www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ယခုရော နောင်ပါ အကျိုးရှိစေမည့် ကျန်းမာရေးလှည့်ကွက်များ

တချို့ ကျန်းမာရေး အလေ့ အထ တွေက ချက်ချင်း လက်ငင်း အကျိုး ရှိစေ ပါတယ်။ တချို့အလေ့အထတွေကတော့ နောင်အနာဂတ်ကာလမှာမှ အကျိုးရှိစေ တာပါ။ အောက်ပါ ဖော်ပြမယ့် ကျန်း မာရေးလှည့်ကွက်သုံးခုကတော့ အခုရော နောင်ပါ အကျိုးရှိစေမယ့် နည်းတွေ ဖြစ် ကြပါတယ်။
(၁) မကြာခဏ မတ်တတ် ရပ်ပါ
အခုရရှိမည့် အကျိုးကျေးဇူး
- တစေ် န့ တာလုံး စွမ်းအင် ပိုမိုရရှိစေပါတယ်။
နောင်ရရှိမည့် အကျိုးကျေးဇူး
- နှလုံး သွေးကြောဆိုင်ရာ ရောဂါ၊ အဝလွန် ရောဂါနဲ့ ကင်ဆာရောဂါတို့ကို ကာကွယ် ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ အသက်ရှည်ရေးအ တွက် မတ်တတ်ထရပ်ပါ။ လတ်တလော လေ့လာမှုတွေအရ အချိန်ကြာကြာ ထိုင် တာက လေ့ကျင့်ခန်းပုံမှန်လုပ်ရင်တောင် အဝလွန်တာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ ကင်ဆာရောဂါတို့ ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေတယ်လို့ သိရ ပါတယ်။ အလုပ်စားပွဲမှာ ကြာကြာထိုင် တာကြောင့် စွမ်းအင်ထိခိုက်ကာ ပင်ပန်း လေးလံပြီး အလုပ်မဖြစ်တတ်ပါဘူး။ ဒါ ကြောင့် ထိုင်ရတဲ့သူတွေအနေနဲ့ သင့်ခြေ ထောက်တွေကို သုံးပြီး လုပ်သင့်တဲ့ အ လေ့အထတွေရှိပါတယ်။
- နှစ်နာရီကြာတိုင်း လေ့ကျင့်ခန်းလုပ် ပါ။ ထိုင်ထလုပ်တာ၊ ကြိုးခုန်တာနဲ့ အ ကြောဆန့်လေ့ကျင့်တာတွေကို လုပ်ပေး သင့်ပါတယ်။ ဒီနည်းတွေက စွမ်းအင်တိုး စေပြီး အလုပ်လုပ်နိုင်စွမ်း တိုးစေပါတယ်။
-လုပ်ဆောင်မှုတိုင်းကို လှုပ်ရှားမှုဖြစ် စေမယ့် အခွင့်အရေးရအောင် ပြောင်း ပါ။ ထိုင်ရာမထ ဖုန်းပြောမယ့်အစား၊ လုပ် ဖော်ကိုင်ဖက်ဆီကို အီးမေးပို့မယ့် အစား အဲဒီလူဆီ အရောက်သွားပြီး စကားပြော ပါ။ ဖြစ်နိုင်ရင် မတ်တပ်ရပ်ရင်း စကား ပြောပါ။ အမြင့်တက်ရင် စက်လှေကား အစား ရိုးရိုးလှေကားသုံးပါ။
- အတူတူလမ်းလျှောက်ပါ။ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ခွေးနဲ့ လမ်းလျှောက် တာ၊ တောင်တက်တာတွေ လုပ်ဆောင်ပါ။
(၂) အခြားသူများကို ကူညီပါ
အခုရရှိမည့် အကျိုးကျေးဇူး
- ကမ္ဘာ လောကကြီးထဲ နေထိုင်ရတာ ပိုမိုပျော် ရွှင်ကျေနပ်မှု ရှိလာစေပါတယ်။
နောင်ရရှိမည့် အကျိုးကျေးဇူး
- စိတ် ဓာတ်ကျရောဂါ ကင်းဝေးပြီး စိတ်ပူပင် သောက လျော့နည်းတတ်ပါတယ်။ တခြားသူတွေအတွက် ကောင်းတဲ့ အရာတွေ လုပ်ဆောင်တာက သင့်စိတ် ကို ကျေနပ်ပျော်ရွှင်မှု ရရှိစေပြီး ကမ္ဘာ လောကထဲက သင်နေရတဲ့ တစ်နေရာ စာအတွက် တန်ဖိုးရှိတယ်လို့ ခံစားရစေ ပါတယ်။ အကြင်နာတရားထားရှိတာက စိတ်ဓာတ်ကျရောဂါလို စိတ်ခံစားမှုဆိုင် ရာ ဝေဒနာတွေကို ကုသရာမှာ အရေးပါ ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ယေဘုယျအားဖြင့် တခြားသူတွေကို ကူ ညီနေသူတွေက ကိုယ်ခံစားရတဲ့ နာကျင် မှုနဲ့ သောကတို့ လျော့နည်းတတ်ပြီး ကိုယ့်ဘဝအပေါ် ကျေနပ်မှုရရှိတတ်ပါ တယ်။ သနားကြင်နာတတ်တဲ့သူတွေက ညှာတာတတ်တဲ့စိတ်ကြောင့် ဒေါသနည်း ကာ စိတ်ဖိစီးမှု လျော့နည်းတတ်ပါတယ်။
-တခြားသူတွေ ပျော်ရွှင်အောင် အခွင့် အရေးပေးပြီး အကြင်နာတရားကို လေ့ ကျင့်ယူပါ။ အိမ်နီးချင်းရဲ့ အိမ်ရှေ့မှာ တံ မြက်စည်းလှည်းပေးတာ၊ ဘတ်စကားပေါ် မှာ အသက်ကြီးသူတွေအတွက် နေရာ ဖယ်ပေးတာ၊ အိမ်မှာ ဟင်းလျာတွေ ကူ ချက်ပေးတာစတဲ့ နည်းတွေက လွယ်ကူ ပေမယ့် သင်ရော ဘေးပတ်ဝန်းကျင်က လူတွေပါ စိတ်ချမ်းမြေ့မှုရရှိစေမယ့် နည်း တွေပါ။
-သင်ယုံကြည်တဲ့ အသင်းအဖွဲ့မှာ အ ချိန်နဲ့ ကူညီထောက်ပံ့မှု လုပ်ကာ စေတ နာ့ဝန်ထမ်းလုပ်ပါ။
- ပြုံးပြပါ။ တခြားသူတွေကို ပြုံးပြရင် သင့်ဆီက အပျော်တွေ သူတစ်ပါးဆီ ရောက်ရှိပြီး စိတ်ချမ်းသာရပါလိမ့်မယ်။
- ကျေးဇူးစကားဆိုပါ။ နေ့စဉ် သင်အ လေးထားရမယ့်သူတွေကို ကျေးဇူးစကား ဆိုပါ။ လူကိုယ်တိုင်မဟုတ်ရင်တောင် ဖုန်း နဲ့ဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ်၊ SMS မက် ဆေ့ခ်ျပို့ပြီးဖြစ်ဖြစ် ကျေးဇူးတင်စကား ဆိုပါ။
(၃) စမတ်ဖုန်းကို စမတ်ကျ ကျ သုံးပါ
အခုရရှိမည့် အကျိုးကျေးဇူး
- အာရုံစူး စိုက်နိုင်စွမ်းအားကို ပိုကောင်းစေပါတယ်။
နောင်ရရှိမည့် အကျိုးကျေးဇူး
- စိတ် ဖိစီးမှု နည်းနည်းချင်းစုဆောင်းခံစားနေ ရတာကို လျော့ပါးစေပါတယ်။ လေ့လာမှုအသစ်တစ်ရပ်အရ ဝက်ဘ် ဆိုက်တွေ သုံးလို့ရတဲ့ ဆဲလ်ဖုန်းတွေကို တာရှည်သုံးတာနဲ့ စိတ်ဖိစီးမှုအဆင့် မြင့် တက်မှုအကြား ဆက်စပ်မှုရှိတယ်လို့ သိ ရပါတယ်။ စမတ်ဖုန်းသုံးတဲ့သူအများစု ဟာ ဝင်လာတဲ့မက်ဆေ့ခ်ျတိုင်းကို ချက် ချင်းကြည့်ဖို့၊ ချက်ချင်းတုံ့ပြန်ဖို့ လိုအပ် တယ်လို့ ခံစားရတတ်တာကြောင့်ပါ။ ဒါ ကြောင့် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်း တွေဆီက မက်ဆေ့ခ်ျနဲ့ အီးမေးလ်တွေလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေ စစ်ဆေးတဲ့အခါ စိတ်ဖိစီးမှုဖြစ်ရတတ်ပါ တယ်။ ဒီလိုနေ့စဉ် စိတ်ဖိစီးမှုသေးသေး လေးတွေက ဆက်တိုက်ကြုံရတဲ့အခါ နာ တာရှည်စိတ်ဖိစီးမူဖြစ်လာပြီး နှလုံး ရောဂါ၊ စိတ်ဓာတ်ကျရောဂါ၊ အဝလွန်တာ၊ အစာ ခြေစနစ်ပြဿနာနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ မဖြစ်စေဖို့ လုပ်သင့်တဲ့နည်းတွေကတော့à ဖုန်းကို အမြဲတမ်းကြည့်နေတာမျိုး မလုပ်ဘဲ တစ်နာရီမှာ တစ်ကြိမ် အီးမေး စစ်တာ၊ မက်ဆေ့ခ်ျစစ်တာမျိုး လုပ်ပါ။
- တစ်ချိန်မှာ အလုပ်တစ်ခုပဲ လုပ်ပါ။ အီးမေးစစ်တာ ဒါမှမဟုတ် ချက်တင် ပြောတာ ဒါမှမဟုတ်SMS ပို့တာတွေ အနက် တစ်ခုပဲ လုပ်ပါ။
- တစ်နေ့လုံး စမတ်ဖုန်းစခရင်ကို ကြည့် နေတာမျိုး မလုပ်ပါနဲ့။
- ည ၉ နာရီမှ နံနက်စောစောအချိန် အထိ သင့်လက်ကိုင်ဖုန်းကို အသံတိတ် (Silent)လုပ်ဖို့ စဉ်းစားသင့်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်