www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မံသ Diet များအကြောင်း သိကောင်းစရာ

လတ်ဆတ်တဲ့ သစ်သီး သစ်ဖုတွေ ကိုရှောင် အသားတွေ ကိုချည်း လှိမ့်စား ခိုင်းတဲ့ Diet တစ်မျိုး ရှိပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား တွေချည်း စားခိုင်း ထားတဲ့ Diet တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီ Diet ရဲ့ သဘောတရားက သဘာဝ ကာဗိုဟိုက်ဒရိတ်စားသုံး မှုကို ရပ်ဆိုင်းလိုက်တဲ့ အခါမှာ လူ တစ်ယောက်ဟာ အလေးချိန်ကျ ဆင်းလာပါတယ်။ ဒါပေမဲ့ အဲဒီကျ သွားတဲ့ အလေးချိန်တွေဟာ စင်စစ် အားဖြင့်တော့ "ရေအလေးချိန်" ပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အ သားနဲ့ နို့ထွက် ပစ္စည်းတွေက နေရတဲ့ ပရိုတင်းတွေကို ခန္ဓာကိုယ်က အစာ ချက်ပြီး နိုက်ထရိုဂျင် အညစ်အ ကြေးအဖြစ် ဆီးပုံစံနဲ့ စွန့်ထုတ်လိုက် ခြင်းပဲဖြစ်ပါတယ်။
ဒီလို Diet တွေကို နာမည်ကြီး ရတဲ့ အကြောင်းအရင်းတစ်ခုက လူ နားမလည်တဲ့ ဘာသာရပ်စကား တွေနဲ့ စားသုံးသူကို ကိုင်ပေါက်ခြင်း ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ် တဲ့ ပရိုတင်းပမာဏကို လိုအပ် သည်ထက် ၂ ဆပိုမိုစားသုံးလိုက်တဲ့ အခါမှာ အဝလွန်ခြင်း၊ နှလုံးရော ဂါ၊ ကင်ဆာရောဂါ ဖြစ်နှုန်း တွေဟာ တိုးတက်လာပါတော့တယ်။
တိရစ္ဆာန်တွေကရတဲ့ ပရိုတင်း တွေကိုချည်း စားသုံးပြီး၊ ဂျုံ၊ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ကို ရှောင်ကြဉ်လိုက်တဲ့အခါမှာ အဆိပ်အတောက်နဲ့ အဆီတွေကို ဖယ်ရှား ရှင်းလင်းပစ်မယ့် အမျှင် ဓာတ်တွေဟာ နည်းပါးသွားပါ တော့တယ်။
ဒီလိုနဲ့ ကိုယ့်ကိုယ် ကိုယ်ဘေးဖြစ်စေတဲ့ကိန်းဆိုက်လာ ပါတော့တယ်။ ကျောက်ကပ်ဟာ အချိန်မတိုင်မီ ရင့်ရော်လာပြီး အ လုပ်ကောင်းကောင်းမလုပ်တော့ပါ ဘူး။ ပရိုတင်းတွေကို ချေဖျက်ပစ်ဖို့ အတွက် ၂ ဆ ထမ်းပိုးပြီး အလုပ် လုပ်လာရပါတော့မယ်။
ဒီလို ပရိုတင်းဓာတ်တွေ အ များကြီးစားသုံးခိုင်းတဲ့ Diet မျိုးဟာ ဆီးချိုသမားတွေကို ရှိရင်းစွဲအခြေ အနေထက်များစွာ ပိုမိုဆိုးရွားစေပါ တယ်။ ဆီးချိုသမား အယောက် ၁၅၀ဝ ကို လေ့လာသုံးသပ်ကြည့် တဲ့ အခါမှာ တိရစ္ဆာန်တွေကနေရတဲ့ ပရိုတင်းဓာတ်တွေကိုစားသုံးတဲ့ အ တွက် လူတို့ရဲ့ ကျောက်ကပ်လုပ် ငန်း လုပ်ဆောင်တာတွေဟာ တစ် ဝက်လောက်တောင် ကောင်းစွာ အလုပ်မလုပ်တော့တာတွေ့ရပါ တယ်။
အမေရိကန် ကင်ဆာ အဖွဲ့ အစည်းက ဝိတ်ကျဖို့ ကြိုးစားနေတဲ့ လူပေါင်း ရှစ်သောင်း (၈၀ဝ၀ဝ) ကို ဆယ်နှစ်တာ အချိန်ပေးပြီး လေ့ လာခဲ့ပါတယ်။ အဲဒီမှာ အသားငါး ရှောင်ပြီး ဟင်းသီးဟင်းရွက်ပိုစားတဲ့ လူတွေထက် တစ်ပတ်ကို အသား ငါး သုံးကြိမ်နဲ့ အထက်စားသုံးတဲ့ လူ တွေဟာ ပိုပြီး အလေးချိန်တက်လာ တာကို တွေ့ရပါတယ်။
နယူးအင်္ဂလန်ဆေးပညာဂျာ နယ်ကလည်း အသားငါး စားသုံးတဲ့ လူတွေဟာ ဟင်းသီးဟင်းရွက်စား သုံးတဲ့ လူတွေထက် ပိုပြီး အလေး ချိန်တိုးလာတာကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။ အစာချေဖျက်ပုံ လူရဲ့ အစားအစာတွေကို ချေ ဖျက်ပုံအကြောင်းမပြောခင် လူနဲ့ တိရစ္ဆာန်တွေရဲ့ ကွာခြားပုံကို ဦး စွာရှင်းလင်းပြောပြပါမယ်။
လူဟာ အဆင့်မြင့် ဥာဏ်ရည်ရှိပါတယ်။ တိ ရစ္ဆာန်တွေမှာ မရှိပါဘူး။ လူတွေ ဟာ အမဲလိုက်ဖို့ လက်နက်တွေ တီ ထွင်တယ်။ ချက်ပြုတ်ဖို့ နည်းတွေ တီထွင်တယ်။ တိရစ္ဆာန်တွေကတော့ အဲဒီလို လက်နက်တွေထွက်ပြီး အမဲ မလိုက်နိုင်ပါဘူး။ စားသောက်ဖို့ ဟင်းအိုး၊ ထမင်းအိုးတွေနဲ့ မချက် နိုင်ပါဘူး။ လူတို့မှာ အမဲလိုက်ဖို့ အတွက် သဘာဝက ပေးထားတဲ့ ခန္ဓာကိုယ်အားသာချက်တချို့ပဲရှိပါ တယ်။
အစားအစာတစ်ခုကို ပါးစပ် ထဲသွင်းလိုက်တဲ့ အချိန်ကစပြီး လူ့ ရဲ့ အစာချေဖျက်မှု လုပ်ငန်းစဉ်ဟာ ခံတွင်းထဲက အယ်လ်ကာလိုင်း တံ တွေးကနေ စတင်လုပ်ဆောင်ပါ တော့တယ်။ အမှန်တော့ ဒီအယ်လ် ကာလိုင်းတံတွေးဟာ အသားငါး တွေကို ချေဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ စွမ်းအင် တစ်ရပ်တော့ မဟုတ်ပါဘူး။ အ သားစားတဲ့ တိရစ္ဆာန်တွေရဲ့ ခံတွင်း မှာ အက်ဆစ်တံတွေးရှိပါတယ်။
ဒီ အက်စစ် တံတွေးကမှသာ အသား တွေ ချေဖျက်ဖို့အတွက် အကောင်း ဆုံး စွမ်းအင်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်က အသား တွေကို ချေဖျက်ဖို့ ဟိုက်ဒရိုဂျင်က လိုရစ်အက်ဆစ်ဟာ မရှိမဖြစ် လို အပ်ပါတယ်။ အဲဒီ အက်စစ်ဟာ အစာအိမ်ထဲမှာ အလွန်းနည်းပါးတဲ့ ပမာဏနဲ့ တည်ရှိနေပါတယ်။ တိ ရစ္ဆာန်တွေမှာတော့ လူတွေရဲ့ အစာ အိမ်မှာရှိတဲ့ ပမာဏထက် ဆယ်ဆ ပိုတဲ့ အရေအတွက်မှာရှိပါတယ်။
ဒါ့အပြင်လူတွေရဲ့ ကျောက်ကပ်၊ အသည်းတွေ တည်ရှိပုံ အနေ အ ထားဟာလည်း တိရစ္ဆာန် အသား တွေကို ချေဖျက်ဖို့ စံချိန်မပြည့်မီ တဲ့ အနေအထားမှာရှိပါတယ်။ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်က လေ့လာချက်တစ်ခု အရ အမဲသားစားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် ဆီးနှင့် ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်ပွား စေကြောင်းတွေ့ရှိရပါတယ်။
အာဟာရဗေဒနဲ့ မာစတာဘွဲ့ ရခဲ့တဲ့ ကင်ဘာနွန်တို့ဟာ အသား၊ ကြက်၊ ငှက်၊ ပင်လယ်စာနဲ့ နို့ထွက် ပစ္စည်းတွေကနေ ဥပါဒ်ဖြစ်တဲ့ ဓာတ်တွေကို စာရင်းလုပ်ထားပါ ခလိုရိုအီသိုင်း၊ နိုင်ခရင်၊ဒိုင်အောက် ဇင်း၊ ဟက်တာခလော၊ ဟက်ဆာ ခလိုရိုအင်ဇိုင်းနဲ့ လင်းဒိန်းတို့ဖြစ်ပါ တယ်။
ဒါကြောင့် သားစားခြင်းဟာ အဝလွန်ခြင်း၊ ကင်ဆာ၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တွေနဲ့ ဆက် နွယ်နေပြီး ကိုယ်လက်အင်္ဂါမပြည့် မစုံမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း နဲ့ အာရုံကြောဆိုင်ရာ စနစ်တွေ ကမောက်ကမ ဖြစ်ရခြင်းပဲဖြစ်ပါ တယ်။ ဒါနဲ့ မံသဆိုတာ အမဲသားဆို လိုတာဖြစ်ပြီး ဒီနေရာမှာညတော့ အသားငါးအားလုံကို ရည်ညွှန်းပြီး ဝိဂြိုဟ်ပြုတဲ့အနေနဲ့ သုံနှုန်းထား တာဖြစ်ပါတယ်။ နောက်တစ်ပတ်မှ ပြန်လည်ဆုံတွေ့ကြပါစို့လား။


By 8 Days

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်