www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အနာဖြစ်တိုင်း အမာရွတ် မထင်အောင်

အရေပြား ပေါ်မှာ ခြစ်ရာ၊ ကုတ်ရာ၊ ခွဲစိတ် ဒဏ်ရာနဲ့ ဝက်ခြံ အဖုအပိမ့် တွေ ပေါက်လာရင် ပျောက်သွားဖို့ နည်း လမ်းရှာရင်း အမာရွတ် ထင်ကျန် ခဲ့မှာကို လည်း စိုးရိမ်တတ်ကြ ပါတယ်။ တကယ် လို့ အမာရွတ်ဟာ မျက်နှာလို လူအများ မြင်တွေ့နေရတဲ့ နေရာမျိုးမှာ ဖြစ်ရင် အ လှပျက်ရတတ်ပါတယ်။ ဒါကြောင့် အနာ တစ်ခုဖြစ်ပေါ်တိုင်း အမာရွတ် ထင်နှုန်း လျော့ကျစေဖို့ လိုက်နာ သင့်တဲ့ နည်းလမ်း သုံးသွယ်ကို ရေးသားလိုက်ရပါတယ်။
(၁) ခြစ်ရာ သို့မဟုတ် ဒဏ်ရာကို သေချာ သန့်စင်ပါ
ဒဏ်ရာကို အေးမြတဲ့ ရေနဲ့ ဆေး ကြောပြီး သန့်စင်အေးမြအောင် လုပ်ပါ။ ပြီးရင် ဒဏ်ရာထဲ မြုပ်ဝင်နေတဲ့ အချွန် အစတွေကို အရက်ပြန်နဲ့ ပိုးသတ်ထားတဲ့ ဇာဂနာနဲ့ ဖယ်ရှားပါ။ ပြီးရင် ဒဏ်ရာ တစ်ဝိုက်ကို ဆပ်ပြာနဲ့ ရေစိုဝတ်ကိုသုံးပြီး ညင်ညင်သာသာ သန့်စင်ပေးပါ။ အနာ သန့်စင်တဲ့အခါ ကြမ်းတမ်းတဲ့ ဆပ်ပြာ တွေကို မသုံးပါနဲ့။ အနာကျက်တာကို ကြန့်ကြာစေနိုင်ပါတယ်။
(၂) အနာကို ဖုံုံးအုပ်ထားပါ
ပြတ်ရှရာ ဒါမှမဟုတ် ခြစ်ရာတွေကို ဖုံးအုပ်ထားတာက ဘက်တီးရီးယား၊ အ ညစ်အကြေးနဲ့ တခြားစပ်ဖျဉ်းဖျဉ်းဖြစ်စေ တဲ့ အရာတွေ မဝင်အောင် ဟန့်တား ထားနိုင်ပြီး အနာ အမြန်ကျက်စေနိုင်ပါ တယ်။ အနာကို စိုစွတ်အောင် ထိန်းထား နိုင်တာက အနာကျက်မြန်စေပါတယ်။ အနာသန့်စင်ပြီး ပဋိဇီဝ ပိုးသတ်ဆေး ခရင်မ် ဒါမှမဟုတ် လိမ်းဆေး (Ointment) လိမ်းပေးရင် အနာပိုးသေသလို စိုစွတ် နေစေပါတယ်။ အနာကို ဆေးလိမ်းပြီး ဖုံးအုပ်ပေးတာက အမာရွတ်ထင်တာကို လျော့ကျစေပါတယ်။
(၃) အနာကို မကုတ်ဖဲ့ပါနှင့်
ပြတ်ရှရာ၊ ကုတ်ရာ ခြစ်ရာနဲ့ ဝက် ခြံအဖုတွေကို လက်နဲ့ ကုတ်ဖဲ့တာ၊ ဆိတ် တာတွေက ဘက်တီးရီးယားတွေ ပျံ့နှံ့ တာမျိုးဖြစ်စေသလို အမာရွတ်ထင်ကျန် နိုင်ခြေ များပါတယ်။ ဒီလိုအနာကို ကုတ် ဖဲ့တာက အနာကို ပိုကြီးစေရုံသာမက ဘက်တီးရီးယားတွေကို ဖိတ်ခေါ်သလို ဖြစ်ကာ အမာရွတ်ကြီးကြီး ထင်ကျန်စေ နိုင်ပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်