www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကလေး ကျန်းမာရေးပြဿနာ အဖြေရှာ

ကလေးက အမြဲလိုလို ဗိုက်ဆာနေရင်
ဒါမျိုးကဖြစ်တတ် တဲ့ အခြေအနေပါပဲ။ ကလေးအများစုက အစားအစာနဲ့ ပတ်သက်ပြီးငြင်းဆန်တာနဲ့ အစားအသောက်တွေကို မရပ်မနား စားချင်စိတ်ဖြစ်ပေါ်နေ တာမျိုး ဖြစ် တတ်ပါတယ်။ ကလေးက ကိုယ်အလေး ချိန်ပုံ မှန်ထက် ပိုမများဘူးဆိုရင် ကလေးဗိုက်ဆာတဲ့ အခါတိုင်း ကယ်လိုရီ နည်း တဲ့ သရေ စာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အပူပေးချက်ပြုတ် ထားတဲ့ ဟင်းသီး ဟင်းရွက်တွေနဲ့ သစ်သီးတွေကိုကျွေးသင့်ပါတယ်။ ကလေးတွေက အစားအသောက်တွေ နဲ့ ပတ်သက်ရင် အရောင် အ ဆင်းလှပတာကို သဘော ကျတတ်ကြပါတယ်။ ကလေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို အရောင်အဆင်း လှပအောင်ပြင် ဆင် ပြီး ကျွေးသင့်ပါတယ်။ ကလေးကို အစာမစားခင်မှာရေအနည်းငယ်တိုက်ပါ။ ဒါဆိုရင် သူ့ကို လိုတာထက် ပိုမစားဖြစ်စေတာကြောင့် ကိုယ်အလေး ချိန်မြင့် တက် လာမှာကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။
ကလေးက ခံတွင်းနံ့နံနေရင်
ကလေးတွေက သွားတွေ ပေါက်ပြီး အစားအသောက်အစုံ စားတတ်တဲ့ အရွယ်မှာ သွားနဲ့ ခံတွင်းကို ထိန်းသိမ်းမှု မကောင်းတာကြောင့် ခံတွင်းနံ့နံတတ် ပါ တယ်။ လေ့လာမှုအရ ကလေးငယ် ၂၃ ရာခိုင်နှုန်းဟာ ခံတွင်းအနံ့ဆိုး ထွက်တတ် တယ်လို့ သိရပါတယ်။ ကလေးတွေမှာ လူကြီးတွေမှာလိုပဲ လျှာကို သန့်စင်မှု မပြုတာ၊ သွားဖုံးရောင်ရမ်းတာ၊ သွားပိုးစား တာစတဲ့ သွားနဲ့ ခံတွင်း ဆိုင်ရာဝေဒနာတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘက်တီး ရီးယားတွေရဲ့ ချေဖျက်မှုကြောင့် ဆာလဖာဒြပ်ပေါင်း တွေထွက်ကာ အနံ့ဆိုး ထွက်ရတာဖြစ်ပါတယ်။ သင့်တော်တဲ့ သွားနဲ့ ခံတွင်းသန့်စင် ထိန်းသိမ်းမှုကြောင့် ပါးစပ်ထဲရှိ ပရိုတင်း သွားတိုက်ခိုင်းပါ။ သွားတိုက်တံထဲမှာ ဖလိုရိုက် ပါတဲ့ သွားတိုက်ဆေးကိုပဲစေ့ ဝက်လောက် ထည့်ပြီး သွားတိုက်ပေးပါ။ လျှာကိုပါ တိုက်ဖို့ အရေးကြီးပါတယ်။ ခံတွင်းထဲနဲ့ လည်ချောင်းထဲမှာ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့် ခံတွင်းနံ့ဆိုးထွက်တတ်ပါတယ်။ ကလေးတွေ မှာ နှာခေါင်း ထဲပြင်ပပစ္စည်း ဝင်တာ ၊ နှာခေါင်းမြှေးရောင် ရမ်းတာနဲ့ ဓာတ်မတည့်မှုဖြစ်တာတွေ ကြောင့် ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ သွားပိုးစားတာနဲ့ အာခြောက်တာ တွေကြောင့်လည်း ခံတွင်းအနံ့ဆိုးထွက် တတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုး ထွက်တာအပြင် တခြားသွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် သွားဆရာဝန်ထံ ခြောက်လ တစ်ကြိမ် သွားပြပါ။
ကလေးက မကြာခဏ နှာခေါင်း သွေးလျှံနေရင်
ကလေးအများစုဟာ နှာခေါင်း သွေးထွက်တတ်ပါတယ်။ ကလေးတွေက နှာခေါင်းထဲကို လက်နဲ့ နှိုက်တာကြောင့် နှာခေါင်းသွေး ထွက်တတ် သလို နှာချေ တာ၊ နှာခေါင်းကို ပွတ်တာတွေ ကြောင့်လည်း သွေးထွက်တတ်ပါတယ်။ မကြာခဏ နှာခေါင်းသွေး ထွက်ပြီး သွေး မတိတ်ရင် သွေးနဲ့ သက်ဆိုင် တဲ့ ဝေဒနာ ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါက ရှားရှားပါးပါးဖြစ်ရပ်မျိုးပါ။သွေးထွက်ခြင်းဆိုင်ရာပြဿနာ သာဖြစ်ခဲ့ရင် အရေပြားရှတာနဲ့ သွေးထွက် လွယ် တာမျိုး၊ သွားဖုံးကနေ အလွယ်တကူသွေးထွက် တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေမှာ မကြာခဏနှာခေါင်းသွေး လျှံနေ ရင် တော့နား၊ နှာခေါင်း၊ လည်ချောင်းအ ထူးကုဆရာ ဝန်နဲ့ ပြ သဖို့ လိုအပ်ပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်