www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နင့်ကိုချစ်လွန်းလို့ပါ


နင့်ဘက်က မေ့လွယ်ပေမယ့်
ငါတို့တို့ရဲ့ ချစ်ခြင်းတွေအတွက်
ကဗျာတွေစပ် အမှတ်တရတွေ ပေးခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ….။
ငါမရှိလည်း နင်ပျော်နိုင်ပေမယ့်
ငါ့ပျော်ရွှင်မှုတွေအတွက် နင့်ကို လိုအပ်နေတာ
နင့်ကို သိပ်ချစ်လို့ပါ………။
အတူတူဆုံနိုင်ဖို့ နင်မကြိုးစားပေမယ့်
အချိန်တွေရှိတိုင်း နင့်အနားကို အရောက်လာချင်ခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ……။
နင့်ရဲ့အချစ်တွေအားလုံး ငါ့ကိုမပေးချင်ပေမယ့်
ရသလောက်နဲ့ရောင့်ရဲ အတူရှိခွင့်ခဏတွေနဲ့
ကျေနပ်နေပေးခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ……။
နင့်အတွက်ချစ်သူတွေမရှားပေမယ့်
နင်က ငါ့ရဲ့ချစ်သူပါလို့
ရဲရဲဝင့်ဝင့် လက်တွဲရဲခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ……။
နင်ဘယ်သူတွေနဲ့ဘယ်လိုတွဲတွဲ
ဟန်ဆောင်ပြုံးရင်း……စိတ်မနာရက်ခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ….။
နောက်ဆုံး……..
အချစ်ဆိုတာ နင်သိတက်ခဲ့လို့
တစ်ယောက်ယောက်ကို ရည်ရွယ်သွားတဲ့အခါ
နင့်စိတ်ချမ်းသာမှုအတွက်
တိတ်တဆိတ် ရပ်ကျန်နေရစ်ခဲ့တာ
နင့်ကို သိပ်ချစ်လို့ပါ……။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်