www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ခွေးရူး ကာကွယ်ဆေးထိုးလျှင် ကိုယ်ခံ ဓာတ်တိုးဆေးပါ တွဲထိုးသင့်

ခွေးရူး ကာကွယ် ဆေး ထိုးသည့် အခါ ကိုယ်ခံဓာတ် တိုးသည့် ဆေးကိုပါ ပူးတွဲ ထိုးထား ရန် လိုကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဦးစန်းထွေး က ပြောသည်။ ”ခွေးရူးပိုးက ခန္ဓာကိုယ် ထဲကို ရောက်ပြီ ဆိုတာနဲ့ ဦးနှောက်ထိ ပျံ့ နှံ့နိုင်တဲ့ အတွက် ကိုယ်ခံအားသာ မကောင်းရင် ချက်ချင်း အသက်ဆုံး ရှုံးနိုင်တယ်” ဟု ၄င်းက ပြော သည်။
ကိုက်မိသည့်အခါ ကိုက်သည့် နေရာပေါ် မူတည်၍ခွေးရူးရောဂါ ဖြစ် မဖြစ် အချိန်စော၍ မသိရှိနိုင် သောကြောင့် ခြေသလုံးကို ကိုက်မိ လျှင် ဦးနှောက်ထဲ ရောဂါ ပိုးရောက် ချိန် နောက်ကျသည့်အတွက် သုံးနှစ် ခန့်နေမှရောဂါပေါ်လာတတ်ကြောင်း၊ မျက်နှာနှင့် လက်တို့ကို ကိုက်မိ ပါက ဦးနှောက်ထဲသို့ ရောဂါပိုး မြန် မြန်ရောက်နို င်၍ ရောဂါလက္ခဏာ ချက်ချင်းပြကာ အသက်ဆုံးရှုံးနိုင် ကြောင်း၊ ထို့ကြောင့် ခွေးကိုက်ခံရ ပြီဆိုပါက ခွေးရူးကာကွယ်ဆေး အပြင် တစ်ဆင့်အနေနှင့် ကိုယ်ခံ ဓာတ် တိုးဆေးကိုပါ တစ်ခါတည်း ထိုးထားသင့်ကြောင်း အထက်ပါ ဆရာဝန်က သတိပေးပြောသည်။ယင်းခွေးရူး ရောဂါသည် ခွေး တိုင်းတွင် ဖြစ်နိုင်သည်ဆိုသော် လည်း အိမ်မွေးခွေးထက် ခွေးလေ ခွေးလွင့်များ ကိုက်လျှင် ခွေးရူး ရော ဂါ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုများ ကြောင်း ၄င်းက ဆက်ပြောသည်။
”အိမ်မွေးခွေးတွေမှာ ခွေးရူး ပိုးရှိပြီ ဆိုရင်တော့ ခွေးက တစ် ပတ်၊ ဆယ်ရက်ဆိုသေနိုင်တယ်။ ခွေးလေခွေးလွင့် ကိုက်ရင်တော့ ခွေး ရူးပိုးရှိမှန်း မသိနိုင်ဘူး။ ဒါကြောင့် အကိုက်ခံရလို့ သွေးမထွက်ဘဲ ခြစ် ရာလေး ဖြစ်တယ်ဆိုရင်တောင် ကာကွယ်ဆေး ကြိုထိုးထားသင့် တယ်။ ဖြစ်နိုင်ရင် ကိုက်မိတဲ့ ခွေး ကို တစ်ခါတည်းသတ်ပြီး မြေမြှုပ် လိုက်သင့်တယ်။ ဒါဆိုရင်တော့ စိတ် အချရဆုံးပဲပေါ့” ဟု ၄င်းဆရာဝန် က ပြောသည်။ ခွေးရူးရောဂါသည် တစ်နှစ် ပတ်လုံး ဖြစ်နိုင်သည့် အတွက် ခွေး ကိုက်မခံရအောင် နေသင့်ပြီး ကိုက် မိလျှင် ကာကွယ်ဆေးကို မဖြစ်မနေ ကြိုထိုးထားသင့်ကြောင်း၊ အိမ်မွေး ခွေးများမူမမှန်ပါက ၊ ကိုက်ပါက ချစ် သည့်စိတ်နှင့် မသတ်ဘဲမနေသင့် ကြောင်း အထက်ပါ ဆရာဝန် က ပြောသည်။
By Popular News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်