www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နှလုံးအစားထိုး ကုသရာ၌ ဂီတက ပြင်ပ တစ်သျှူးများ တိုက်ခိုက် ခံရမှုကို လျှော့ချပေးနိုင်

ကွက်များတွင် စမ်းသပ်ကြည့်ရာ၌ ဂီတသည် ကိုယ်ခံအားစနစ်အပေါ် ဩဇာသက်ရောက်မှုရှိပြီး နှလုံးအစားထိုး ကုသမှု၌ပြင်ပတစ်သျှူးများ တိုက် ခိုက် ချေ ဖျက်ခံရမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်ဟု ဗြိ တိန်နိုင်ငံ နှလုံးနှင့် ရင်ခေါင်းပိုင်း ခွဲစိတ်ကုသမှုဂျာနယ်က မတ်လ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များက ယင်းစမ်းသပ် ချက်ကိုပြုလုပ် ခဲ့ခြင်းဖြစ်ပြီး သူတို့သည် နှလုံးအစားထိုးကုသမှုပြုလုပ် ထားသောကြွက် များကို ဂီတနားထောင်စေကာ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ပြင်ပမှ တစ်သျှူး များကို ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံ Rejection ဟုခေါ်သော ဖြစ် စဉ်ကြောင့် အစားထိုးကုသထားသော နှလုံးသည် ခုနစ်ရက်မှ ရှစ်ရက် အတွင်း ပျက်စီး သွား များအား ဂီတအမျိုးအစားတစ်ရပ်ကို နား ထောင်စေခဲ့ ရာ၌ ယင်းနှလုံး အစားထိုးကု သထားသောကြွက်များသည် ထင်မှတ်ထားသည် ထက် များစွာပို၍ အသက်ရှင် သည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။
ဥပမာအားဖြင့် လာထရာဗီယာတာ အော်ပရာတီလုံးနှင့် မိုးဇက်၏ ဂန္ထဝင် ဂီတ တို့ကို နားထောင်ရ သည့်နှလုံးအစားထိုး ကုသထားသော ကြွက်များ သည် ၂၆ ဒသမ ၅ ရက်နှင့် ရက် ၂၀ အသီးသီး အသက်ရှင်မည် ကို တွေ့ရှိ ရသည်။ အချို့ သော ကြွက်များဆိုလျှင် ရက်ပေါင်း ၈၀ ကျော် သည်အထိ ပင် အသက်ရှင်ကြ သည်ဟုဆိုသည်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.