www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ် စေနိုင်သော ဆေးဝါး များ

ဆေးဝါးတွေ ဟာ ခံစား နေရတဲ့ ရောဂါ ဝေဒနာကို သက်သာ ပျောက် ကင်းအောင် ပြုလုပ် ပေးနိုင် သလို တချို့သောဆေးဝါးတွေဟာ တစ်ခါ တစ်ရံ အလွန်အကျွံသုံးစွဲ၍သော် လည်းကောင်း၊ ကြာရှည်စွာ သုံးစွဲ၍ သော်လည်းကောင်း ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဒါကို ဆေးဝါးကြောင့် ဖြစ် ပေါ်လာစေနိုင်သော ရောဂါများ (Drug Induced Diseases) လို့ ခေါ်ပါတယ်။ ဆေးဝါးကြောင့်ဖြစ်ပေါ် လာနိုင်တဲ့ ရောဂါများထဲမှ အဖြစ် များလေ့ရှိပြီး စိုးရိမ်စရာရောဂါများ ထဲတွင် ဆေးဝါးကြောင့် ဖြစ်ပေါ်စေ သော အသည်းရောဂါ (Drug Induced Liver Disease) လည်း ပါဝင်ပါ တယ်။ အသည်းဟာ ဆေးဝါးများ ဇီဝ ရုပ်ဖြစ်ပျက်မှုနှင့် စွန့်ထုတ်မှုလုပ်ငန်း စဉ်တို့ရဲ့ အဓိကနေရာတစ်ခုဖြစ်တာ ကြောင့် ဆေးဝါးများကြောင့် အများ ဆုံး ထိခိုက်နိုင်တဲ့ အင်္ဂါတစ်ခုဖြစ်ပါ တယ်။ အသားဝါရောဂါ၊ ပြင်းထန် သော ရုတ်တရက် အသည်းရောင် ရောဂါ (Acute Hepatitis) ဖြစ်ပွား မှုရဲ့ ၂-၁၀ ရာခိုင်နှုန်းဟာ ဆေးဝါး ကြောင့် ဖြစ်ပွားရပါတယ်။ အသည်းကို အဆိပ်အတောက် ဖြစ်သော ဆေးဝါးများကို နှစ်မျိုးခွဲခြား နိုင်ပါတယ်။
(၁) အသည်းကို တိုက်ရိုက်ထိခိုက် ပျက်စီးစေသော ဆေးဝါးများ ဥပမာ- တီဘီဆေးဝါး (Isoniazid)၊ပိုးသတ် ဆေး (Tetracycline)
(၂) Hest Hypersensitivity ကြောင့် အသည်းထိခိုက်စေသော ဆေးဝါးများ ဥပမာ-Sulphonamides, Erythromycin Estolate ပြင်းထန်တဲ့ အသည်းအဆိပ် အတောက်ဖြစ်မှု (Acute Hepatotoxicity) ဖြစ်စေသော ဆေးဝါးအချို့ မှာ-Cimetidine, Rifampicin Phenylbutazone, Methyldopa INH, PAS, Erythromycin, Halogenated Anaesthetics တို့ ဖြစ်ပါတယ်။


By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်