လက်ဆောင်
ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး

*လူမှားလို.*
အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
နှင်းလျှောစီးဘို.
မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး
'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲ

လို.ပြောပြီးမိန်းမဘေ
းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။

အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ

မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."

ကောင်းရော....
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

ဖြစ်ရလေကွယ်....
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိ

မ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။

မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီး

ကလူနာများအား
ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ
ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏
ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား
ကြက်သားဟင်းမစားချင်ဘူးလား။ "

တယ်ဟုတ်ပါလား
ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"

ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို
ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။
ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ
တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"

အကြွေး
သူတောင်းစား " ၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ " ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား " ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"

အဘိုးကြီးတစ်ဦးသည် အပြစ်ဝန်ခံရန် ဘုန်းတော်ကြီးစီသို့ ရောက်ရှိလာသည် ဖာသာ တပည့်တော် အပြစ်ဝန်ခံပါရစေ ဘယ်လိုအပြစ်တွေကျူးလွန်မိလို့  ပါလိမ့်သားတော် ဒီလိုပါဖာသာတပည့်တော် ဒုတိယကမ္ဘာစစ်အတွင်းက အမျိုးသမီးတစ်ဦးဟာ တပည့်တော် အခန်းတံခါးကို ခေါက်ပြီး သူ့  ကို နာဇီ စစ်သားတွေ ရှာမတွေ့ အောင်ဖွက်ပေးထားဖို့  ပြောတာနဲ့ အဲ့ အမျိုးသမီးကို ကို နာဇီတွေလက်ထဲကယ်တင်မိခဲ့ လိုပါ ဖာသာ အိုလေ လူ့ အသက်ကယ်တင်တာကောင်းမှုကုသိုလ်

ပဲသားတော်ရဲ့ အပြစ်မဟုတ်ဘူးလေ ဒါပေမယ့် ဖာသာ တပည့်တော်က အဲ
့အမျိုးသမီးကို ဖွက်ထားပေးဖို့ အတွက် တပည့်တော် နဲ့ အတူ အိပ်ဖို့  တောင်းဆိုခဲ
့မိလို့ ပါ ထိုအခါ ဘုန်းတော်ကြီးမှ ဒါကလည်း အမျိုးသမီးကို ဖွက်ထားပေးတာကို
နာဇီတွေသိသွားရင် သားတော် ပါ ရော ပြီး အသတ်ခံရမှာ ဆိုတော့ ဒီလောက်တောင်းဆို ရုံနဲ
့အပြစ်မဖြစ်ပါဘူးသားတော် ဟု ပြန်ဖြေလိုက်`၏ ဤတွင်မှ အဖိုးကြီးက ဒါဆိုဖာသာ သားတော်
အခန်းထဲမှာဖွက်ထားတဲ့ အမျိုးသမီးကို ဒုတိယကမ္ဘာ စစ်ပြီးသွားပြီဆိုတာ ပြောလို
့ရပြီလားဖာသာ ဟုမေးမြန်းလိုက်လေတော့ သည်။

ဝမ်းနည်းပါတယ်
“ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
“၀မ်းနညမ်းပါတယ် ၊ မပြနိုင်ပါဘူး”
“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

ပိန်ဆေး
“ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”

.ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး - “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့
အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”

ဆေးကောင်း
အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“၀မ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”
“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

သိရအောင်ပါ
ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို
ကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ”

ချစ်သူတွေ ၀ိုင်းဝိုင်းလည်
မိန်းမ-“အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက
အာလုံးကိုငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ”

တစ်ခုပဲ
အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လောလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့
ဘာချို့ယွင်းချက်လဲ”
“အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”

0 comments:
Post a Comment