www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။
ယင်းရောဂါကို စောစောစီးစီး အချိန်မီ ဆေးဝါး ကုသမှုမခံ ယူပါက နှစ်ကြာလာသည့် အခါတွင်မူ ရောဂါ ပိုမိုပြင်းထန်လာနိုင်သည်။ ဒါ့အပြင် သွေးလည်ပတ် မှုကောင်းမွန်ခြင်း မရှိ တော့ဘဲသွေးကြော ပိတ်၊သွေးကြော ကျဉ်း ရောဂါ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု များ သိသာစွာများပြားလာ ခဲ့သည်ဟု သိရ၏။ ယနေ့ စင်ကာပူ နိုင်ငံတွင် ကျောရိုးဆစ်နှင့် လည်ဆစ်ရိုး နာကျင်ကိုက်ခဲသူများ လစဉ် ဦးရေ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ရှိသည်ဟုဆို သည်။ သို့ဖြစ်လေရာ ကွန်ပျူတာနှင့် အလုပ်လုပ်သူများသည် အလုပ်လုပ်ပြီး ၁ နာရီကြာလာသည့်အခါတိုင်း ၁၀ မိနစ်ခန့်အနားယူ လမ်းလျှောက်ပေး ရပါသည်။ နေ့စဉ်လေ့ကျင့်ခန်း လုပ် ပေးရန် မမေ့သင့်ကြောင်း ကျန်းမာ ရေးသုတေသီများက သတိပေးနှိုး ဆော်ထားပါသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) Ref: C.S.T (Singapore)
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.