www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

တရုတ် တိုင်းရင်းဆေးဖက်ဝင် အစားအစာများ

အသားပါ နက်နေတဲ့ ကြက်နက်သား ဟာရှားပါးပါတယ်။ ၎င်းကြက်နက် သားဟာ တရုတ်တိုင်းရင်းရိုးရာ အားဆေးဖြစ်ပြီး အထူးသဖြင့် အမျိုး သမီးတွေ ကလေးမီးဖွားပြီးခါစမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေပြန် လည်ဖြည့်တင်း ဖို့နဲ့သွေးအားပြန် လည်ဖြည့်တင်းဖို့ကျွေးတဲ့ အာဟာ ရဖြစ်တဲ့ အားဆေး အစားအစာ Tonic Foodဖြစ်ပါတယ်။ ဒါပေမယ့် ကလေး မီးဖွား ပြီးတဲ့ မိခင်သာမက လူတိုင်းအတွက် သင့်လျော်တဲ့ အားဆေးအစား အစာ ဖြစ်ပါတယ်။
ဒီဟင်းပွဲထဲမှာ ကြက်နက်သားကို Red Dates လို့ခေါ်တဲ့ တရုတ် စွန်ပလွံသီးရယ်၊ နှင်းသီး သို့မဟုတ် လိုင်ချီး သီးရယ်ကို ထပ်ဖြည့် ထားပါတယ်။ အဲဒီ ပစ္စည်းတွေကလည်း ကြက်နက် သားရဲ့ သွေးအားကောင်း စေတဲ့ ဂုဏ်သတ္တိနဲ့ အားအင်ပြည့်ဖြိုးစေတဲ့ ဂုဏ်သတ္တိတွေကို တိုးမြှင့်အောင် အားပေးလုပ်ဆောင် ပါတယ်။ နှမ်းဆီက နွေးထွေးတဲ့ ဂုဏ်သတ္တိရှိပြီး အာဟာရ ဓာတ်ကြွယ်ဝပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်နက်သား တစ်ကောင် သို့မဟုတ် ပေါင် ၄ ချောင်း
- (ရေဆေးပြီး တုံးလိုကတုံးပါ။ အကောင်လိုက်ချက်လိုကချက်ပါ)
- နှင်းသီး သို့မဟုတ် လိုင်ချီးသီး ၁၀လုံး (ရေဆေးထားပါ)
- Red Dates တရုတ် စွန်ပလွံသီး အနီ
- ၆ လုံး (ရေဆေးထားပါ)
- ကြက်သွန်မြိတ် ၂ ပင် (လှီးထားပါ)
- တရုတ်နံနံပင်- အနည်း ငယ် (လှီးဖြတ်ထားပါ)
- ချင်း - အလွှာပါးပါး ၆ လွှာ
- နံနံပင် - အနည်းငယ် (လှီးဖြတ် ပြီးဟင်းစားဇွန်း ၁ ဇွန်း)
ဆော့စ်ပြုလုပ်ပုံ
- ဆန်ဝိုင်
- ဟင်းစားဇွန်း ၅ဇွန်း ပဲပုပ်ဆော့စ်
- ဟင်းစားဇွန်း ၂ဇွန်း နှမ်းဆီ
- ဟင်းစားဇွန်း ၃ဇွန်း သကြား
- ကော်ဖီဇွန်း ၂ဇွန်း ဆား
- ကော်ဖီဇွန်း ၁ဇွန်း ငရုတ်ကောင်းမှုန့်
- ကော်ဖီဇွန်း ၁ဇွန်း
ပြုလုပ်ပုံ
ကြက်သားကို ရေဆေးပြီး အထက်ပါဆော့စ်ဖြင့် ကောင်းစွာနယ်ပါ။ အိုးထဲမှာ ကြက်သားကိုထည့် သွန်မြိတ်၊ တရုတ်နံနံ၊ စွန်ပလွံသီး အစရှိတဲ့ ပါဝင်ပစ္စည်း အားလုံးကို စီစီ ရီရီတင်ထားပါ။ အိုးကိုအဖုံးလုံအောင် ဖုံးပြီး မိနစ် ၃၀ ခန့် အချိုအငန် စိမ့်ဝင်စေရန် နှပ်ထားပါ။ ပြီးရင် ရေနွေးငွေ့ပေါင်းအိုးဖြင့် ၁ နာရီ ခန့်ပေါင်းပါ။ ပြီးရင် မီးဖိုပေါ်မှချပြီး နံနံ ပင်လေးများကို အပေါ်ယံမှ ဖြူးပြီး စားသုံးနိုင်ပါပြီ။ မှတ်ချက် - အကယ်၍ ကြက်နက် သားမရနိုင်ပါက ရိုးရိုးကြက် သား (အဖြူ) ဖြင့် အထက်ပါနည်းအတိုင်း ပြုလုပ်ပြီးစားနိုင်ပါတယ်။ ပမာဏ - ၄ ယောက်စာ ပြင်ဆင်ချိန် - မိနစ် ၂၀ နှင့် အချို အငန်ဝင်အောင် နှပ်ထားချိန် ၃၀ မိနစ် ချက်ပြုတ်ချိန် - ၁ နာရီ
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်