www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ချောကလက် ပုံမှန်စားခြင်းဖြင့် ခန္ဓာကိုယ် သွယ်လျမှုကို အထောက်အကူ ဖြစ်စေနိုင်

ချောကလက် ပုံမှန် စားသူများသည် ခန္ဓာကိုယ် ပိုမို သွယ်လျ လာဖွယ် ရှိကြောင်း သုတေသန တစ်ရပ်က ဖော်ပြ သည်။ ခန္ဓာကိုယ် ဝဖြိုးမှုကို တိုင်းတာချက် တစ်ရပ်ဖြစ်သည့် ခန္ဓာကိုယ်ထု အညွှန်း (BMI)၊ ကယ်လိုရီ ပါဝင်မှုနှင့် အာဟာရ ဓာတ်စာ တို့ကို ကြည့်ရှု စစ်ဆေးသည့် အမေရိကန် နိုင်ငံသား ၁၀ဝ၀ နီးပါးတို့ကို လေ့လာမှုတစ်ရပ်မှ တွေ့ရှိချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။
တစ်ပတ်လျှင် အကြိမ်အနည်းငယ်မျှ ချောကလက်စားသူများသည် ပျမ်းမျှအားဖြင့် ရံဖန်ရံခါသာ ချောကလက် စားသုံးသူများထက် ခန္ခာကိုယ် ပိုမိုသွယ်လျမှုရှိသည်ကို ရှာဖွေတွေ့ရှိ ခဲ့သည်။
ချောကလက်သည် ကယ်လိုရီများ များပြားစွာပါဝင်သော်လည်း ၄င်းတွင် အဆီအဓာတ် ပေါင်းစပ်မှုထက် ကိုယ်အလေးချိန် လျော့ကျရေးကို ပိုမို အကူအညီ ပေးဆပ်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။
ကယ်လိုရီ ပါဝင်မှုတိုးစေသော်လည်း ချောကလက် ပုံမှန်စားခြင်းက BMI လျော့ကျမှုနှင့် ဆက်စပ်နေကြောင်း Archive of Internal Medicine မဂ္ဂဇင်းက ဖော်ပြသည်။ လေ့လာမှုက ခန္ဓာကိုယ် သွယ်လျမှုသည် လူတစ်ဦး တစ်ယောက်ချင်းအနေဖြင့် အကြိမ်မည်မျှများများ လေ့ကျင့်ခန်း လုပ်သည် ဆိုသော အခြားအချက်အလက်များနှင့် ဆပ်စပ်မှု ရှိကြောင်း၊ ခန္ဓာကိုယ်သွယ်လျမှုသည် ချောကလက် မည်မျှများများစားသည် ဆိုခြင်းထက် မည်သို့ မကြာခဏစားသည်ဆိုခြင်းက အရေးကြီးကြောင်း ဖော်ပြသည်။
ချောကလက်သည်လူသားတို့ ကျန်းမာရေးအတွက်အထောက်အကူပြုကြောင်း သိပ္ပံပညာရှင်များက အကြံပြုခဲ့ သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ အခြားလေ့လာမှုများကလည်း ချောကလက်သည် နှလုံးအတွက် ကောင်းမွန်ကြောင်း ဖော်ပြခဲ့သည်။
ချောကလက် စားသုံးမှုသည် သွေးဖိအား အင်ဆူလင် တုံ့ပြန်မှု၊ ကိုလက် စထရော ပမာဏတို့တွင် လိုလားဖွယ်ရာ အပြောင်းအလဲများ အချို့နှင့် ဆက်စပ်နေသည်။ အထူးသဖြင့် အနက် ရောင် ချောကလက်တွင် ပါဝင်သည့် ရောဂါတိုက်ဖျက်သော ပစ္စည်းများသည် ကျွန်ုပ်တို့ ကလာပ်စည်းများကို ပျက်စီးစေနိုင်သည့် မတည်ငြိမ်သော ဓာတုပစ္စည်းများ၊ အသားမျှင်လေးများကို ပျက်စီးစေသည့် အမှုန်ကလေးများကို ဖယ်ရှားပစ်နိုင်သည်။


By Venus News Journal

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်