www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

လက်ဖက် ရည်ကြမ်း ရဲ့ ထူခြားတဲ့ အာနိသင် သစ်

လူသားများ အသက်ရှည် ကျန်းမာ ရေးအတွက် လက်ဘက် ရည်ကြမ်း သောက်သုံး ခြင်းသည် များစွာ အထောက် အကူဖြစ်စေသည်ကို ရှေးနှစ်ပေါင်းများ စွာ ကာလကတည်းက သိရှိခဲ့ပြီးဖြစ် သော်လည်း ယခုလေ့လာတွေ့ရှိချက် သစ်တစ်ခုအရ တက်စထရိုစတိရုန်း (testosterone)ကို ဖုံးကွယ်ထားနိုင် သည်ကို တွေ့ရပြန်ရာ အားကစားလော ကသားများအား တားမြစ်မူးယစ်ဆေး ဝါးစစ်ဆေးရေးနှင့် ပတ်သက်၍ အခက် အခဲသစ်တစ်ရပ်ပင်ဖြစ်သည်ဟုအေပီ သတင်းကဖော်ပြလာပါသည်။ မကြာ ခင် ကျင်းပတော့မည့် လန်ဒန်အိုလံ ပစ်ပြိုင်ပွဲကော်မတီရှင်အတွက်လည်း တဲ့အကျပ်ရိုက်စေသည့် အချက်တစ်ချက် လည်းဖြစ်ပေသည်။ ကမ္ဘာ့မူးယစ်ဆေးဝါးဆန့်ကျင် ရေး အေဂျင်စီ (WADA) မှာ ညွှန်မှူး အိုလီမီရာရာမင်က "စတီးရွိုက်စစ်ဆေး မှုတွေ ပြုလုပ်တဲ့အခါမှာ နည်းစနစ် သစ်ထပ်မံ တီထွင်ဖို့လိုအပ်လာပါပြီ။ လက်ဖက်ရည်ကြမ်းက ဒီစတီးရွိုက် ဒြပ်ပေါင်းတွေအပေါ် ဘယ်လိုလွှမ်းမိုး မှုရှိတယ်ဆိုတာ အားချင်းလေ့လာနေ ပါတယ်။ အိုလံပစ်ပွဲမှာ အားကစား သမားတွေကို ဆေးစစ်တဲ့အခါ မှန်မှန် ကန်ကန်ဖြစ် ဖို့အရေးကြီးပါတယ်"ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်