www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အရွယ်တင် နုပျိုစေသည့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ

ကင်ဆာရောဂါ
ဗီတာမင်အေ၊ အီး၊ စီနဲ့ သတ္တုဓာတ် ဆီလီနီယမ် အစရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေဟာ တချို့ကင်ဆာ ရောဂါတွေကို ကာ ကွယ်နိုင်တယ်လို့ Arizona Health Sciences Centre မှ Dr. Ronald Ross Watson ကပြောပါတယ်။ လေ့လာမှုတွေအရ အောက်ပါ အတိုင်း တွေ့ ရှိခဲ့ပါတယ်။ - ရေနဲ့ မြေဆီလွှာမှာ ဆီလီနီယမ် သတ္တုဓာတ်ပါဝင်မှု လျော့နည်းတဲ့ဒေသတွေမှာ အစာမျိုပြွန်၊ အစာအိမ်နဲ့ စအိုကင်ဆာကြောင့် သေဆုံးနှုန်း ပိုများပါတယ်။ - ဗီတာမင်အေဓာတ် ချို့တဲ့တာကြောင့် အဆုတ်၊ အသံအိုး ၊ ဆီးအိမ်၊ အစာမျိုပြွန်၊ အစာအိမ်အူမကြီး ၊ စအို နဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ - ဗီတီတာမင် စီဟီဟာ သားအိမ်ခေါင်းအကြိုကင်ဆာအခြေအနေဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ - ဗီတီတာမင် အီးးဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ကို လျှော့ချနိုင်တယ်လို့ ဂျွန်ဟော့ကင်းမှ သုတေသီတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ခုခံအားကျဆင်းခြင်း
အသက်အရွယ်ကြီးလာတာကြောင့် ခုခံအားစနစ် ကျဆင်းတတ်ပါတယ်လ Tufts တက္ကသိုလ် စိုက်ပျိုးရေး အာဟာရ သိပ္ပံဆိုင်ရာဌာနမှ Dr. Jeffrey Blumberg ကပြောပါတယ်။ တိရစ္ဆာန်တွေ အပေါ်လေ့လာမှုအရလည်း ဗီတာမင်အီးကို ပမာဏများစွာ တိုက်ကျွေးတာကြောင့် ခုခံအားကျဆင်း တာကိုပြန် လည်ပြုပြင်နိုင် ကြောင်းသိရပါတယ်။ ကျွန်မတို့ရဲ့ ခုခံအားစနစ်ဟာ ရောဂါကို ကာကွယ်ရာမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပါ တယ်။
အရွယ်အိုမင်းခြင်း
အသက်အရွယ်အိုမင်းလာတာကြောင့် ဉာဏအားချို့တဲ့လာတာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့်ပါလို့ Dr. Blumberg ကဆိုပါတယ်။ ဓာတ်တိုးပစ္စည်းတွေ ဘယ်လိုမျိုးပျက်စီးတာကြောင့် အသက်ကြီးသူတွေမှာ ဉာဏအား ချို့တဲ့ရတယ်ဆိုတာကို သေသေချာချာမသိပေမယ့် ဦးနှောက်အတွင်း အာရုံကြောပျက်စီး တာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဗီတာမင်အီးဟာ ဒီလိုပျက်စီးမှုတွေကို ကာကွယ်နိုင်တယ်လို့လည်း တွေ့ရှိခဲ့ပြီး ဗီတာမင် အီး ချို့တဲ့ တဲ့ အစာစားတဲ့ တိရစ္ဆာန်တွေမှာ ပျက်စီးမှု ပိုများတယ်လို့ ဆိုပါတယ်။
အသက်ရှည်ခြင်း
ကျွန်ုပ်တို့ ကျန်းကျန်းမာမာနဲ့ ပုံမှန်အသက်ရှည်နှုန်းကို ငါးနှစ် ဒါမှမဟုတ် ပိုပြီးဆွဲဆန့်ကာ အသက် ၁၀ဝ ကျော်အထိ အသက်ရှည်အောင် ပြုလုပ်နိုင်တယ်လို့ Dr. Harmon က ဆိုပါတယ်။ ဗီတာမင် အီးနဲ့ စီလိုမျိုး သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်တဲ့ အစားစာတာ၊ အဆီတွေ လျှော့စားတာနဲ့ အစာ အလွန်အကျွံ မစားတာတွေ ပြုလုပ်ပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်လာမယ့်ရောဂါတွေရဲ့ဖြစ်နိုင်ခြေကို လျှော့ချပါလို့ Dr. Harmon က ဆိုပါတယ်။
ဓာတ်တိုးပစ္စည်းဟာ ကျွန်ုပ်တို့ဇီဝရုပ်ဖြစ်ပျက်မှုရဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ အစာများများစားလေလေ ခန္ဓာကိုယ်မှ ဓာတ်တိုးပစ္စည်းတွေ များများ ထွက်လေလေပါ။ ဓာတ်တိုးပစ္စည်းတွေကို တိုက်ဖျက်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်း အပြင်နုပျိုအောင် နေနိုင်ကြပါစေလို့ ဆု မွန်ကောင်းတောင်းပေးလိုက်ပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်