မိုးရာသီမှာ အအေးမိတာ၊ တုပ် ကွေးဖြစ်တာ၊ နှာစေးတာ၊ ချောင်းဆိုး တာစတဲ့ကျန်းမာရေး ပြဿနာတွေ ဖြစ် လွယ်တတ်ပါတယ်။ ဒီလို ကျန်းမာရေး ဝေဒနာတွေ မကျရောက်စေဖို့ ကိုယ်ခံ စွမ်းအားကောင်းမွန်နေဖို့ လိုပါတယ်။ ဒီ လို ကိုယ်ခံစွမ်းအား ကောင်းနေဖို့အတွက် လိုက်နာသင့်တဲ့ အချက်တွေကို ရေးသား လိုက် ရပါတယ်။
နေ့ခင်းဘက်မှာ နေပူလိုက်၊ မိုးရွာ လိုက် ဖြစ်နေနိုင်တာကြောင့် အပြင်သွား တိုင်း နေကာခရင်မ်လိမ်းဖို့ မမေ့သင့်သ လို မိုးကာအင်္ကျီ ဒါမှမဟုတ် ထီးကို ယူ ဆောင်သွားသင့်ပါတယ်။
မိုးစိုပြီး အိမ်ပြန်ရောက်လာရင် အရင် ဆုံးရေချိုးလိုက်ပါ။ ပြီးရင် ခြောက်သွေ့ အောင် သုတ်ပြီး လက်ဖက်စိမ်းလက် ဖက်ရည်ပူပူ တစ်ခွက် ဒါမှမဟုတ် ကော် ဖီပူပူတစ်ခွက် သောက်ပါ။
ဘယ်လောက်ပဲ မိုးရွာနေပါစေ၊ သင် နေထိုင်တဲ့ အိမ်ပတ်ဝန်းကျင်ကို ခြောက် သွေ့သန့်ရှင်းနေအောင် ထားပါ။ သင့်အိမ် ထဲနဲ့ အိမ်အနီးအနားဝန်းကျင်မှာ ရေ တွေ စုပုံမနေပါစေနဲ့။
ခန္ဓာကိုယ်ကို အမြဲတမ်းနွေးထွေးနေ အောင်ထားပါ။ ခန္ဓာကိုယ်အပူချိန်လျော့ ကျသွားတဲ့အခါမှာ ကိုယ်ခံစွမ်းအားကျ သွားပြီး ဗိုင်းရပ်စ်တွေက ချက်ချင်းဝင် ရောက်လာနိုင်ပါတယ်။
ဆံပင်တွေ၊ အဝတ်အစားတွေ မိုးစို နေရင် အဲယားကွန်းခန်းထဲကို ချက်ချင်း မဝင်ပါနဲ့။ ဆံပင်နဲ့ ခန္ဓာကိုယ်ကို ခြောက် အောင် သုတ်ပြီးမှ အခန်းထဲဝင်ပါ။ à ခြေထောက်တွေ စိုနေတဲ့အခါတိုင်း ခြောက်သွေ့တဲ့ ပိတ်စနဲ့ သုတ်ပေးပါ။
ဟင်းသီးဟင်းရွက်တွေကို ရေစင် အောင် ဆေးကြောပြီး ချက်ပြုတ်ပြီးမှ စားပါ။à ရေကို များများသောက်ပြီး ခန္ဓာကိုယ် ကို ရေဓာတ်ပြည့်ဝနေအောင် ထားပါ။
ကလေးတွေကို ရေပြည့်နေတဲ့ မြောင်း တွေ၊ ဗွက်တွေထဲ ဆော့ကစားခွင့် မပြု ပါနဲ့။ àDettol လို ပိုးသတ်ဆေးရည်ကို အ မြဲဆောင်ထားပြီး ရွှံ့ရေစဉ်တဲ့ အရေပြား တွေကို သုတ်လိမ်းပေးပါ။ လက်ကို မ ကြာခဏဆေးပေးပါ။ ရွှံ့စဉ်နေတဲ့ အ ရေပြားနေရာကို မဆေးကြောရသေးတဲ့ လက်နဲ့ ကုတ်ခြစ်တာမျိုး ရှောင်ပါ။
မိုးရာသီမှာ ချော်လဲတာ၊ လဲကျတာ တွေ အဖြစ်များတတ်ပါတယ်။ ဒီလိုမဖြစ် စေဖို့ မြဲမြံနေတဲ့ ဖိနပ်တွေကို စီးသင့်ပါ တယ်။ à သင်က ပန်းနာရင်ကျပ်ရောဂါနဲ့ တ ခြားဓာတ်မတည့်မှုဆိုင်ရာ ဝေဒနာတွေ ရှိရင် စိုစွတ်နေတဲ့ နံရံတွေနားမှာ နေထိုင် တာကို ရှောင်သင့်ပါတယ်။ စိုစွတ်နေတဲ့ နံရံတွေဟာ ဖန်းဂပ်စ်မှိုပေါက်ဖွားမှုကို အားကောင်းစေတာကြောင့် အသက်ရှူ လမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။
အအေးမိချင်သလိုလို ခံစားနေရရင် ဘက်တီးရီးယားပိုးတွေကို သတ်နိုင်စွမ်း ရှိတဲ့ ဆေးဖက်ဝင်လက်ဖက်ရည်ပူပူတစ် ခွက်ကို သောက်ပေးပါ။
ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်အ နားယူပါ။ အိပ်ရေးဝတာက ကိုယ်ခံစွမ်း အားစနစ်ကို ကောင်းမွန်စေပါတယ်။
By Good Health










0 comments:
Post a Comment