www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နားမလည်နိုင်ပါ


နားမလည်နိုင်ပါ
ဒါပေမယ့် တွေ့ခဲ့ရတယ်
ငါ့ဘဝကို
ဒိုင်ခွက်ထဲမှာပဲ
လက်တံသေးသေးတွေက
စားပစ်လိုက်ကြတယ်။

နားမလည်နိုင်ပါ
ဒါပေမယ့် ကြားခဲ့ရတယ်
ငါအပါအဝင်လူတွေက
အကန့်အသတ်မရှိတဲ့အချိန်ကို
တိုတိုလေးဆိုပြီး
ညည်းကြတယ်။

နားမလည်နိုင်ပါ
ဒါပေမယ့် ကြုံခဲ့ဖူးတယ်
ရရှိခဲ့တဲ့ ၁၅၀၀ ထဲက
၅၂၈ ကိန်းဂဏန်းတစ်လုံးကို
အတ္တတစ်လုံးနဲ့
လုပ်ကြံအစားထိုးခံခဲ့ရတယ်။

နားမလည်နိုင်ပါ
ဒါပေမယ့် ယုံကြည်ခဲ့ဖူးတယ်
သကာလူးထားတဲ့
မုသားတွေကို
ခါးမှန်းသိမှာစိုးလို့
ရေနဲ့မျောပြီး
အလုံးလိုက်မျိုချခဲ့တယ်။

နားမလည်နိုင်ပါ
ဒါပေမယ့် အားထုတ်ခဲ့ဖူးတယ်
ငါမပိုင်တဲ့နင့်အတွက်
နင်နဲ့ဆိုင်တဲ့ကဗျာတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်
မရည်ရွယ်ပဲရေးခဲ့တယ်။

တစ်ခုတော့နားလည်ခဲ့တယ်
တိုတယ်လို့ထင်ခဲ့တဲ့
အလကားနေရင်းတိုက်စားခံခဲ့ရတဲ့
ငါ့ဘဝနဲ့အချိန်ကိုစတေးပစ်ပြီး
အင်္ဂါမစုံတဲ့
ကိန်းဂဏန်း ၁၅၀၀ ကို
ရေတွက်တာမျိုးက
ပင်ပန်းတတ်တယ်လို့။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်