www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကျန်းမာစေရန် စားသုံးသင့်သော သစ်သီးသုံးမျိုး

ဗီတာမင်စီ၊ ပိုတက်စီယမ်တွေ ကြွယ်ဝပြီး ကယ်လိုရီ အနည်းသာ ရရှိစေ တာ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေလို့ အောက်ပါ သစ်သီးတွေ ကို စား သုံးသင့် တယ်လို့ University of Pittsburgh Medical Centre ကပြော ထားပါတယ်။
စောင်းလျားသီးသည် နှလုံးရောဂါ ကာကွယ်မှုမှ ကာကွယ်ပေးတယ်
စောင်းလျားသီးမှာ ကယ်လိုရီပါဝင် မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ပိုလီဖီနောနဲ့ အင်တီအောက်ဆီး ဒင့်တွေ ပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေ ရောင် ရမ်းမှုကို တွန်းလှန်ပေးနိုင် ပါတယ်။ ဇောင်းလျားသီးရဲ့ အရသာက ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားပါ တယ်။ အခွံနွှာစ ရာမလိုဘဲ လှီးစားပါက ကြယ်ပုံသဏ္ဌာန် လေးတွေ ရှိပါ တယ်။ စောင်းလျားသီးတစ် လုံးကနေ ၂၈ ကယ်လိုရီ၊ ဗီတာမင်အေ ၅၆ အိုင်ယူ၊ အမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ် ၁၂၁ မီလီဂရမ်ကို ရရှိနိုင်ပါတယ်။
သင်္ဘောသီးသည် အစာချေဖျက်မှုကိုပုံမှန် ဖြစ်စေတယ်
သင်္ဘောသီးကနေ ပရိုတင်းဓာတ်ကိုချေဖျက်ပေးတဲ့ ပက်ပိန်းအင်ဇိုင်းကို ရရှိ နိုင်ပါတယ်။ သင်္ဘောသီးကနေ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဖောလိတ် နဲ့ ဗီတာမင်အေတွေ များစွာရရှိနိုင်ပါတယ်။ သင်္ဘောသီးကို ကြိတ်ခြေ ပြီး ဖျော်ရည် အနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။ သင်္ဘောသီး တစ်ခြမ်း ကနေ ၅၉ ကယ်လိုရီ၊ ဗီတာမင်အေ ၁၆၆၃ အိုင်ယူ၊ ဗီတာ မင်စီ ၉၃ မီလီဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ် နဲ့ ပိုတက်စီယမ် ၃၉၁ မီလီဂရမ်ကို ရရှိနိုင် ပါတယ်။
မာလကာသီးသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းစေတယ်
မာလကာသီးမှာ ဗီတာမင်စီနဲ့ အမျှင်ဓာတ်ကြွယ်ဝ ရုံသာမက နေ့စဉ်စား သုံး ပေးပါက ခန္ဓာကိုယ်ခုခံအားကို မြှင့်တင် ပေးတဲ့ ကယ်ရိုတီးနွိုက်များစွာ ပါဝင်ပါ တယ်။ မာလကာသီး အနေတော်တစ် လုံးမှာ ၃၇ ကယ်လိုရီ၊ ဗီတာ မင်အေ ၃၄၃ အိုင်ယူ၊ ဗီတာမင်စီ ၁၂၆ မီလီဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ပိုတက်စီယမ် ၂၂၉ မီလီဂရမ် ပါဝင်ပါတယ်။


By Awsu

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်