www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နေပူထဲ အကာ အကွယ်မဲ့ သွားခြင်း မပြုရန် ပညာရှင် သတိပေး

မြန်မာပြည် မြောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများမှ လွဲ၍ ကျန်ဒေသများရှိ နေရောင်ခြည်တွင် UV Index တန်ဖိုးမှာ ၈ မှ ၁၀ ထိရှိနေသဖြင့် အကာအကွယ် မရှိဘဲ နေရောင်ခြည်ထဲ သွားလာမှုမှ ရှောင်ရှားရန် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
 
“ကောင်းကင်မှာ တိမ်တွေ နည်းလို့ဖြစ်တာ၊ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာ အပူချိန်တွေက အိအိ တက်နေတယ်”ဟု ဦးထွန်းလွင်က ဆိုသည်။ နေရောင်ခြည် ဖြာထွက်မှု အနည်း အများကို UV Index (သို့မဟုတ်) Solar Index   တို့ဖြင့် ဖော်ပြပြီး၊ အမြင့်ဆုံးမှာ ၁၁ နှင့် အထက်ဖြစ်သည်။ ကမ်းရိုးတန်း ဒေသမှ လွဲ၍ ကျန်ဒေသများတွင် UV Index တန်ဖိုး ၈ မှ ၁၀ အတွင်းရှိနေသောကြောင့် နေပူထဲတွင် အကာ အကွယ်မဲ့ သွားလာခြင်း၊ နေပူထဲတွင် အချိန် ကြာမြင့်စွာ နေခြင်း တို့ကို ရှောင်ရှားသင့်ကြောင်း ဒေါက်တာထွန်းလွင်က အကြံပြုသည်။

ယခုရက်ပိုင်း၌ရန်ကုန်မြို့၏အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိပြီး ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီ ဂရိတ်ထိရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် တနင်္ဂနွေနှင့် တနင်္လာ (ဧပြီ ၂၂၊ ၂၃) နေ့များတွင် မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသော တိမ်တိုက်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လာမည့် စနေ၊ တနင်္ဂနွေရက်များ၌ မိုးရွာခြင်းနှင့် လေပြင်း တိုက်ခတ်မှုများ ဖြစ်နိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။ မိုးရွာလျှင် အပူဒဏ် လျော့ကျသွားမည် ဖြစ်သည်။
By Popular News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်