www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကိုယ်တွင်း အဆိပ်များ ဖယ်ရှားသော နည်းဖြင့် ကိုယ်အလေးချိန် လျှော့ချရအောင်

ကိုယ်အလေးချိန်တက်တာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ရှိတာအကြား ဆက် စပ်မှုရှိနေတတ်ပါတယ်။ အဆိပ်တွေက အဆီဆဲလ်တွေထဲမှာ သိုလှောင်နေ တာကြောင့် ခန္ဓာကိုယ်က အဆိပ်တွေ ပိုရှိလေလေ၊ အဆိပ်တွေကို သိုလှောင်ဖို့ အဆီတွေကို ပိုမိုထုတ်လုပ်ရလေလေဖြစ်ပါတယ်။ ဒါကြောင့် အဆီ ဆဲလ်တွေထဲမှာ စုပုံနေတဲ့ အဆိပ်တွေ လျော့ကျအောင် လုပ်ဆောင် တဲ့နည်းဟာ အဆီဆဲလ်ပမာ ဏကို လျော့နည်းစေသလို ကိုယ်အလေး ချိန် ကိုလည်း လျှော့ချနိုင်ပါတယ်။
ရေသောက်ပါ
ရေဟာ ခန္ဓာကိုယ် အတွက် မရှိမ ဖြစ်အရေးပါပြီး ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆၀ရာ ခိုင်နှုန်းကျော်က ရေတွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဆဲလ်တိုင်းဟာ အ သက် ရှင်ဖို့ရာအတွက်ရေကို မှီခိုနေရပါတယ်။ရေဟာ ဆဲလ်တွေဆီကို အာဟာရဓာတ်တွေ သယ်ဆောင်ပေးသလို ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းတွေထဲက အဆိပ်တွေ ထွက်ရှိဖို့လည်း ကူညီနိုင်ပါတယ်။ရေအ နည်းငယ်ပဲသောက်ရင်ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်မှု ကိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာချွေးထွက်တာနဲ့ ဆီးသွား တာတွေကြောင့်နေ့စဉ်ရေဓာတ်ဆုံး ရှုံးနေတတ်ပါတယ်။ ဒီလို ဆုံးရှုံးမှု ကို ပြန်လည် အစား ထိုးနိုင်အောင် ရေကို များများသောက်ပေး ရပါမယ်။
လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
သွေး စီးဆင်းမှု ကောင်းမွန်တာက ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ရေ စီး ဆင်းရောက်ရှိမှုကိုကောင်းမွန်စေပါတယ်။လေ့ကျင့်ခန်းလုပ်တာက အ ဆီတွေ ကိုလောင်ကျွမ်းစေရုံ သာမကချွေးထွက်တာကြောင့် ခန္ဓာကိုယ် ထဲက အဆိပ်တွေကို ကင်းစင်သွားစေပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေ ရရှိဖို့နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာ ကြောင့် နှလုံးခုန်နှုန်းမြန်စေ ပြီး ဇီဝရုပ် ဖြစ်ပျက် မှုကို ကောင်းစေကာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ရှောင်သင့်သာ အစားအသောက်များ ကို ရှောင်ပါ
ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူးနဲ့ အခွံ ချွတ်ထားတဲ့ သကြားပါ မုန့်တွေကို တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ အကြောင်း ကတော့ ကာဗိုဟိုက်ဒရိတ်က လောင် ကျွမ်းနှုန်းလွယ်စေပြီး စွမ်းအင်အဖြစ်ပြောင်းလဲသွားနိုင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကိုလောင်ကျွမ်းမယ့်အစား ကာဗိုဟိုက်ဒရိတ် ကိုပဲလောင် ကျွမ်းစေလို့ပါ။ ကာဗိုဟိုက်ဒရိတ်အပိုတွေက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ စုနေပါလိမ့်မယ်။
ဟင်းသီးဟင်းရွက်များများစားပါ
အရောင်နဲ့ အမျိုးအစားက ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း ဟင်းသီး ဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်း ရွက် အစိမ်းကို ချက်စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက အလွယ်တကူကြေညက်လွယ်သလို ဗိုက်လည်းပြည့်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ မရှိ မဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လည်း ပါဝင်ပါတယ်။
ငါးစားပါ
အနီရောင်အသားကို လျှော့စားဖို့ ကြိုးစားပါ။ ကြက်သားကို စားပေးနိုင်သလို အထူးသဖြင့် ငါးကို အဓိက စားပေးသင့်ပါတယ်။ ငါးမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ နှလုံး ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ငါးဟာ ခန္ဓာကိုယ်ကို ပရိုတင်း ဓာတ်ဖြည့်တင်းပေးတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။
ပဲအမျိုးမျိုး စားပါ
ကုလားပဲ၊ ပဲနီလေးနဲ့ ပဲတီစိမ်းစတဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်နဲ့ အမျှင် ဓာတ်တို့ များများ ပါဝင်ပါတယ်။ ပဲအမျိုး မျိုးမှာပါတဲ့ အမျှင်ဓာတ်ဟာ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အစာခြေစနစ်ကိုလည်း ကျန်းမာစေပါ တယ်။ ပဲအမျိုးမျိုးမှာ အဆီဓာတ်ပါဝင်မှု နည်းပြီး အင်ဆီအောက်ဆီးဒင့် ပါဝင် တာ ကြောင့် အဆိပ်တွေကို ချေဖျက်ပေးနိုင် စွမ်းရှိပါတယ်။
အခွံမာသော အစေ့အဆန် စားပါ
အခွံမာတဲ့ အစေ့အဆန်တွေမှာ ပ ရိုတင်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဆာလောင်မှုမဖြစ်စေဘဲ နှလုံးကိုလည်း အကာအကွယ်ပေးနိုင်စွမ်း ရှိပါ တယ်။ လေ့ လာမှုအရ အခွံမာတဲ့ အစေ့အဆန် ကို ပုံမှန်စားတဲ့သူတွေဟာ ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းမွန်စေပြီး သွေးဖိအား ကို လျော့ကျစေတယ်လို့ သိရပါတယ်။
အရက်ရှောင်ပါ
ခန္ဓာကိုယ်ထဲ အဆိပ်တွေချေဖျက်နေစဉ် အရက်ကိုလည်းရှောင်ရပါမယ်။ အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ် ကိုရေဓာတ် ခန်းခြောက်စေပါတယ်။ အယ်လ်ကိုဟောဟာ အသည်းရဲ့ အစာကို ချေဖျက်နိုင် စွမ်းနဲ့ အရေးကြီးအာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို တားဆီးပေးပါတယ်။ အသည်းဟာ အယ်လ်ကိုဟောကို အဓိက ချေဖျက်နေရလို့ပါ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်