www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မင်းနဲ့ဆိုရင်


ချစ်သူ….
ခက်ခဲလွန်းတဲ့လူ့ဘဝထဲ
မင်းအချစ်နဲ့အသက်ရှင်မယ်
နာကျင်လွန်းတဲ့အချိန်တိုင်း
ဆရာဝန်မလိုပါ
မင်းအချစ်နဲ့တင်ပျောက်တယ်
အခမဲ့ ဆိုပေမယ့်
သိန်းသန်းမကထက်တန်းဖိုးကြီးတယ်။
ဘယ်လိုအရာတွေ
မပြည့်စုံရင်နေပါ..
မင်းဘေးနားရှိနေရင်
အရာအားလုံးပြည့်စုံသွားသလို
မင်းမရှိရင်
လိုအပ်ချက်တွေများလွန်းတယ်။
မင်းနဲ့သာအတူဆိုရင်
မီးတောင်ဖြတ်ဆိုလည်း
အပြုံးမပျက်ဖြတ်ရဲပါတယ်။
မင်းရဲ့ဆန်းပြားလွန်းတဲ့ပြက်လုံးတွေက
ဖျားနာနေတဲ့ရင်ခွင်ကို
အချိန်မရွေးကုသပေးတတ်တယ်
မျက်ရည်မိုးတွေရွာနေတောင်
နေထသာလို့
အရောင်စုံသက်တန့်တွေ
မကြာခဏတွေ့ရတတ်တယ်
ရံဖန်ရံခါတွေးမိတယ်
နေပူမိုးရွာသူခိုးလာသလို
တိတ်တိတ်လေးငါ့နှလုံးသားကို
မင်းဝင်ခိုးသွားတာလားလို့
ချစ်သူ…နာကျင်ခြင်းတွေနဲ့ဝေးရာကို
ခေါ်သွားပေးလို့ကျေးဇူးပါ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်