www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဆေးရုံတက် နေရသူ အတွက် အစားအသောက် ပြင်ဆင်သော အခါ

သင့်မိသားစုဝင်တစ်ဦး၊ ခင်မင်ရတဲ့ မိတ်ဆွေတစ်ဦး ဆေးရုံ တက်ရတဲ့အခါ သူ အမြန်ဆုံးပြန်လည်နေကောင်း လာစေဖို့နဲ့ အာဟာရပြည့်ဝစွာ ကျန်းမာစေဖို့ အတွက် အစားအသောက်တွေပြင်ဆင်ပေးတဲ့အခါ သိထားသင့်တဲ့ အ ချက်တွေ ရှိပါတယ်။
အစားအသောက် မပြင်ဆင်ခင် ဆရာဝန်၊ သူနာပြုဆရာမတို့ကို အရင်မေးမြန်းပါ
ဆေးရုံတက်နေရတဲ့ လူနာက ကူးစက်ပိုးဝင်တာကြောင့် ကျန်းမာရေး ထိခိုက်နေတာလား ဒါမှမဟုတ် သီးသန့်အစားအသောက် (ဥပမာ- အူရောင် ငန်းဖျား တိုက် ဖွိုက်ရောဂါဖြစ်ရင် အဖတ်မပါတဲ့ အရည်)ကို စားဖို့ လိုတာလား ဆိုတာကို သိဖို့လိုပါတယ်။ တချို့အခြေအနေတွေမှာ တချို့အစား အ သောက်တွေထဲမှာပါတဲ့ ပုံမှန်ဘက် တီးရီးယားပိုးတွေ၊ အပိုအာဟာရ ဓာတ်တွေနဲ့ ဂလူတင်၊ ဓာတ်မတည့် မှုဖြစ်စေတဲ့ အရာတွေပါတဲ့ အစာ တွေက ကျန်းမာရေးအတွက် အန္တ ရာယ်ဖြစ်စေနိုင်ပါတယ်။
ပြင်ဆင်ရမည့် အစားအသောက်ကို သိပြီဆိုလျှင် အန္တရာယ် ကင်းအောင် ပြင်ဆင်ပါ
အစားအသောက် ပြင်ဆင် ရာမှာ ပိုးမွှားကင်းစင်ပြီး အန္တရာယ် လုံးဝမရှိစေဖို့ အောက်ပါအချက် တွေကို လိုက်နာသင့်ပါတယ်။
သန့်ရှင်းအောင်ဂရုစိုက်ပါ
လက်၊ အိုးခွက်ပန်းကန်၊ စဉ်း တီတုံးစတာတွေကို အစားအသောက် မပြင်ဆင်ခင်၊ အသားစိမ်း၊ ပင်လယ်စာနဲ့ ဥအမျိုးမျိုးနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ ပြီးချိန်မှာ လည်း ဆေးကြော သန့်စင်ပေးပါ။
သီးခြားစီခွဲထားပါ
အသားစိမ်း၊ ပင်လယ်စာ၊ မ ဆေးကြောရသေးတဲ့ ဟင်းသီးဟင်း ရွက် စတာတွေကို ချက်ပြီးသား အ စားအသောက်တွေနဲ့ သီးခြားစီ ခွဲ ထားရပါမယ်။
ကျက်အောင်ချက်ပါ
အစားအသောက်တွေ၊ အထူး သဖြင့် အသားစိမ်း၊ ငါးစိမ်းတွေကို ကောင်းကောင်း ကျက်တဲ့အထိ ချက်ပြုတ်သင့်ပါတယ်။
အေးခဲအောင်ထားပါ
တကယ်လို့ အစားအသောက် တွေကို ဆေးရုံသို့ မယူရသေးရင် အချိန်နှစ်နာရီအတွင်း ရေခဲ သေတ္တာထဲထည့်ပြီး အေးအောင် ထားပေးရပါမယ်။
တစ်ကြိမ်သာ စားနိုင်သော အစာကိုသာ အလုံအလောက် သယ်သွားပါ
ဒိန်ချဉ်၊ ခရက်ကာမုန့်၊ မြေပဲ ထောပတ်နဲ့ ကွတ်ကီးမုန့် စတာ တွေကို တစ်ကြိမ်စားနိုင်တဲ့ ပမာဏ ကိုသာ သယ်သွားပါ။
အခန်းအပူချိန်တွင် ပုပ်သိုး လွယ်သော အစားအသောက် များကို မထားပါနှင့်
အန္တရာယ် ကင်းစေဖို့နဲ့ စားချင်စိတ် မရှိတော့တာမျိုး မဖြစ်စေဖို့ အခန်း အပူချိန်မှာ မထားပါနဲ့။ ပူအောင် ဒါမှမဟုတ် အေးအောင် ထားပါ။
အစားအသောက်အားလုံးကို အညွှန်း တပ်ထားပါ
အစားအသောက်ထည့်ထားတဲ့ ဘူးတွေနဲ့ပြင်ဆင်ထားတဲ့ ရက်စွဲတွေကို အညွှန်းသဖွယ် ကပ်ထားပါ။ ဒါမှသာ စားသင့်သလား၊ လွှင့်ပစ်ဖို့ လိုနေပြီလား ဆိုတာ ကို ခွဲခြား သိနိုင်မှာ ဖြစ်ပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်