www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကျန်းမာရေး အတွက် ကောင်းသော မကောင်းသည့်အကျင့်များ

ပီကေ ဝါးခြင်း
ပီကေ ဝါးခြင်း သည် မိမိ၏ ရှိရင်း စွဲ မှတ်ဥာဏ် စွမ်းရည် ကို တိုးမြင့်စေ သည်။ ဥာဏ်ကို လွှာသုံးရသောကိစ္စ များ (ဥပမာ-သင်္ချာပုစ္ဆာတွက်ခြင်း) တွင်စဉ်းစားတွေးခေါ် ဥာဏ်ကိုမြှင့်တင် ပေးသည်။ သို့သော် ゞင်းသည် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်သာ တာရှည်ခံသည်။
ကျိန်ဆဲခြင်း
တံခါးကြား လက်ညပ်သောအခါ ခလုပ်တိုက်၍ ခြေခေါက်သွားသော အခါစသည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံ စားရသောအခါများတွင် ကျိန်ဆဲသော စကားအချို့ ပေါက်ကွဲလွှတ်ထုတ်ပေး ခြင်းသည် နာကျင်မှုကို လျော့ပါးသက် သာစေသည်။
အိပ်ရာမသိမ်းခြင်း
ကျွန်ုပ်တို့ အိပ်ရာတွင် ၁ ဒသမ ၅ သန်းမျှသော အဏုဇီဝပိုးမွှားများ သည် ခန္ဓာကိုယ်မှထွက်သော အရေ ပြားဆဲလ်များကို မှီဝဲစားသုံး၍ ဓာတ် မတည့်မှု၊ ယားယံမှု၊ ပန်းနာရင်ကြပ် ဖြစ်စေသော ဓာတ်ပေါင်းများကိုထုတ် လွှင့်သည်။ မိုးလင်းအိပ်ရာသိမ်းလျှင် ၄င်းပိုးမွှားများ ဆက်လက်ရှင်သန်ရန် လိုအပ်သော အစိုဓာတ်ကိုပေးရာရောက် ၍ အိပ်ရာမသိမ်းခြင်းက ဓာတ်မတည့် မှုကိုလျော့ချပေးနိုင်ပေသည်။ ခြေထောက်လှုပ်ခြင်း ထိုင်သည့်အခါ ခြေထောက်ကို တဆတ်ဆတ်လှုပ်နေသူများ၊ ဂဏှာ မငြိမ်သူများကို ရိုင်းစိုင်းသူများဟု ထင်မှတ်ကောင်း၊ ထင်မှတ်လိမ့်မည်။ သို့သော် ၄င်းကဲ့သို့ ပြုမူခြင်းသည် ကယ်လိုရီအတော်များများကို လောင် ကျွမ်းစေ၍ ကိုယ်အလေးချိန်လျော့ချ ရာတွင် အထောက်အကူပြုသည်။
စိတ်ပူကြောက်လန့်ခြင်း
စိတ်ပူပန်၊ ကြောက်လန့်တုန် လှုပ်ခြင်းသည် ကိုယ်ခံအားစနစ်ကို တိုးမြင့်စေ၍ တော်ရုံရောဂါများကို ကာကွယ်နိုင်စွမ်း မြင့်တက်စေသည်။ ကာကွယ်ဆေးစွမ်းအင်ကိုလည်း ပိုမို ထိရောက်စေ၍ မှတ်ဥာဏ်စွမ်းအားကို မြင့်မားစေသည်။ သို့သော် ၄င်းသည် ကြာရှည်၌ နှလုံးရောဂါနှင့်သွေးတိုးကို ဖြစ်စေနိုင်သည်။
အတင်းပြောခြင်း
သူများ၏ မကောင်းကွက်များကို အချင်းချင်း ပြောဆိုခြင်းသည် လူမှုရေး အရ မကောင်းသည်မှာ မှန်သော်လည်း ပြောသူအတွက်မူ စိတ်ဖိစီးမှုလျော့ကျ စေသည်။ နားထောင်သူအတွက်လည်း သူများကဲ့ရဲ့မည် အပြုအမူမျိုးရှောင်ရှား ရန်သတိပေးရာရောက်သည်။ သို့သော် ချဲ့ကားပြောဆိုခြင်း၊ မဟုတ်မမှန် ပြော ဆိုခြင်းကမူ အကျိုးများလိမ့်မည်မဟုတ် ချေ။


By Health Care

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်