www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အချင်း ဘယ်လို အလုပ်လုပ် သလဲ

အချင်း(Placenta)ဟာ ကိုယ်ဝန်ဆောင်ချိန် အတောအတွင်းမှာ အရေးပါ တဲ့ တာဝန်တစ်ရပ်ကို ဆောင်ရွက်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းက ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်အချက်တွေက အချင်းကို ထိခိုက်စေနိုင်သလဲ စတဲ့အချက်တွေကို သိထားသင့်ပါတယ်။
အချင်းက ဘာအလုပ်လုပ်သလဲ အချင်းဟာ ကိုယ်ဝန်ဆောင်ချိန်အ တောအတွင်း သားအိမ်ထဲမှာ ဖွံ့ဖြိုးနေတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အ ချင်းဟာ ကြီးထွားနေတဲ့ သန္ဓေသားဆီ ကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ပေးပြီး သန္ဓေသားရဲ့ သွေးမှ စွန့်ပစ် ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။
အချင်းဟာ သားအိမ်နံရံနဲ့ တွယ်ဆက်ထား ပြီး သန္ဓေသားရဲ့ အချင်းကြိုးဟာ သားအိမ်နံရံကနေ ထွက်လာပါတယ်။ ကိုယ်ဝန်အများစုမှာ အချင်းဟာ သားအိမ် ရဲ့ ထိပ် ဒါမှမဟုတ် သားအိမ်ရဲ့ ဘေးမှာ တွယ်ဆက်ထားပါတယ်။
ဘယ်အချက်က အချင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သလဲ ကိုယ်ဝန်ဆောင်ချိန်အတွင်း တချို့ အချက်တွေက အချင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ ဥပမာအားဖြင့် - ကိုယ်ဝန်ဆောင် မိခင်၏ အသက်အရွယ် အချင်းပြဿနာတချို့ဟာ သက်ကြီးအမျိုး သမီးတွေ၊ အထူးသဖြင့် အသက် ၄၀ကျော် ချိန် မှာ ပိုမို အဖြစ်များပါတယ်။
လမစေ့ရေမြွှာပေါက်ခြင်း ကိုယ်ဝန်ဆောင်ချိန်အတွင်း Amniotic Sac လို့ခေါ်တဲ့ အရည်ပြည့်တဲ့အ မြှေးပါးတွေ ဝန်းရံနေပါတယ်။ အဲဒီအ မြှေး ပါးဟာ ကလေး မမွေးခင် စိမ့်သွားတာ၊ပေါက်တာဖြစ်ရင် အချင်းပြဿနာ တချို့ဖြစ်နိုင်ခြေမြင့်တက် လာပါတယ်။သွေးတိုးခြင်းသွေးတိုးတာကြောင့် အချင်းကို ထိ ခိုက်စေနိုင်ပါတယ်။ အမြွှာကိုယ်ဝန်ဆောင်ခြင်း သန္ဓေသားတစ်ဦးထက် ပိုပြီး ကိုယ်ဝန်ဆောင်ရင် အချင်းပြဿ နာဖြစ်နိုင်ခြေကိုမြင့် တက်စေနိုင်ပါတယ်။
သွေးခဲခြင်းဆိုင်ရာဝေဒနာများ သွေးခဲနိုင်ခြေကို ထိခိုက်စေတဲ့ အခြေအနေကြောင့် အချင်းပြဿနာတချို့ ကို ဖြစ်စေနိုင်ပါတယ်။ ယခင်က သားအိမ်ခွဲစိတ် ကု သမှုခံယူထားခြင်း အရင်က သားအိမ်ကို ခွဲစိတ်ကုသ မှုခံယူဖူးရင် အချင်းဆိုင်ရာပြဿနာဖြစ် နိုင်ခြေမြင့်တက်နေပါတယ်။ ယခင်က အချင်းပြဿနာ ရှိ ဘူးခြင်း အရင်ကိုယ်ဝန်ဆောင်စဉ်က အချင်းပြဿနာဖြစ်ဖူးရင် အခုတစ်ကြိမ်မှာလည်း အချင်းပြဿနာဖြစ်နိုင်ခြေမြင့် တက်နေပါတယ်။ မူးယစ်ဆေး သုံးခြင်း ဆေးလိပ်သောက်ထားတဲ့ ဒါမှမဟုတ် ကိုကိန်းလို မူးယစ်ဆေးဝါး သုံးစွဲ ဖူးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ဆောင်ချိန်မှာ အချင်းပြဿနာ တ ချို့ ဖြစ် နိုင်ခြေ မြင့်တက်နေပါတယ်။
ဝမ်းဗိုက်ထိခိုက်ဒဏ်ရာရခြင်း ဝမ်းဗိုက်ကို တစ်ခုခုနဲ့ တိုးတိုက်မိတာ၊ လဲကျတာတို့ကြောင့် ဝမ်းဗိုက်ထိ ခိုက်ဒဏ်ရာရထားရင်လည်း အချင်း ပြဿနာဖြစ်နိုင်တဲ့ အန္တရာယ်မြင့်တက်နေပါတယ်။ ဘယ်အရာတွေက အဖြစ်များဆုံး အချင်းပြဿနာတွေဖြစ်ပါသလဲ ကိုယ်ဝန်ဆောင်ချိန်အတွင်း အချင်းကွာကျတာ၊ အ ချင်း ရှေ့ရောက်တာတွေက အဖြစ်များပါတယ်။ ဒီအခြေအနေ တွေဖြစ်ရင် မိန်းမကိုယ်မှ သွေးအလွန် အမင်း ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ အချင်းပြဿ နာတွေ ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ကိုယ်ဝန်ဆောင်ချိန်အတောအ တွင်း မိန်းမကိုယ်မှ သွေးဆင်းတာ၊ ဗိုက် အောင့်ဗိုက် နာတာ၊ ခါးအ လွန်အမင်းနာ တာနဲ့ သားအိမ်က ခပ်မြန်မြန်ကျုံ့ တာတွေဖြစ်ရင် အချင်းပြဿနာဖြစ်နိုင် ခြေရှိတာကြောင့် ဆရာဝန်နဲ့ အမြန် ဆုံး ပြသသင့် ပါတယ်။
အချင်းပြဿနာတွေရဲ့ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ ဘယ်အချက်တွေကို လုပ်ဆောင်သင့်ပါသလဲ အချင်းပြဿနာ အများစုကို တိုက် ရိုက်တော့ မကာကွယ်နိုင် ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးကောင်းတဲ့ ကိုယ်ဝန်ရရှိစေဖို့ အောက်ပါအဆင့်တွေကို လိုက်နာသင့် ပါတယ်။ ဥပမာအားဖြင့် - ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက် လုံး ဆရာဝန်နဲ့ မှန်မှန်ပြသပါ။ သွေးတိုးတာလို ကျန်းမာရေးအခြေ အနေတွေကို ထိန်းချုပ်နိုင်ဖို့ ချိန်းဆိုချက် အတိုင်း ဆေးခန်းမပျက် မကွက်သွားပါ။ ဆေး လိပ်နဲ့ တခြား မူးယစ်ဆေးတွေ မသုံးစွဲပါနဲ့။
အရင်ကိုယ်ဝန်ဆောင်စဉ်က အချင်းပြဿနာရှိဖူးပြီး ထပ်မံကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားရင် အချင်းပြဿနာကို ထပ်မံမကြုံတွေ့စေဖို့ ဆရာဝန်နဲ့သေချာတိုင် ပင်ဆွေးနွေးသင့်ပါတယ်။ အချင်းဟာ ဘယ်လို ထွက်လာသလဲ သဘာဝနည်းနဲ့ ကလေးမွေးရင် ကလေးမွေးတဲ့ တတိယအဆင့်အတွင်း အချင်းဟာ မိန်းမ ကိုယ်မှ ထွက်လာတတ်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ညင်ညင်သာသာ ကျုံ့နေပါလိမ့်မယ်။ အဲဒီအချိန်မှာ သူနာပြုဆရာမက အချင်းကွာကျ စေဖို့ သင့်ဝမ်း ဗိုက်အောက်ပိုင်းကို နှိပ်ပေး ပါလိမ့်မယ်။ ဒီလိုလုပ်ရင်း တစ်ချိန်မှာ အချင်းထွက်လာပါလိမ့်မယ်။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်