www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အနှိပ်ခံခြင်းကြောင့် ရရှိနိုင်သော ထိပ်တန်း အကျိုးကျေးဇူး ၁၁ ရပ်

အနှိပ်ခံ တာက သွေးလှည့်ပတ်မှု ကောင်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျ စေတာနဲ့ ကြွက်သားတွေရဲ့ တင်းအားကို ပြေလျော့ စေတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုး တွေ အပြင် စိတ်တည်ငြိမ်စေတာ၊ အာရုံစူး စိုက်နိုင်စွမ်း ကိုကောင်း မွန်စေတာ၊ စိတ်ပါဝင်စားမှု ရှိစေတာနဲ့ လန်းဆန်းတက်ကြွမှု ရှိစေတာစတဲ့ စိတ်ပိုင်း ဆိုင်ရာကောင်းကျိုးတွေကိုပါ ရရှိစေပါတယ်။အနှိပ် ခံချိန်မှာ ညင်ညင် သာသာဖြစ်ဖို့နဲ့ သက်သောင့်သက်သာရှိတဲ့ အနေ အထားဖြစ်ဖို့ ဂရုစိုက်ရပါမယ်။
(၁) အသက်ပြင်းပြင်းရှူဖြစ်အောင် အားပေးပါတယ်
အနှိပ်ခံတာကြောင့် အသက်ပြင်း ပြင်းရှူဖြစ်စေပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းတာကြောင့် ခန္ဓာကိုယ် အနှံ့ အောက်ဆီ ဂျင်ရောက်ရှိမှုလွယ်စေပြီး အနာ ကျက်စေတဲ့ အစွမ်းရှိစေပါတယ်။ ခန္ဓာကိုယ်ထဲ ကိုအောက်ဆီဂျင်ရောက် ရှိမှု လျော့နည်းရင် ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံးတောင့် တင်းနာကျင်တာ နဲ့ကြွက် သား နာတာတွေဖြစ်စေနိုင်ပါတယ်။အောက်ဆီဂျင်ရရှိ မှုကောင်းရင် ခန္ဓာကိုယ်ထဲက အဆိပ်တွေထွက် ရှိနှုန်းကောင်းစေပြီး စွမ်းအင်ပြည့်ဝနေ ပါလိမ့်မယ်။
(၂) ကိုယ်နေဟန်ထား ကောင်းမွန်စေပါတယ်
နှိပ်ပေးတာကရောဂါကုထုံးတစ်ရပ်လို အသုံးမဝင်ပေမယ့်ကျောရိုးနဲ့ကျော ရိုးတစ်လျှောက်ရှိ ကြွှက်သားတွေကို ပျော့ပျောင်းသန်စွမ်းစေကာ ကိုယ်နေ ဟန် ထားကိုဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန် ထားကောင်းမွန်တာက အသက်ရှူရာမှာ ပိုအဆင်ပြေစေပြီး တစ်ကိုယ်လုံး တင်း အားလျော့ကျစေပါတယ်။
(၃) သွေးလှည့်ပတ်မှု ကောင်းစေပါတယ်
သွေးလှည့်ပတ်မှုကောင်းမွန်တာကြောင့် ခန္ဓာကိုယ်သန်စွမ်းကာ စွမ်းအင်မြင့်တက်စေပါတယ်။ အထူးသဖြင့်ဆောင်းရာသီလိုအေးမြတဲ့ ကာလ မှာ သွေး လှည့် ပတ်မှုနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးကွေးနေတတ်တာကြောင့် အနှိပ်ခံ ပေးပါက သွေးထဲက အဆိပ်တွေကို ထွက် ရှိသွားစေပြီး စွမ်းအား သစ်တွေ ရရှိစေ ပါ တယ်။ သွေးလှည့်ပတ်မှုကောင်းတဲ့အတွက် ကြွက်သားတွေပြန်လည်သန်စွမ်း ကောင်းမွန်စေကာ ကြီးထွားစေပြီး အနာကျက်တဲ့ဖြစ်စဉ်ကို အားပေးပါတယ်။
(၄) အသားအရေကို ကျန်းမာလှပစေပါတယ်
အဆီနဲ့ ခရင်မ်တွေကို သုံးပြီး နှိပ် တာကြောင့် အသားအရေကို ကျန်းမာ လှပစေပါတယ်။ ဒီလို နှိပ်ပေးတာက အရေပြားဆဲလ်တွေကို ပြန်လည် အာဟာ ရပြည့် ဝစေပြီး စိုပြည်စေကာ အားဖြည့် ပေးနိုင်ပါတယ်။ နှိပ်တဲ့အခါ ဗီတာမင် အီး နဲ့ စပျစ်စေ့ဆီ တို့ကို သုံးရင် အသားအရေကို ပိုမိုလှပစေနိုင်ပါတယ်။
(၅) အဆစ်တွေရဲ့ ပျော့ပျောင်းနိုင်စွမ်း အားကို ကောင်းမွန်စေပါတယ်
အနှိပ်ခံတာကြောင့် တစ်ကိုယ်လုံးတောင့်တင်း နာကျင်မှုလျော့ကျကာ အဆစ်တွေရဲ့ ပျော့ပျောင်းသန်စွမ်းမှုကို အားပေးပါတယ်။ ကြွှက်သားတောင့် တင်းနေ ရင် အနှိပ်ခံပြီးနောက် သက်သာ သွားတတ်ပါတယ်။
(၆) စိတ်တည်ငြိမ်စေပါတယ်
အနှိပ်ခံတာကြောင့် ဖန်တီးနိုင်စွမ်း အားကောင်းတာ စိတ်တည်ငြိမ်အေးချမ်း စေပါတယ်။ အနှိပ်ခံပြီးချိန်မှာ တွေးခေါ် နိုင်စွမ်း၊ အစီအစဉ်တွေကို ဖန်တီးနိုင်စွမ်း ရှိကာ အတွေးအခေါ် ကောင်းပြီး စိတ်ဖိ စီးမှုတို့ လျော့ကျစေနိုင်ပါတယ်။ အနှိပ် ခံတာကြောင့် တစ်ကိုယ်လုံးအပန်းပြေ ကာ စိတ်အခြေအနေကို အားပေးပါ တယ်။
(၇) ပူပင်သောကတို့ လျော့ကျစေပါ တယ်
အနှိပ်ခံတာက အပန်းပြေစေတဲ့ အစွမ်းရှိပြီး ပူပင်သောကတွေကို သိသိသာ သာလျော့ကျစေပါတယ်။ ပူပင်သော ကဟာ ခန္ဓာကိုယ်ရဲ့ တချို့အစိတ် အပိုင်း တွေဖြစ်တဲ့ ခါး၊ ပခုံး၊ ဝမ်းဗိုက်နဲ့ လည် ပင်းတွေမှာ တောင့်တင်းမှုကို ဖြစ်စေနိုင် ပါတယ်။
(၈) သွက်လက်စေပါတယ်
စိတ်နဲ့ ခန္ဓာဆက်သွယ်မှုဟာ ဒီနေ့ ခေတ်လူ့အဖွဲ့အစည်းမှာ အတွေ့ရများတဲ့ အချက်ပါ။ နိုးထလာတဲ့အချိန်ကစပြီး အိပ်ရာဝင်ချိန်အထိ ခန္ဓာကိုယ်ကို စိတ်က ဦးဆောင်နေတာ ဖြစ်ပါတယ်။ အနှိပ်ခံ လိုက်တာကြောင့် ခန္ဓာကိုယ်က သွက် လက်လန်းဆန်းကာ စိတ်သွားတိုင်း ကိုယ် ပါတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။
(၉) တက်ကြွှမှု ရရှိစေပါတယ်
အနှိပ်ခံတာကြောင့် စိတ်ပိုင်းဆိုင် ရာလန်းဆန်းမှုဖြစ်စေပြီး ခက်ခဲတဲ့ ပြဿ နာတွေကို ဖြေရှင်းနိုင်စွမ်း ရှိစေပါတယ်။
(၁၀) စိတ်ကို ငြိမ်းချမ်းစေပါတယ်
အနှိပ်ခံတာကြောင့် စိတ်အပန်းပြေ စေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိမှု မြင့်မားစေပြီး စိတ်ကို ငြိမ်းချမ်းမှု ရရှိစေ ပါတယ်။
(၁၁) အထိအတွေ့ကြောင့်ကြည်နူးမှု ရရှိစေပါတယ်
အနှိပ်ခံတာကြောင့် တခြားလူတစ် ဦးရဲ့ ထိတွေ့မှုရရှိကာ စိတ်ကျေနပ်မှုကို ရရှိစေပါတယ်။ အနှိပ်ခံတာကြောင့် ထိတွေ့မှုဟာ လက်ချင်းဆုပ်ကိုင်တာ၊ ပွေ့ ဖက်တာတွေထက် ပိုပြီး ထူးခြားဆန်း ကြယ်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်