www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အဆီနည်း သော နို့ထွက်ပစ္စည်း များက လေဖြတ် ခြင်းကို လျော့နည်းစေ

အသက်၄၅ နှစ်နှင့် ၈၃ နှစ်ကြား ၇၅,ဝ၀ဝ ပါဝင်သော ဆွီဒင်နိုင်ငံ တွင်ပြု လုပ်ခဲ့သည့် ကြီးမားသောလေ့လာချက် တစ်ရပ်အရ အဆီနည်းသောနို့ထွက် ပစ္စည်းစားသုံးသူများသည်လေဖြတ်ရောဂါဖြစ် ပွားနိုင်ခြေနည်း ပါးကြောင်း တွေ့ ရှိခဲ့သည်။ ကပ်ရောဂါလေ့လာရေး တွဲဖက်ပါမောက္ခ ဆူဆန်နာလာ ဆင်ဦးဆောင်သောလေ့လာမှု စာတမ်း အရလေ့လာမှုတွင် ပါဝင်သူများမှာ အစပထမ တွင် နှလုံးရောဂါ၊ လေဖြတ်ခြင်း နှင့် ကင်ဆာကဲ့သို့ ရောဂါများ ကင်းစင်ကြောင်း၊၎င်းတို့အားလုံးက အချက် ၉၆ ချက် ပါဝင်သော အစားအသောက် အလေ့အ ထ ဆိုင်ရာ မေးခွန်းများကိုဖြေကြားခဲ့ကြကြောင်း သိရသည်။
နောက်ဆက်တွဲ ဆယ်နှစ်တာကာလအတွင်း အမျိုးသား ၂၄၀၉ ဦးနှင့် အမျိုးသမီး ၁၆၈၀ ဦးမှာ လေဖြတ်ရောဂါခံစားခဲ့ရ သည်။ လေဖြတ်ရောဂါလေ့လာခြင်း ဂျာနယ်တွင်ဖြော်ပထားသော စာတမ်းအရ အဆီဓာတ်နည်း ပါးသော နို့နှင့် နို့ထွက်ပစ္စည်း ဒိန်ချဉ်၊ ဒိန်ခဲများကို စားသုံးသူများသည် အဆီအနှစ်ပြည့် ဝ သည့် နို့ ထွက် ပစ္စည်းများကို စားသုံး သူများ ထက် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း နည်းပါးသည်ဟု ရေးသားထားသည်။ ယင်းမှာ အဆီ နည်း နို့ထွက် ပစ္စည်း များတွင် ပါဝင်သည့် ကယ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီယမ်နှင့် ဗီတာမင်ဒီများက လူ၏ သွေးတိုး နှုန်းအပေါ် သက်ရောက်မှု ရှိခြင်းကြောင့်ဖြစ်နိုင် သည် ဟု သုတေသီတွဲဖက် ပါမောက္ခက ပြော ကြားသည်။
By 7Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်