www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအပိုင်း(11)

သတင်းကောင်း

လူရွှင်တော်မင်းသားတစ်ဦးသည် အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန်
မည်သည့်ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့

ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့်
ကားရိုက်ရန်စာချုပ် ချုပ်လိုက်ပြီဖြစ်ကြောင်း၊မနက်ြ
ဇန်တွင်
နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်သူအားပြောသည်။

``သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ
ကြေးနန်းနဲ့အကြောင်းကြားမယ်ကွ။´´

ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာလာပို့သည်။

မင်းသားသည် မျက်နှာအပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။

မိန်းမကတိုက်တွန်းသည်။

``ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´

လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့်
ကြေးနန်းစာကိုမင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာရွှေလမင်း
လိုဝင်းလက်လာသည်။

ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။

``ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက
မင်းအမေသေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´

                                

တစ်ညလုံးဆို ဘယ်လောက်လဲ


မိန်းမတစ်ယောက်သည်
ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။
သို့နှင့် ဆရာဝန်က
“ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ”
ဟု မေးသည်။

ထိုအခါ လူနာ မိန်းမက
“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ
ယောင်ချာချာဖြစ်နေသည်။  နောက်တော့
“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ”
ဟု မဝင့်တဝင့် ပြောသည်။

ထိုအခါ ဆရာဝန်က...
“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့
ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။
ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........
“ ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင် ”...။

........ ........ တစ်ညလုံးကြီးများတောင်...

                                

သူ့ထက်သူ


လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ
အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ
မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်
သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး
ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ
်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား....
.......ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး
ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်

                                

ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း

ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ
ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို
ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို
ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို
ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ
အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို
တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”

                                

လှေခါးလာမလှုပ်နဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို
မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က
လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့
ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး
ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင်
အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”
ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ
လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်