www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

စိတ်ဖိစီးမှု ကင်းစင်စေမည့် အကောင်းဆုံး သဘာဝအစာ

နေ့စဉ် ခံစားရနေတဲ့ စိတ်ဖိစီးမှုမှန်သမျှ ကင်းစင်စေဖို့ တစ်နေ့တာ စားသောက်တဲ့ အစာတွေထဲမှာ အောက်ပါသဘာဝ အစာလေးမျိုးကို ထည့် သွင်းစားသင့်ပါတယ်။
(၁) ငါး
စိတ်ဖိစီးမှု လျော့ကျစေဖို့ သင်စားတဲ့ အစာထဲမှာ အိုမီဂါ ၃ ဖက်တီးအက် စစ် ပါဝင်အောင် ထည့်စားသင့်ပါတယ်။ ဒီမရှိ မဖြစ်အဆီဟာ စိတ်ဖိစီး မှုဖြစ်စေတဲ့ ဟော် မုန်းကို လျော့ကျစေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ငါး အဆီဖြည့်စွက်ဆေးကိုလည်း မှီဝဲပေးနိုင် ပါတယ်။ သဘာဝအစာကနေ အိုမီဂါ၃ ဖက်တီးအက်စစ်ရရှိစေဖို့ တစ်ပတ်မှာ အနည်း ဆုံးနှစ်ကြိမ်ခန့် အဆီပါတဲ့ ငါးသုံးအောင်စ ဒါမှမဟုတ် သစ်ကြားသီး လက် တစ်ဆုပ် စာပမာဏကို စားပေးသင့်ပါတယ်။
(၂) အမည်းရောင် ချောကလက်
အမည်းရောင်ချောကလက်မှာ စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အာနိသင်အပြင် လျှာရဲ့ အရသာခံအာရုံကို ကျေနပ်မှုရ ရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါ တယ်။ ကြီးမားတဲ့ ဂျာမန်လေ့လာမှုတစ် ရပ်အရ အမည်းရောင်ချော ကလက်ကို ၁၀နှစ်ကြာ စားခဲ့သူတွေဟာ အနည်းဆုံး စားသူတွေ ထက်သွေး ဖိအားလျော့ကျ တာကိုတွေ့ရပါတယ်။ တခြားလေ့လာ မှုတစ်ရပ် အရ အမည်းရောင် ချောက လက်စားသူတွေမှာ စိတ်ဖိစီးမှုဟော်မုန်း လျော့ကျတာကို တွေ့ရပါတယ်။ အမည်း ရောင်ချောကလက်မှာ အဆီ၊ သကြားနဲ့ ကယ်လို ရီပါဝင်မှု ရှိတာကြောင့် တစ်နေ့ မှာ လေးထောင့်တစ်ကွက်စာပမာဏကို ပဲ စားသင့်ပါတယ်။
(၃) လက်ဖက်ရည်ကြမ်း
လန်ဒန်မှ လေ့လာမှုအရ လက်ဖက် ရည်ကြမ်းသောက်တာကြောင့် နာ့ဗ်ကြော တွေ ထိခိုက်မှုမှ အမြန်ဆုံး သက်သာစေ ကြောင်း သိရပါတယ်။ တစ်နေ့မှာ လက် ဖက်ရည်ကြမ်းလေးခွက်ကို သီတင်းပတ် ခြောက်ပတ်ကြာ သောက်သူတွေဟာ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းကော် တီဆောအဆင့် လျော့ကျပြီး စိတ်အပန်း ပြေကျေနပ်မှု ရှိတာကို တွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အာနိသင်ရှိတာကြောင့် တစ်နေ့လုံးလန်းဆန်း တက်ကြွမှုကို ရရှိစေ ကြောင်း တခြားလေ့လာမှုတွေက ဆိုပါ တယ်။
(၄)ထောပတ်သီး
ထောပတ်သီးမှာ စိတ်ဖိစီးမှုကို တွန်း လှန်ပေးနိုင်တဲ့ ပိုတက်စီယမ်နဲ့ မပြည့်ဝဆီ (Monounsaturated Fatty Acid) အများအပြား ပါဝင်နေပါတယ်။ ဒီအာ ဟာရဓာတ်နှစ်မျိုးစလုံးဟာ သွေးဖိအား ကို လျော့ကျစေပြီး MUFAs ဟာ စိတ်ဓာတ်ကျတာကို ကင်းဝေးစေပါတယ်။ ၁၁နှစ်ကြာ လေ့လာမှုတစ်ရပ်အရ MUFAs ကိုများများစားလေလေ၊ စိတ်ဓာတ်ကျ နိုင်ခြေ လျော့နည်းလေလေဖြစ်တာကိုတွေ့ရပါတယ်။ ဦးနှောက်က စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်ကို စုပ်ယူရာ မှာ ဒီ MUFAs အဆီက ကူညီနိုင်တာ ကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.