www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရ ခက်ခြင်းကို သားဥပြွန်အေး ခဲခြင်း နည်းဖြင့် ဖြေရှင်းနိုင်ပြီ

အသက် အရွယ် ကြီးရင့် လာသည့် အခါ ကိုယ်ဝန်ဆောင်ရန် အခက် အခဲ ရှိလာနိုင်ခြင်း ကို ငယ်ရွယ်စဉ်အခါတွင် သားဥြွပန် များအား အေးခဲ ထားခြင်းဖြင့် ဖြေ ရှင်းနိုင်တော့ မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးမှ အတိုင်ပင်ခံသားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်ကြီး  Dr.Suresh Nair ကပြောသည်။
"အမျိုးသမီးတွေအနေနဲ့ ငယ် ရွယ်တဲ့အချိန်မှာ မျိုးပွားအင်္ဂါတွင်းက သားဥြွပန်တွေကို ထုတ်ပြီးဆေးရုံမှာ အေးခဲပြီး သိမ်းထားလို့ရတယ်။ အသက်ကြီးသွားသို့ သားဥမထုတ် လုပ်နိုင်တဲ့အခါကျလို့ကိုယ်ဝန်ဆောင် ချင်တယ်ဆိုရင် အဲဒီသားဥနဲ့ကိုယ် ဝန်ဆောင်လို့ရတယ်။ စင်ကာပူနိုင်ငံ မှာတော့ လုပ်တာများကြတယ်။ ဒီ နည်းလမ်းသုံးတာကို မှန်ကန်တယ် လို့လည်း မြင်တယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သားဥြွပန်သိမ်းဆည်းရန် အ ကောင်းဆုံးအရွယ်မှာ အသက် ၂၀နှင့် ၂၅ နှစ်အတွင်းဖြစ်ပြီး အသက် ၃၅၊ ၃၇နှစ်အထိလည်းသိမ်းဆည်း၍ရနိုင် သေးကြောင်း ၄င်းက ပြောသည်။ "တချို့ကင်ဆာရောဂါ ခံစား နေရတဲ့ အမျိုးသမီးတွေဆိုရင် ကင် ဆာဆေးသွင်းတဲ့အတွက် သူတို့ရဲ့ သားဥကိုထိခိုက်တာမျိုး ဖြစ်နိုင် တယ်။ သားဥလုံးဝပျက်စီးသွားတာ မျိုး ဖြစ်တတ်တယ်။ ဒါတွေကို ကာ ကွယ်ဖို့အမျိုးသမီးတွေအနေနဲ့ သား ဥတွေကို သိမ်ထားလို့ရပါတယ်။ နောက်ပိုင်း အမျိုးသမီးက ကင်ဆာ ကုသပြီးကိုယ်ဝန်ဆောင်ချင်တယ်ဆို ရင် အရင်ကသိမ်းထားခဲ့တဲ့ သားဥ ကို ပြန်အသုံးပြု၊ အမျိုးသားသုက် ပိုးနဲ့ သန္ဓေအောင်ပြီး ကိုယ်ဝန် ဆောင်လို့ရပါပြီ"ဟု ၄င်းကဆက် လက်ပြောသည်။ ယင်းအပြင် လက်ထပ်ပြီး အမျိုးသား၊ အမျိုးသမီးတိုင်း နှစ်နှစ် အတွင်း မည်သည့်တားဆေးမှ မသုံး စွဲဘဲ ကိုယ်ဝန်မရခဲ့ပါက ဆရာဝန် ဥတွေကို သိမ်ထားလို့ရပါတယ်။ နောက်ပိုင်း အမျိုးသမီးက ကင်ဆာ ကုသပြီးကိုယ်ဝန်ဆောင်ချင်တယ်ဆို ရင် အရင်ကသိမ်းထားခဲ့တဲ့ သားဥ ကို ပြန်အသုံးပြု၊ အမျိုးသားသုက် ပိုးနဲ့ သန္ဓေအောင်ပြီး ကိုယ်ဝန် ဆောင်လို့ရပါပြီ"ဟု ၄င်းကဆက် လက်ပြောသည်။ ယင်းအပြင် လက်ထပ်ပြီး အမျိုးသား၊ အမျိုးသမီးတိုင်း နှစ်နှစ် အတွင်း မည်သည့်တားဆေးမှ မသုံး စွဲဘဲ ကိုယ်ဝန်မရခဲ့ပါက ဆရာဝန် နှင့် တိုင်ပင်စစ်ဆေးပြီး ဖန်ြွပန်သန္ဓေ သားနည်းဖြင့်လည်း ကိုယ်ဝန်ဆောင် နိုင်ကြောင်း ၄င်းကဆိုသည်။ စင်ကာပူနိုင်ငံမှ ပညာရှင်များ ၏ သုတေသနပြုချက်အရ ဖန်ြွပန် သန္ဓေသားများထဲမှ အကျန်းမာဆုံး သန္ဓေသားလောင်းကို ရွေးချယ်ပြီး မိခင်၏ ကိုယ်တွင်းပြန်ထည့်ပေးခြင်း ဖြင့် သန္ဓေတည်မြဲပြီး ကိုယ်ဝန် ဆောင်မှုအောင်မြင်နိုင်ခြေလည်း ပို များလာပြီဖြစ်ကြောင်း ၄င်းထံမှသိရ သည်။


By Popular News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.