www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၇၅ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန်


အူမကြီး ကင်ဆာဟာ ကင်ဆာရော ဂါအားလုံးထဲမှာ ဒုတိယ သေဆုံးနှုန်း အများ ဆုံး ရောဂါဖြစ် ပါတယ်။ ဒါပေမယ့်လည်း မကြာခင်က ပြုလုပ် တဲ့ လေ့လာ မှု ပေါင်း ၁၀၀ကျော် အရ ဒီရောဂါကို လွယ်လွယ်ကူကူ ကာကွယ်နိုင် တယ်လို့ သိရပါတယ်။ အောက်ပါတို့ကို ပြုလုပ်ပါ။
၁) ကာကွယ်နိုင်စွမ်းရှိတဲ့ အကိုက်အခဲ ပျောက်ဆေးကို သောက်ပါ
အက်စပရင်ကို သောက်ပါ။နေ့စဉ် အက်စပရင် ၃၂၅ မီလီဂရမ်ကို သောက် သုံးတာကြောင့် အူမကြီးကင်ဆာဖြစ်နိုင် ခြေကို ၆၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါ တယ်။ သင့်မိသားစုရာဇဝင်ထဲမှာ အူမ ကြီးကင်ဆာရှိရင်တောင် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဗြိတိန်မှ လေ့လာမှုအသစ်အရ သိရပါတယ်။ အက်စပရင်ဟာ Polyp အသီး ကြီးထွားမှုကို ပိတ်ပင်ပြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ထားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အူမကြီး ထဲမှာ Polypအသီးတွေထွက်လာရင် အူမကြီးကင်ဆာဖြစ်နိုင်လို့ပါ။ အက်စပရင်ဟာ အူတွင်းသွေးယိုစီး တာလိုမျိုး ဆိုးကျိုးတွေရှိတာကြောင့် အဲဒီ ဆေးဝါးကို အသုံးမပြုခင် ဆရာဝန်နဲ့ အ ရင်တိုင်ပင်ပါ။
၂) တူနာငါးစားပြီး ကျန်းမာရေး ကောင်းတဲ့အဆီ ရယူပါ
အပတ်စဉ် တူနာ၊ ဆယ်လမွန်ငါးလိုမျိုး အဆီများတဲ့ငါးတွေကို စားတာကြောင့် အူမ ကြီးကင်ဆာဖြစ်နိုင် ခြေကို၇၆ရာခိုင်နှုန်း ထိ လျှော့ချနိုင်ကြောင်း ဂျပန်နိုင်ငံ မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် တွေ များစွာပါဝင်ပြီး ဒီမပြည့်ဝဆီတွေဟာ အစာခြေလမ်းကြောင်းအတွင်း ကင်ဆာဖြစ် စေနိုင်တဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို ပိတ်ပင်နိုင်လို့ပါ။
၃) ဘယ်ရီသီးစားပြီး ရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း လျှော့ချပါ
နေ့စဉ် အမျှင်ဓာတ်ပေါကြွယ်ဝတဲ့ Raspberries သီး တစ်ခွက်စာ စားတာ ကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၆၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့အမျှင်ဓာတ်တွေဟာ အူမ ကြီးတစ်လျှောက်မှ အဆိပ်တွေကို ဖယ် ရှားနှုန်း လျင်မြန်စေတဲ့အပြင် သူ့မှာပါ ဝင်တဲ့ များစွာသော Ellagic Acid တွေ ဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ် နိုင်တာကြောင့်ပါ။
၎) ဆလတ်ရွတ်စားပြီး ရောဂါဖြစ်နိုင် ခြေ ၇၅ ရာခိုင်နှုန်း လျှော့ချပါ
နေ့စဉ် ဆလတ်ရွက်တစ်ခွက်စာနဲ့ မချက်ပြုတ်ရသေးတဲ့ ကြက်သွန်နီ ခွက် တစ်ဝက်ရဲ့ ရှစ်ပုံတစ်ပုံစာကို စားပေးရင် အူမကြီးနဲ့ စအိုကင်ဆာဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဟားဗတ် တက္ကသိုလ်မှ သုတေသီတွေက အကြံပေး ထားပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ များစွာသော ဆာလဖာဒြပ်ပေါင်းတွေ ဟာ အူအတွင်းမှ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထုတ်ပစ်နိုင်ပါတယ်။ ဆလတ်ရွက်မှာပါဝင်တဲ့ များစွာသော ဗီတာမင်အေတွေဟာ အူမကြီးအမြှေးပါး မှ ဆဲလ်တွေ ပျက်စီးမှုရှိရင် အနာကျက် မြန်စေပါတယ်။
၅) ပရိုတင်းစားပြီး သွေးတွင်းသကြား ဓာတ် မြင့်တက်တာ ရပ်တန့်အောင် ပြုလုပ်ပါ
မကြာခဏ သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆခန့်မြင့်မားသွားနိုင်ပါ တယ်။ သွေးတွင်းသကြားဓာတ် မြင့်မားနေ တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ ကြီး ထွားနှုန်း မြန်သွားတာကြောင့်ပါ။ ဒါကြောင့် ကစီဓာတ် ဒါပေမယ့် အချိုအစာတွေစား မယ်ဆို ရင် အသား၊ ဒိန်ခဲ၊ အခွံမာသီး ဒါမှမဟုတ် တခြားပရိုတင်းတွေနဲ့ တွဲဖက် ပြီး စားသောက်ပါ။ သွေးတွင်းသကြား ဓာတ်မြင့်တက်နှုန်း ထက်ဝက်ကျဆင်း သွားနိုင်ပါတယ်။
၆) လေ့ကျင့်ခန်းပြုလုပ်ပြီး ပုံမှန်မဟုတ် တဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်ပါ
နေ့စဉ် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ် (လမ်းမြန်မြန်လျှောက်)တဲ့ အမျိုးသမီးတွေ ဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။ လေ့ကျင့် ခန်း လုပ်တာကြောင့် သွေးတွင်းသကြား ဓာတ်တည်ငြိမ်မှုရှိစေရုံသာမက ခုခံအား စနစမ် လှ ည်း ပမုံ နှ မ် ဟတု တ် ဆဲ့ လဲေ် တွ ကို ကာကွယ်နိုင်စွမ်း မြင့်တက်သွားပါတယ်။
၇) ဓာတ်တိုးဆန့်ကျင်ပစ္စည်းရရှိအောင် ကော်ဖီသောက်ပါ
နေ့စဉ်ကော်ဖီတစ်ခွက်သောက်တာ ကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ကော်ဖီ မှာပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့် ကျင် ပစ္စည်းနှစ်မျိုးဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ ပူးပေါင်းသွားပြီး အဲဒီဆဲလ် တွေ ကင်ဆာမဖြစ်ခင်နဲ့ မပျံ့နှံ့နိုင်ခင်မှာ ပဲ ကြီးထွားမှုကို ရပ်တန့်ေ ပးနိုင်ပါ တယ်။
ဒေါက်တာခင်မိုးမိုး

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်