပ်ထွေးသွားနေပြီး သရဲ မယုံသောသူ သရဲနဲ့ တွေ့နေပြီလား ကျွန်တော် ဘာသာ ပြန်မေးနေမိလေသည်။ သည်လိုနှင့် ပြန်မအိပ်နိုင်တော့ပဲ မိုးလင်းခဲ့ရ လေတော့သည့်။ မနက်ကျတော့ သူငယ်ချင်းဖြစ်သူ ရဲနိုင်
က.......
"ဟေ့ကောင် နေသစ် ဘယ်လိုလဲ ယုံပြီလား?????
လို.မေးတော့ ကျွန်တော် ဘာမှပြန်မပြောနိုင်ပဲ တွေဝေနေမိပါတော့သည်။
[ထိုအဖြစ်အပျက်သည် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့ ကိုယ့်တွေ.အကြောင်းအရာလေးပါ ။ဒီစာကို ဖတ်ပြီး ယုံကြည်ပါလို့ ဘယ်သူ့မှကိုမပြောချင်ပါ ။
နေရာကတော့ (ဒဂုံမြို.သစ်အရှေ့ပိုင်းမြို.နယ် (၈) ရပ်ကွက် /သစ္စာလမ်း ) / နောက်ထပ်သိရတာကတော့ အခုအဲ အိမ်မှာ ဘာသာမတူတဲလူမျိုးတွေ နေထိုင်တယ့် ကြားရပါသည်။
အဘဦး(.......) ကတော့ မော်လမြိုင် ဘက်ကိုပြောင်းသွားပြီးလို့လည်း ကြားသိရပါတယ် ..။ဒီအရာတွေ ဘယ်က သိရတာလဲဆိုတော့ သူငယ်ချင်းဖြစ်သူ ရဲနိုင်ဆီကကြားရလိုပါ ။]
အားလုံးသော သူငယ်ချင်းများ စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းများနဲ.ပြည့်စုံနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ့်....။
by facebook page

0 comments:
Post a Comment