www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

စီးကရက် ဖြတ်ရာတွင် အောင်မြင်စေရန် အကူအညီ ပေးနိုင်သော အစား အသောက် များ

စီးကရက် သောက်တတ် တဲ့ အကျင့် ပြတ် သွားအောင် အကူ အညီ ပေးနိုင် မယ့် အစား အသောက်တွေ ရှိပါတယ်။
၁) နို့နှင့် နို့ထွက်ပစ္စည်းများ
နွားနို့ဟာ ခန္ဓာကိုယ်အတွက် အာ ဟာရဓာတ်ကို များများပေးနိုင်တဲ့ အစား အသောက်တစ်မျိုးပါ။ ဒါပေမဲ့ နွားနို့ဟာ ဆေးလိပ်ပြတ်အောင် ကူညီနိုင်တယ်ဆို တာကို လူအများစုက မသိကြပါဘူး။ ဆေးလိပ်မသောက်ခင်မှာ နွားနို့တစ်ဖန် ခွက်လောက် သောက်သူတွေက စီးက ရက်ရဲ့ အရသာကို မကြိုက်နှစ်သက်တော့ ဘူးလို့ Duke တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။ အဲဒီအချိန်မှာ စီးက ရက်ရဲ့ အရသာက ပိုမိုခါးသက်လာတယ် လို့ သူတို့က ဆိုပါတယ်။ နွားနို့ထဲနှစ်ပြီး အခြောက်ခံထားတဲ့ စီးကရက်ကို သောက် တဲ့အခါမှာလည်း ပါးစပ်ထဲမှာ ခါးသက် တဲ့အရသာကို ရရှိစေပါတယ်။
၂) အချို့သော ဟင်းသီးဟင်းရွက်များ
တရုတ်နံနံ၊ သခွားသီးနဲ့ ခရမ်းသီး တွေကို စားပြီး ဆေးလိပ်သောက်ရင် ခါး သက်တဲ့ အရသာကို ရရှိစေပါတယ်။ ဒါ့ အပြင် ဟင်းသီးဟင်းရွက်တွေကို များများ စားတာက နီကိုတင်းစွဲလမ်းမှုကို လျော့ ပါးစေတယ်လို့ ကျွမ်းကျင်သူတချို့က ဆို ပါတယ်။ ပဲအမျိုးမျိုးနဲ့ ပြောင်းဖူးတွေကို စားရင်လည်း ဦးနှောက်ရဲ့ စိတ်ကျေနပ် မှုကို ဖြစ်စေတဲ့ အစိတ်အပိုင်းကို လှုံ့ဆော် ပေးနိုင်တာကြောင့် ဆေးလိပ်သောက် ချင်စိတ် လျော့ပါးသွားတတ်ပါတယ်။
၃) လိမ္မော်ရည်
ဆေးလိပ်သောက်တာက ခန္ဓာ ကိုယ်ထဲသို့ ဗီတာမင်စီရောက်ရှိမှုကို လျော့ ကျစေတာကြောင့် ဗီတာမင်စီချို့တဲ့တတ် ပါတယ်။ ဆေးလိပ်သောက်တဲ့ အကျင့် ကို အမြန်ဖြတ်ချင်ရင် လိမ္မော်ရည်ကို များများသောက်ပါ၊ ဒါမှမဟုတ် လိမ္မော် သီး၊ လီမွန်သီး၊ တလဲသီး၊ မာလကာသီး စတဲ့ ဗီတာမင်စီများစွာ ပါတဲ့ သစ်သီး တွေကို များများစားပေးပါ။
၎) ဆား
ဆေးလိပ်သောက်ချင်စိတ် ပေါ် လာတဲ့အခါတိုင်း ဆားငန်တဲ့ မုန့် ဒါမှမ ဟုတ် ဆားနည်းနည်းကို လျှာထိပ်မှာ တို့ ပေးသင့်ပါတယ်။ ဆားက ဆေးလိပ်သောက် ချင်စိတ်ကို လျော့ကျစေတာကြောင့်ပါ။
၅) ပီကေ
သကြားမပါတဲ့ ပီကေကို ဝါးစားတာ က ခံတွင်းကို အလုပ်ရှုပ်စေတဲ့အတွက် ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျစေ ပါတယ်။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်