www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဆပ်ပြာကြမ်းကြောင့် နှင်းခူဖြစ်နိုင်

ဆပ်ပြာ ကြမ်း သုံးခြင်း ဟာ နှင်းခူ (Eczema) ဖြစ် ရခြင်း ရဲ့ အကြောင်း ရင်းဖြစ်နိုင် ပါတယ်လို့ ဂရိတ်အော် စထရိကလေးဆေးရုံမှ သုတေသီတို့က ဆိုကြပါတယ်။ ဆပ်ပြာကြမ်းက အရေ ပြားမှ သဘာဝဆီများကို ခန်းခြောက် စေတာကြောင့် ရောဂါပိုးဝင်လွယ်ပါ တယ်။ ဗြိတိသျှအရေပြားရောဂါ ကုဆရာဝန်အသင်းမှ နီနာဂုဒ်က နှင်းခူဝေဒနာရှိသူများ ဒါမှမဟုတ် အသားအရေခြောက်သူများဟာ အမွှေးရနံ့မပါတဲ့ အစိုဓာတ်ခံလိမ်း ဆေး (Moisturizer) တစ်မျိုးမျိုးကို သုံးပေးသင့်ကြောင်း အကြံပေးထား တယ်။ ဒါ့အပြင် အမြှုပ်ထစေတဲ့ ပစ္စည်းဖြစ်တဲ့ Sodium Lauryl Sulphate က အရေပြားကို ခြောက် သွေ့စေတဲ့အတွက် အဲဒီပစ္စည်းပါဝင်တဲ့ ဆပ်ပြာစတဲ့ ရေချိုးခန်းသုံးပစ္စည်း များကို အသုံးမပြုပါနှင့်။ ရေချိုးဆီ (Bath Oil) ဒါမှမဟုတ် ဆပ်ပြာ အစားထိုး Aqueous Cream ကို သုံးပါ။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်