www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဥယျာဉ်မှူး

ဥယျာဉ်တခုလုံးမှာမှ
ရင်ခွင်ထဲထည့်ကာ
ရူးသွပ်စွာတပ်မက်
မရိုက်နမ်း ရက်ခဲ့တဲ့
ပန်းလေးတပွင့်ကလည်း
အစွမ်းကုန် လှလွန်း
နေခဲ့ပြီ။
ပိုင်ရှင် ရောက်လာ
ခူးဆွတ်မှာလည်း
မကြည့်ရက် နိင်သလို၊
ပိုင်ရှင် မသိအောင်
ခူးဆွတ်ရအောင်လည်း
ကိုယ်နဲ.မထိုက်တန်ခဲ့။
တနေ.နေ.မှာ
ရောက်ရှိလာမဲ့
ပိုင်ရှင်အတွက်
မင်းရဲ့ ဝေဆာလွန်းတဲ့
အလှတွေကို
ငေးကြည့်ရုံပဲ
တတ်နိုင်ခွင့်ရှိတဲ့
ှုဥယျာဉ်မှူးမျက်လုံးက
မျက်ရည်တွေက
ကြည်နူးမှုလား
ကြေကွဲမှုလား။
မြတ်နိုးစွာ ဆွတ်ယူနေတဲ့
ပိုင်ရှင်နဲ.
ကြည်နူးနေစွာ ၀ံကြွားနေတဲ့
ပန်းကလေးရဲ့ ကြားက
တိုးတိတ်လွန်းတဲ. အသံ
ဒါ နုလုံးသားကွဲကြေသံမှန်း
ဥယျာဉ်မှူးကလွှဲလို.
ဘယ်သူ သိနိုင်
စာနာနိုင်မှလဲကွယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်