www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကင်ဆာရောဂါ ဝေဒနာရှင်များ ပြုလုပ်သင့်သော ကာယလှုပ်ရှားမှုများ

လေ့လာ မှုတွေ အရ  လေ့ကျင့်ခန်း ပြုလုပ် တာကြောင့် (အနည်း ငယ်လေးပြု လုပ် တာတောင်) ကင်ဆာရောဂါ ရှိတဲ့ လူတွေ မှာဝေဒနာသက် သာနှုန်းမြန် ဆန်ကြောင်း သိရ ပါတယ်။ ကင်ဆာရောဂါရှိ သူတွေအနေ နဲ့အောက် ပါလေ့ကျင့် ခန်းတွေပြု လုပ်သင့်ပါတယ်လို့ သုတေသနပြု သူတွေက အကြံပေး ထားပါတယ်။
လမ်းလျှောက်ခြင်း
နေ့စဉ် မိနစ် ၃၀ခန့်နှုန်းနဲ့ တစ်ပတ် ကို သုံးရက်မှ ငါးရက်ထိ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်တာဟာ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် များစွာအကျိုးရှိ တယ်လို့ ဆိုပါတယ်။ လမ်းလျှောက်လေ့ ကျင့်ခန်းကို ဆေးကုသစဉ်ကာလအတွင်း မှာလည်း ပြုလုပ်နိုင်ပါတယ်။ အလွန်မော ပန်းတာဖြစ်စေတဲ့ ပြင်းထန်တဲ့ ကင်ဆာ ကုသဆေးတွေနဲ့ ကုသမှုမပြုလုပ်ရတဲ့ လူနာတွေနဲ့ သင့်တော်ပါတယ်။
စက်ဘီးစီးခြင်း
(Stationary Bike)
ကိုယ်ခံအားစနစ် ကျဆင်းနေတဲ့လူနာ တွေဟာ လူအများအသုံးပြုတဲ့ အားကစား ခန်းမမှာ လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ ကင်ဆာရောဂါရှိ သူတွေအနေ နဲ့ ခြေ ထောက်တွေ၊ လက်တွေမှာ စူးရှနာကျင် သလိုဖြစ်ရင် ဒါမှမဟုတ် ခံစားမှုမရရှိခဲ့ ရင် အာရုံကြောအားနည်းတဲ့ ဝေဒနာ Peripheral Neuropathy လို့ခေါ် ပြီး စက်ဘီးစီးစက်နဲ့ လေ့ကျင့်ခန်းပြုလုပ်သင့် ပါတယ်။ Peripheral Neuropathy ဟာ ကင်ဆာရောဂါအတွက် ကုသမှုခံယူသူ တွေမှာ အဖြစ်များတဲ့ ဆိုးကျိုး တစ်ခုပါ။
အလေးမလေ့ကျင့်ခန်း ပြုလုပ်ခြင်း
သားမြတ် ကင်ဆာရောဂါဝေဒနာ ခံစားရတဲ့ အမျိုးသမီးတွေ အနေနဲ့ အပေါ်ပိုင်း ကြွက်သားတွေကို ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပေးဖို့လိုပါတယ်။ အလေး မ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကြွက်သား တွေ Tone အားလည်း ကောင်းမွန်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဘတ်နဲ့ ပခုံးကို အဓိကထား ပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
ယောဂကျင့်ခြင်း
ယောဂလေ့ကျင့်ခန်းတွေဟာ များသောအားဖြင့် အန္တရာယ်ကင်းပြီး သင့် အိမ်မှာပဲ သက်သောင့်သက် သာပြုလုပ် နိုင်ပါတယ်။ မောပန်းပြီး ပျို့အန်ချင်တဲ့ လူ နာတွေအတွက် အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းပါ။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်