www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ယနေ့ပင် ပိုမို ကျန်းမာလာစေမည့် နည်းလမ်းခုနှစ်သွယ်

ဒီနေ့ခေတ်မှာ ကျန်းမာရေး ကောင်းမွန်မှုဟာ အစား အသောက်၊ အနေ အထိုင် တွေနဲ့ ဆက်စပ်မှု ရှိ နေပါ တယ်။ ဒါကြောင့် မနေ့ကထက် ဒီနေ့မှာ ပိုပြီးကျန်းမာရေးကောင်းမွန်ဖို့ရာအတွက် အစားအ သောက်၊ အနေအထိုင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်တယ်ဆိုတာ ရေး သားလိုက်ရပါတယ်။
(၁) ၂၀ ရာခိုင်နှုန်း လျှော့စားပါ
အီတလီ၊ ဂျပန်၊ ဂရိ၊ ကယ်လီဖိုးနီး ယားစတဲ့ နေရာတွေမှာနေတဲ့ လူတွေ ဟာ အသက်ရာကျော်နေရတဲ့သူတွေ များ ပါတယ်။ ဒီဒေသတွေမှာ နေထိုင်တဲ့သူ တွေက သူတို့စားနိုင်တဲ့ အတိုင်းအတာ ထက် ၂၀ ရာခိုင်နှုန်းလျှော့စားလေ့ရှိပါ တယ်။ အဲဒီလို စားဖြစ်ဖို့အတွက် အစား အသောက်တွေကို ထမင်းစားပွဲပေါ်မှာ စုပုံနေအောင် မထားကြပါဘူး။
(၂) အပင်ထွက် အစားအစာကို စားပါ
အပင်ထွက် အစားအစာတွေမှာ အင်တီအောက်ဆီးဒင့်တွေ များများပါဝင် ရုံသာမက တခြား ကောင်းတဲ့ အာဟာရ ဓာတ်တွေလည်း ပါဝင်နေတာကြောင့် များ များစားသူတွေက ခါးအတိုင်းအတာက သွယ်လျနေတာပါ။ အသက်ရာကျော် ရှည်ကြတဲ့ အိုကီနာဝါလူမျိုးတွေ စားလေ့ ရှိတဲ့ အစားအသောက် တစ်ပန်းကန်ဟာ အမေရိကန်လူမျိုးတွေ စားလေ့ရှိတဲ့ အ စားအသောက် တစ်ပန်းကန်ထက် ကယ် လိုရီငါးပုံတစ်ပုံပဲ ပါဝင်နေပါတယ်။ ဒါ ကြောင့် စားသောက်တဲ့ အစားအစာ ပမာဏတင်မက အစားအသောက်မှာ ပါတဲ့ကယ်လိုရီကိုလည်း တွက်ချက်သင့် ပါတယ်။ ပဲအမျိုးမျိုး၊ ပဲသီးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေလို အပင်ထွက် အစား အသောက်တွေကို အသားထက် ပိုစားသင့် ပါတယ်။
(၃) သင့်ကို ကောင်းကျိုးပြုမည့် အစာ များကို ချစ်မြတ်နိုးပါ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီလို ဘယ်ရီသီးတွေ၊ တိုဟူး၊ ပင်လယ်ထဲက အပင်တွေဟာ အရသာကောင်းစေသလို ကျန်းမာရေးအတွက်လည်း အကျိုးရှိပါ တယ်။ အမေရိကန်လူမျိုးတွေဟာ အဆီ၊ ဆားနဲ့ သကြားတွေကို များများစားဖြစ် ကြပါတယ်။ အကြောင်းကတော့ သူတို့ က အဆင်သင့်အစာတွေကို အစားများ တာကြောင့်ပါ။ လေ့လာမှုတွေအရ အ ဆင်သင့်အစာတွေကို များများစားတာ ကြောင့် အာဟာရရရှိမှု လျော့နည်းရုံ သာမက ရေရှည်မှာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ကိုယ့်ကျန်းမာရေးအတွက် အ ကျိုးရှိစေမယ့် အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။
(၄) ထိုင်ပြီး ဖြည်းဖြည်းစားပါ
အစာစားတဲ့အခါ တီဗီကြည့်ရင်း၊ ကားမောင်းရင်း စားမယ့်အစား ထမင်း စားပွဲမှာထိုင်ပြီး ဖြည်းဖြည်းချင်းကြေညက် အောင် စားသင့်ပါတယ်။ အစာတစ်လုတ် ကို အကြိမ် ၁၀ ကြိမ်လောက် ကြိတ်ဝါး ပြီးမှ အစာကို မျိုချလိုက်ပါ။ အစာစားချိန် ကို မိနစ် ၂၀လောက် ပေးသင့်ပါတယ်။
(၅) မတ်တပ်ရပ်ကာ လမ်းလျှောက်ပါ
အသက်အရှည်ဆုံးနေရတဲ့သူတွေ က လေ့ကျင့်ခန်းကို တောက်တိုမယ်ရ အလုပ်တစ်ခုလို သဘောထားလေ့မရှိပါ ဘူး။ တစ်နေ့တာ နိစ္စဓူဝလုပ်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လေ့ကျင့် ခန်းကို ထည့်သွင်းထားပါတယ်။ ပြင်သစ် အမျိုးသမီးတွေဟာ ညစာစားပြီးတိုင်း လမ်းလျှောက်လေ့ရှိပါတယ်။ ဒီနည်းလမ်း ကို အတုယူပါက ပိုမိုကျန်းမာလာပါလိမ့် မယ်။ ဒီလိုမလုပ်ဖြစ်ရင်တောင် အိမ်အ လုပ်တွေကို ကိုယ်တိုင်လုပ်ဆောင်ပါ။
(၆) အပြင်ထွက်ပါ
အသက်ရှည်ရှည်နေရတဲ့သူတိုင်း လူမှုဆက်သွယ်ရေးကောင်းမွန်ပြီး မိသား စုချစ်ခင်နွေးထွေးမှုလည်း ရှိကြပါတယ်။ အိမ်မှာ မိသားစုနဲ့ ချစ်ချစ်ခင်ခင် အချိန် ဖြုန်းလေ့ရှိတဲ့အပြင် ကျန်းမာရေးလိုက် စားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခင်မင် နေတာကြောင့် ကောင်းမွန်တဲ့ ကျန်းမာ ရေး အလေ့အထ ကူးစက်မှုရှိပြီး သက် ရှည်ကျန်းမာရတာ ဖြစ်တယ်လို့ လေ့လာ မှုတွေက ဖော်ပြကြပါတယ်။ ဒါကြောင့် ဘာသာတရားနဲ့ ဆိုင်တဲ့ အဖွဲ့၊ လူမှုရေး အဖွဲ့စတာတွေထဲမှာ ပါဝင်လှုပ်ရှားပေး ပါ။ အသက်ရှည်ရှည် နေရစေပါတယ်။
(၇) အေးဆေးနေပါ
ကမ္ဘာ့ကျန်းမာရေးနဲ့ အညီညွတ်ဆုံး လူတွေတောင် တစ်ခါတစ်ရံ စိတ်ဖိစီးမှု ကို ခံရတတ်ပါတယ်။ ဒါပေမဲ့ သူတို့က စိတ်ဖိစီးမှုကို ဘယ်လိုဖြေရှင်းရမယ်ဆို တာကို နားလည်ကြပါတယ်။ တရားထိုင် တာ၊ ပြေးတာ၊ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ ညစာအတူစားတာစတဲ့ နည်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တတ်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာစား တာ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက် ဆံတာ၊ လှုပ်ရှားမှုလုပ်တာ၊ စိတ်ကို အေး အေးဆေးထားတာ စတဲ့ ဘဝနေထိုင်မှု ပုံစံဟာ သင့်ကို မနေ့ကထက် ပိုပြီး ကျန်း မာလာစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်