www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မှတ်ဉာဏ်ကောင်းစေသည့် နည်းလမ်းများ

သင့်ရဲ့ မှတ်ဥာဏ် ချို့ယွင်း ခြင်း ပြဿနာ ကို လုံးဝ ပျောက်ကင်း သွားအောင် မပြုလုပ်ပေးနိုင်ပေမယ့် လျော့နည်းသွားစေမယ့် နည်းလမ်းအချို့ကို သုတေသီများ ကတွေ့ရှိခဲ့ကြပါတယ်။ မှတ်ဥာဏ်ပိုကောင်းလာစေရန် အတွက် အောက်ပါ အချက်များကို လိုက်နာပါ။
(၁)ကျောင်းနှင့် အဆက်မပြတ်ပါစေနှင့်။စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်သည် သတိမေ့ရောဂါ ကိုနှေးကွေးစေနိုင်ကြောင်းတွေ့ရှိထား ရပြီး ဖြစ် ပါတယ်။
(၂) ကျန်းမာရေးနှင့် ညီညွတ်စွာစား သောက်ပါ။ အင်တီအောက်စီးဒင့်နှင့် သံလွင်ဆီပါသော အစားအစာများကို စားပါ။
(၃) သင်၏မှတ်ဥာဏ် ကိုလေ့ကျင့်ပေးပါ။ မှတ်ဥာဏ်လေ့ကျင့်ပေးသော သမားရိုးကျ လေ့ကျင့်ခန်းများသည် သင်ယူခြင်း၊ စုဆောင်းမှတ်သားခြင်း ကိုတိုး တက်စေပါတယ်။
(၄) စစ်တုရင်ထိုးခြင်း၊ ကျားထိုးခြင်းသို့မဟုတ် ဂီတတူရိယာတစ်ခုခု တီးမှုတ်ခြင်း ပြုလုပ်ပါ။
(၅) နှလုံးသွေးကြောရောဂါ အန္တရာယ် ကို ကာကွယ်ထိန်းချုပ်ပါ။ ဥပမာ- သွေးဖိ အားမြင့်နေလျှင် ကျဆင်းအောင် ထိန်းချုပ်ပါ။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.