www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရာမှာ သတိထားစရာ အချို့

မျက်စိ များကို အကာ အကွယ် ပေးပါ။ နေပူထဲမှာ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း များများ လုပ်တဲ့ သူများ အနေနှင့် မျက်စိများကို နေရောင်ထဲတွင် ပါဝင်သော ခရမ်းလွန် ရောင်ခြည် (UV Rays) ဒဏ်မှ အကာအကွယ်ပေး သင့်ပါတယ်။
UV (Ultraviolet) ရောင်ခြည်လှိုင်း အတော်များများ (Broad-Spectrum UV) ကို အကာ အကွယ်ပေးတယ်လို့ သတ်မှတ်ထား တဲ့ မျက်မှန်များကို တပ်ဆင်ပါ။ ယေဘုယျ အားဖြင့် မီးခိုးရောင်မှန်တွေ က အညိုသို့မဟုတ် အစိမ်းရောင်မှန် များထက် UV ရောင်ခြည်ကို ပိတ်ဆို့ ကာကွယ်ရာမှာပိုပြီးထိရောက်ပါတယ်။
- ပြေးသူများ ဒါမှမဟုတ် ရွရွပြေး သူများ (Joggers) မှာ ညို့သကျည်း ကြွက်သားများ ရောင်ခြင်းအဖြစ်များ တတ်ပါတယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်သူများ အနေဖြင့် အပြေးရှူးဖိနပ် ကောင်းကောင်း သုံးသင့်ပါတယ်။ ဒါ့အပြင် သိပ်မမာတဲ့ မျက်နှာပြင်များ မှာ ပြေးသင့်ပါတယ်။ ဥပမာအားဖြင့် မြေလမ်း ဒါမှမဟုတ် သစ်သားစများ ဖုံးနေတဲ့လမ်းစသည်တို့ဟာ ကွန်ကရစ် လမ်းနှင့်စာလျှင် ပိုကောင်းပါတယ်။
-ပြေးဖိနပ်များနှင့် ပြေးတဲ့အခါ ခြေထောက်များမှာ အရည်ကြည်ဖု များ၊ မီးလောင်ဖုများ (Blisters) မဖြစ်ရအောင် ပြေးဖိနပ်အသစ်ကို ဟပြီး အရည်ကြည်ဖု ဖြစ်နိုင်တဲ့ နေရာများမှာ ပက်ထရိုလီယမ်ဂျယ်လီ ဒါမှမဟုတ် Calendular လိမ်းဆေး သုတ်လမ်းပြီး ယင်းနေရာများမှာ ပတ်တီးစည်းထားပါ။ အခလစ်ဖိုင်ဘာ (Acrylic Fibre) နှင့် ပြုလုပ်ထားတဲ့ အားကစားသမားသုံး ခြေစွပ်များကို အသုံးပြုပါ။ ယင်းတို့က ပွတ်တိုက် မှုဒဏ်ကို လျော့ပါးစေပါတယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.