www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နွေကာလတွင် သောက်လေ့ရှိသော သံပုရာရည်၏ စွမ်းပကား

နွေနေပူမှာအေးမြတဲ့ သံပရာရည်ကို ကိုသောက်လေ့ ရှိကြပါတယ်။ သံပရာ ရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးအမြောက် အများကိုလည်း ပေးစွမ်းနိုင်ပါ တယ် ။ ရေဓာတ်ခန်းခြောက်မှု ကို လျော့ကျ စေတယ်၊ အသည်းကို သန့်စင်ပေး တယ်၊ အစာကြေညက်စေတယ်၊ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism)ကို အားကောင်းစေပါတယ်။
ဒီလို အကျိုး ကျေးဇူးတွေအပြင် ကိုယ်အလေးချိန် ကို လည်း လျော့ကျစေ ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများ စွာ ပါဝင် လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင် တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်း ထက် အင်တီ အောက်ဆီးဒင့်တစ်မျိုး လည်းဖြစ် တာကြောင့် ပတ်ဝန်း ကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေ ကို တွန်း လှန်ပေးနိုင်စွမ်း ရှိပါ တယ်။
ဗီတာမင်စီဟာ ကိုယ်ခံစွမ်း အားကောင်းစေ ပြီး သွေးတိုးကို ကျစေ ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီ အပြင် ဗီတာ မင် အေ၊ ရက်တီနော၊ ကယ်ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေ နဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တု ဓာတ်တွေ လည်း ပါဝင်နေပါတယ်။



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်