www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကိုယ်အလေးချိန် တိုးဖို့ လိုအပ်နေ သလား

ကိုယ်အလေးချိန် လျော့နည်းခြင်း ဆိုသည်မှာ
လေ့လာမှုတွေ အရ လူတွေ မှာ ကိုယ်အလေးချိန်က ပုံမှန်အတိုင်းအတာအ တွင်းရှိနေရင် အသက်ရှည် ရှည် နေရနိုင်ပြီး အကောင်းဆုံးကျန်းမာရေးကို ရရှိစေတယ်လို့ သိရပါတယ်။ ကိုယ်အလေး ချိန်လျော့နည်းပါက ကျန်းမာရေး၏ အန္တရာယ်ရှိနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်ပုံ မှန်အောက် လျော့နည်း ပြီး ပိန်နေ သလားဆိုတာကို ဆန်းစစ်နိုင်ဖို့ ခန္ဓာ ကိုယ်ထုထည်အညွှန်းကိန်း (BMI) ကို တိုင်းတာပြီး စစ်ဆေးရပါမယ်။
ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ BMI က ၁၈ ဒသမ ၅ အောက်ဆိုရင် ကိုယ် အလေးချိန်နည်းတယ်လို့ သတ်မှတ်ထား ပါတယ်။
ကိုယ်အလေးချိန် လျော့နည်းပါက ဘာဖြစ်တတ်သလဲ
လူအများစုအတွက် ကိုယ်အလေး ချိန်လျော့နည်းပါက အရိုးတွေ သန်စွမ်း မှု လျော့နည်းနေတတ်ပါတယ်။ နောက် တစ်ချက်အနေနဲ့ နာမကျန်းဖြစ်လွယ်တာပါ။ ပိန်လွန်းတာဟာ အမျိုးသမီးတစ်ဦး ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိ ခိုက်စေနိုင်ပါ တယ်။
တကယ်လို့ ကိုယ်အလေးချိန်လျော့ နည်းပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရရင် အခြေခံကျန်းမာရေးပြဿ နာတွေ ရှိ၊ မရှိ ဆရာဝန် နဲ့ ပြသ သင့်ပါ တယ်။ တချို့သူတွေမှာ ပိန်ပေမယ့် ဗိုက်အ ဆီတွေ ရှိပြီး ခါးတုတ်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် BMI တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ ခါး ကိုပါ တိုင်းကြည့်ဖို့လိုပါတယ်။ ခါးအတိုင်း အတာက အာရှလူမျိုးတွေမှာ အမျိုးသား တွေဆိုရင် ၃၆လက်မထက် မကျော်သင့် သလို အမျိုးသမီးတွေဆိုရင် ၃၁ လက်မထက် မကျော်သင့်ပါဘူး။ ကိုယ်အလေး ချိန်နည်းပေမယ့် ဗိုက်ပူခါးတုတ်နေရင်လည်း ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊သွေး တွင်း အဆီများ တာ ၊ကောင်းတဲ့ အဆီ (HDL) လျော့နည်းတာ၊ မကောင်းတဲ့ ထရိုင်ဂလစ်စရိုက် အဆီမြင့်တက်တာ စ တာတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။
တချို့လူတွေက ဘာကြောင့် ခန္ဓာကိုယ်သွယ်လျနေရတာလဲ
စွမ်းအင်မျှတမှုရှိတာကြောင့် ခန္ဓာ လိုတာက သူတို့ရဲ့ ကယ်လိုရီလိုအပ်ချက် နဲ့ ကိုက်ညီတဲ့ ပမာဏကိုပဲ စားလေ့ရှိတာ ကြောင့်ပါ။ နောက်တစ်ချက်က မျိုးရိုးဗီ ဇလိုက်တာပါ။ အစာစားချင်တဲ့ ဆန္ဒက ပုံမှန်အတိုင်း တစ်သမတ်တည်းရှိနေတာ နဲ့ သူတို့စားတဲ့ ပမာဏနဲ့ လှုပ်ရှားတဲ့အ တိုင်းအတာ ညီမျှမှုရှိတာတို့ကြောင့် ခန္ဓာ ကိုယ်သွယ်လျရတာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် မြင့်တက်အောင် ဘယ်လို လုပ်သင့်ပါသလဲ
လောင်ကျွမ်းတဲ့ ကယ်လိုရီထက် ပို မိုစားသုံးဖို့ လိုပါတယ်။ ဒါ့အပြင် ကြွက် သားထုထည်မြင့်တက်စေမယ့် လေ့ကျင့် ခန်းတွေကိုလည်း ပူးတွဲ လုပ်ဆောင်ပေး ရပါမယ်။ တစ်လမှာ နှစ် ဒသမ နှစ်ပေါင် (တစ်ကီလိုဂရမ်)လောက် မြင့်တက်လာ ဖို့ ရည်ရွယ်ချက်ထားပြီး ကြိုးစားသင့်ပါ တယ်။ ဒီလိုမြင့်တက်ဖို့အတွက် မျှတ တဲ့ အစာကို တစ်နေ့ 300kcal မှ 350kcal အထိ စားပေးဖို့ လိုပါတယ်။ သင်ရဲ့ အစာစားတဲ့ ပုံစံကို သိနိုင်အောင် ဒိုင်ယာရီတစ်ခု ထားရှိ ပြီး နှစ် ပတ်လောက် ရေးမှတ်ထားပါ။
အဲဒီဒိုင်ယာရီကို ကြည့်ပြီးမှ ကယ်လိုရီပိုရအောင် စားသင့် သလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ နံနက်စာအနေနဲ့ ခါတိုင်းစားနေကြ အစားအသောက် အပြင် ပေါင်မုန့်တစ် ချပ်၊ စပျစ်သီးဖျော်ရည်တစ်ခွက်၊ အာ လူး ဒါမှမဟုတ် ထမင်း ဒါမှမဟုတ် ခေါက် ဆွဲ တစ်ဇွန်းကို ပိုစားပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီကို လောင်ကျွမ်းစေပေမယ့် အရိုး တွေ သန်မာဖို့နဲ့ ကြွက်သားထုထည်အားကောင်း ဖို့အတွက် လေ့ကျင့်ခန်း လုပ်သင့်ပါ တယ်။ တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ အလွန်အမင်း လုပ်စရာမလိုပါ။ ဖြည်း ဖြည်းနဲ့ မှန်မှန် လုပ်ဆောင်ကာ အနား များများယူပေးဖို့ လိုပါ တယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်