www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအပိုင်း(10)

ကယ်တော်မူပါ

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

ဒါလည်းဟုတ်သားပဲ

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။


သူ့ကြောင့်မိုပါ

မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။



မှားတက်ပလေ

ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။



အပျိုစစ်ဆိုရင် . . .
ဖခင် ဖြစ်သူက သူ.သား မင်္ဂလာဦးညတွင် သေနတ် တစ်ချောင်း ပေးလိုက်သည်။ ပြီးတော့ပြောသည် “မင်းမိန်းမက အပျိုစင်စစ်ဆို ရင် ဒီသေနတ် နဲ. မိုးပေါ်ကို တစ်ချက် ပစ်ဖောက်လိုက်။ တကယ်လို. အပျိုမဟုတ်ခဲ့ရင် သူမကို ပစ်ထည့် ပလိုက် ကြားလား “။

ဟုတ်ကဲ့လို. ပြန်ဖြေလိုက်သော သားဖြစ်သူက ထိုမင်္ဂလာဦးညတွင် သေနတ်ဖြင့် မိုးပေါ်သို. ထောင်၍ တစ်ချက် ပစ်ဖောက်လိုက်ပြီး ၊ ဒုတိယညမှာတော့ သေနတ်ဖြင့် သူ.မိန်းမ ကို ပစ်ထည့်လိုက်သည်။ 

လက်ထက်လိုက်ပါက မိန်းကလေးတစ်ယောက်ကို ပျော်ရွှင်စေမယ်။ လူပျို အဖြစ်ကျန်ရစ်ပါက မိန်းကလေးပေါင်းများစွာကို ပျော်ရွှင်စေလိမ့်မယ်။

 ကိုယ်ဝန်ဆောင်တစ်ဦးဟာ ဗေဒင်ဆရာဆီ ရောက်လာတယ်။ ဗေဒင်ဆရာ ။    ။ ကလေးမွေးလာရင် ကလေးအဖေ သေလိမ့်မယ်။ ကိုယ်ဝန်ဆောင် ။   ။ အို တော်သေးတာပေါ့။ ကျွန်မ ယောက်ျားကတော့ မသေနိုင်တော့ဘူး . . .

 ကောင်လေးဟာ သူချိန်းတွေ့ နေတဲ့ ကောင်မလေးကို ပွေ့ဖက်လိုက်ပြီး
“မင်းဘာလို့ ခါးပတ်ကို ဒူးမှာ ပတ်ထားတာလဲ” လို့ မေးလိုက်တယ်။ ကောင်မလေး ။    ။ “အမေက မှာလိုက်တယ် . . .နင့်လက်ကို ခါးပတ်အောက် အရောက်မခံမိစေနဲ့ဆိုလို့ပါ . .”


လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´

ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

မမြင်သင့်တာ

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

သူတောင်းစားတစ်ယောက်က ဦးထုပ်ကိုရှေ့ချပြီး လမ်းဘေးတွင် ပိုက်ဆံတောင်းနေသည်။ လူတစ်ယောက်က ထိုဦးထုပ်ထဲကိုပိုက်ဆံပစ်ထည့်ေ ပးရင်း သိချင်သည့် မေးခွန်းတစ်ခုကိုမေး၏။
``ခင်ဗျားက ဦးထုပ်နှစ်လုံးတောင် ချထားတာကိုး၊ ဒီဦးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း´´
``ဟိုဘက်ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ အခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ သဘေားပါ´´

 စာရေးဆရာဘ၀ စာရေးဆရာ ။ ။ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံး စာတွေကြီးပဲ ရေးနေရတယ်ဗျ။
မိတ်ဆွေ ။ ။ ဟုတ်လား တော်တော်ရောင်းရလား။
စာရေးဆရာ ။ ။ တော်တော်ရောင်းရတယ်ခင်ဗျ။ ပထမ တီဗွီ ၊ ရေခဲ သေတ္တာ ၊ နောက်ပရိဘောဂတွေနောက်တော့ အိမ်နဲ့ခြံ။ နောက်ဆုံး ကျွန်တော့်ဆိုင်ကယ်စုတ်လေးတောင်ပါသေး။  

ရှင်းလိုက်တာမှ
ဆရာဝန်။ ခင်ဗျား မျက်စိအားနည်းနေတဲ့ကိစ္စအတွက် ကျွန်တော်စဉ်းစားမိသလောက် အကြံပေးရမယ်
ဆိုရင် ဒီလိုလုပ်ဗျာ။ဘာဆိုဘာမှမရှိတဲ့ နေရာလွတ်တစ်ခုကို စိုက်ပြီးသာ ကြည့်နေလိုက်။
လူနာ ။ ဟား...ဟုတ်ပြီ။ ကျေှးဇူးပဲ ဒေါက်တာရေ့။ကျွန်တော်ပိုက်ဆံအိတ်ထဲပဲ ကျွန်တော်ပြန်ငုံ့ကြည့်နေတော့မယ်။ 

နည်း

‘အခက်အခဲတွေ၊ မပြေလည်မှုတွေကို ကျော်လွားနိုင်ဖို့အတွက် ပထမဆုံးခေါင်းအေးအေးထားရမယ်၊ ခေါင်းအေးအောင် စိတ်ကြည်လင်နေဖို့ လိုတယ်၊ကြည်နူးနေဖို့လိုတယ်၊ ပူပင်သောကတွေကို မခံစားနဲ့၊ အဲဒါမှအဲဒီပူပန်မှုတွေကို ဘယ်လိုရှင်းရမယ်၊ ကျော်လွှားရမယ်ဆိုတဲ့ နည်းစဉ်းစားလို့ရမှာ၊ စိတ်ထဲမှာ ကြည်နူးနေဖို့ အိမ်ပြောင်းပါ’
‘ဘယ်အရပ်ကို ပြောင်းရမှာလည်း’
‘အရပ်က အဓိက မကျဘူး၊ ပတ်ဝန်းကျင်က အဓိကကျတယ်၊ ဗျူတီပါလာတို့၊ အေရိုးဘစ် သင်တန်းတို့နဲ့ နီးတဲ့နေရာပြောင်းပါ’

စီးပွားရေးချစ်သူ
‘ကိုယ့်သူငယ်ချင်းလို ငွေသိန်းထောင်ချီ မချမ်းသာပေမဲ့ ကိုယ့်အချစ်ကကြီးကျယ်ခန်းနားပါ တယ်ကွ၊ ကိုယ် မင်းကို ပေးနိုင်တာဟာ သူ့လို စိန်တွေ၊ရွှေတွေ၊ ငွေတွေ၊ ရိုးသားမှု၊ သစ္စာရှိမှု၊ ယုယမှု၊ ကြင်နာမှုတွေပါ၊အချစ်အတွက်ဆိုကိုယ်တတ်စွမ်းသမျှနဲ့တော ဘာပဲလုပ်ပေးရ၊ ပေးရ...’

‘သိန်းထောင်ချီ ချမ်းသာတယ်ဆိုတဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးလေ’

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်