www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ခြေဆစ်တွေ ဘာကြောင့်ရောင် ရတာလဲ

လူတို့သည် လမ်းလျှောက်တတ် ပြီဆိုတဲ့ အရွယ်ကပင် ခြေထောက် များအား စတင် အသုံးချ ခဲ့ကြ ရပါတယ်။ ခြေထောက်လေးတွေ မှာ မနားတမ်း လမ်းလျှောက် လိုက်ရ၊ ပြေးလွှား ခုန်ပေါက် လိုက်ရဖြင့် လူ့ဘဝတစ် သက်တာကာလပတ်လုံး ခန္ဓာကိုယ် ကြီးအား ထမ်းပိုးသယ်ဆောင် လှုပ်ရှား ခဲ့ကြရတာကို သတိပြုမိကောင်း သတိပြုမိကြ ပါလိမ့်မယ်။ ဤသို့ တောက်လျှောက်အသုံးတော်ခံခဲ့ရတဲ့ ခြေထောက်အဆစ်အမျက်ကလေးတွေ ခမျာ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ရောင်ရမ်း ကိုက်ခဲနာကျင်လာနိုင်ပါ တယ်ဆိုတာကိုတော့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။
အမှန်ကတော့ လူဆိုတာ အ သက်အရွယ်ရလာတာနဲ့အမျှ အသက် ရလာခြင်းကြောင့် တစ်နည်းအားဖြင့် အိုလာတဲ့အတွက်ကြောင့် ယိုယွင်း ပျက်စီး လာတဲ့ ရောဂါတွေဖြစ် လာရမှာ သဘာဝတရားတစ်ခုဖြစ်တယ်။ အိုမင်းလာလို့ အဆစ်အမျက် တွေ ရောင်ရမ်းလာရတဲ့အဖြစ်ဟာ တဖြည်းဖြည်း ဖြစ်လာပြီးမှ ကိုက်တာ ခဲတာရောင် တာတွေ ဖြစ်ပေါ်ခံစားစေ ပါတယ်။ စဖြစ်ကာစမှာတော့ ဖြစ်တဲ့ အဆစ်အမျက်လေးမှာပဲ တောင့်တင်း လာပြီး အကွေးအဆန့်ခက်ခဲလာတာ မျိုးလောက်က စတင်ခံစား ရပါတယ်။ အဲဒီလောက်ပဲဖြစ်ပြီး မသိသာလှပါ။ တစ်ခါတလေ ကိုက်တာ နာကျင် တာကလည်း ပြန်ကောင်းသွားတော့ သတိမထားမိတတ်ပါ။ ဒါပေမယ့် အရိုးထိပ်ပေါ်မှာ ဖုံးထားလေ့ရှိတဲ့ အရိုးနုမျက်နှာပြင် နှစ်ခုဟာ လှုပ်ရှားမှုပြုရတဲ့အခါတိုင်း အချင်းချင်း ပွတ်တိုက်မိလာကြ တယ်။
ပွတ်မိတဲ့အခါ နာကျင်တာ ရောင်ရမ်းတာစပြီ။ အချိန်ကြာလာတာ နဲ့အမျှ ထိုအရိုး မျက်နှာပြင်နှစ်ခုတို့ ပွန်းစားသွားပါပြီ။ ပွန်းစားခံရတဲ့ မျက်နှာပြင်တွေပေါ်မှာ အရိုးငေါငေါ၊ အသေးလေးတွေပေါ်လာတဲ့အခါ ကြမ်းလည်းကြမ်းတမ်း၊ အပိုင်းအစ အချွန်အတက်တွေ ဖြစ်လာတဲ့အတွက် လှုပ်ရှားမှုတစ်ခု ပြုလေတိုင်း အချွန် အစတွေချင်း ပွတ်လာရတဲ့အခါ နာကျင်တဲ့ဝေဒနာ ပိုဖြစ်ပေါ်စေပါ တော့တယ်။ ဒါကြောင့် လှုပ်ရှား သွားလာရတာ မလွယ်ကူတော့သလို အကွေးအဆန့်ခက်ခဲလာတယ်။ လှုပ်ရှားချင်တိုင်း လှုပ်ရှားလို့မရတော့ ဘူးပေါ့။ စဖြစ်ကာစမှာတော့ အကိုက် အခဲပျောက်ဆေး၊ အရောင်အရမ်း ကျဆေးလေးတစ်ခွက်လောက် သောက်လိုက်တာနဲ့ ရောင်တာရော၊ ကိုက်ခဲနာကျင်တာရော သက်သာ သွားနိုင်ပါတယ်။ သောက်ဆေး၊ ထိုး ဆေးနဲ့မရတော့ဘူး။ နာတာလည်း ကြာရှည်လာပြီဆိုရင် အရိုးခွဲစိတ် ဆရာဝန်ဆီ သွားတိုင်ပင်ရတော့ တာပါပဲ။ လိုအပ်ရင် ခွဲစိတ်ကုသ ပေးပါလိမ့်မယ်။
ဆေးပေးကုသခြင်း
ဆရာဝန်ကဆေးစာရွက်မှာ အ ကိုက်အခဲပျောက်ဆေးပြား သို့မဟုတ် အကိုက်အခဲသက်သာစေတဲ့ ထိုးဆေး စတင်ညွှန်ကြားတတ်ပါတယ်။ တော်ရုံ အကိုက်အခဲ၊ အရောင်အရမ်းဆိုရင် သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး လောက်နဲ့ အဆင်ပြေစေပါတယ်။ ရောင်ရမ်းနေတဲ့ ခြေထောက်အဆစ် ကလေးတွေပေါ်မှာ ရေခဲအုပ်ပြီး အကိုက်အခဲပျောက်ဆေး ပြားလေး သို့သော် အကိုက်အခဲဝေဒနာက အတော်လေး အရှိန်ရစပြုလာပြီ၊ နည်းနည်း ပိုဆိုးလာပြီဆိုရင်တော့ အဆစ်အမျက်အရောင်လျော့ အကိုက်အခဲသက်သာစေတဲ့ ဂလူးကို စမင်း Glucosamine နဲ့ ကွန်ဒရိုက် တင်ဆပ်ပလီမင့် Condroitin Supplements တွေလည်း ပေးတတ် တယ်။ ဒါပေမယ့် အချိန်အဆလည်း လိုတော့ ဒါကို ကျွမ်းကျင်တဲ့ ဆရာဝန် က လူနာအခြေအနေပေါ် ကြည့်ပြီး ကုသမှာဖြစ်ပါတယ်။
 ခွဲစိတ်ကုသခြင်း 
သောက်ဆေး၊ ထိုးဆေးတွေနဲ့ မတိုးတော့တဲ့အပြင် ပိုပြီးနာကျင် ကိုက်ခဲမယ်၊ အကွေးအဆန့်ခက်လာ တယ်ဆိုရင်တော့ လှုပ်ရှားသွားလာ ရတာ လွယ်ကူစေရန်နှင့် နာကျင် တာလည်း သက်သာစေရန် ခွဲစိပ် ကုသပေးတတ်ပါတယ်။ အရိုးနှစ်ခု ပွတ်တိုက်ထားလို့ ဖြစ်ပေါ်လာတဲ့ အစအချွန်လေးတွေကို ညီအောင် ညှိပေးရခြင်းဖြစ်တယ်။ အဆစ်အမျက် ရောင်ရမ်းတာ ပိုမိုဆိုးဝါးလာပါက အဆစ်အမျက်ကို ပူးသွားအောင် လုပ်ပေးတတ်ပါတယ်။ ဒါမှမဟုတ် သက်သာစေရန် အတူတကွ အစားထိုး ပေးနိုင်ပါတယ်။ အရိုးးနှငှင့်အ့အဆစ်အ်အမျက်မ်များသန်မ်မာ စေရန် လေ့ကျင့်ခန်း လှုပ်ရှားမှု ပြုလုပ် ပေးခြင်းဖြင့် အရိုးနှင့် အဆစ်အမျက်ကို သန်မာကြံ့ခိုင်စေပါတယ်။ အရိုးသန်မာကြံ့ခိုင်မှုကို အား ပေးတဲ့ ကယ်လ်ဆီယမ်နှင့် ဗီတာ မင်ဒီတို့ကို နေ့စဉ် မှန်မှန်လုံလောက် အောင် စားပေးရန်လည်း လိုပါ တယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.