www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နှလုံးသား…စက်ရုပ်


ငါဟာနှလုံးသားနဲ့
စက်ရုပ်
မင်းသံပတ်ပေးမှ
အလုပ်လုပ်တယ်။
ဘာကိုမှမသိရင်နေပါစေ
မင်းကိုချစ်တာတစ်ခုနဲ့
မင်းငါ့ကိုမချစ်တဲ့အကြောင်း
နှစ်ခုကိုပေါင်းရင်
ငါ့ဘဝအကြောင်းပြည့်စုံနေတယ်။
နေ့ဘက်ဆိုကောင်းကင်ပြာလို့
ည ဘက်မှာလတွေသာပါရက်
လောကရဲ့အလှတရားတွေနဲ့
မပြည့်စုံနိုင်တဲ့နှလုံးသား
မင်းအပြုံးတွေကိုမှမမြင်ရရင်
ငါ့ရင်ဘက်ထဲမှာ…ဟာတယ်။
မင်းကြောင့်ပွင့်ခဲ့တဲ့ပန်း
မင်းစိတ်ရှိတဲ့အခါ
နမ်းရှိုက်ဖို့အတွက်သက်သက်
ရေမလောင်းပဲလန်းမယ်။
သာမန်ထက်ပိုထူးပေမယ့်
ငါဟာအချစ်ရူးမဟုတ်ဘူး
စိတ်ချယုံကြည်ပါ
ငါ့စိတ်ကူးတွေ
လက်တွေ့ကျပါတယ်ချစ်သူ။
မေးခွန်းတွေအဖြေရှိ
အဖြေကိုလည်းသိပါတယ်
ဘာပဲဖြစ်ဖြစ် ၁၅၀ဝ ထက်
ကျော်အောင်တွက်မယ်။
ဘာမှမတော်ရင်နေပါစေ
ငါလိုအရူးက
မင်းနဲ့ပတ်သတ်ရင်
ထူးချွန်ချင်ပါတယ်။
ဘာမှမရှိရင်လည်းနေပါစေ
မင်းရှိရင်ပြည့်စုံပါတယ်လို့
ဟစ်ကြွေးရဲတဲ့သတ္တိတွေ
ဘယ်တုန်းကတည်းကရှိလာတာလဲ
ငါ့ကိုယ်ငါတောင်မသိဘူး။
ခေါင်းတွေကြီး စွတ်ခါ
မငြင်းပါနဲ့လားချစ်သူ
မင်းရက်စက်ခြင်းတွေမှာ
အလွမ်းတွေကပ်ပါလာတာမို့
ငါ့ညတွေမှာ
အိမ်မက်ဆိုးတွေများတယ်။
ရူးတယ်လို့တော့မထင်စေချင်ဘူး
မျက်စောင်းတစ်ချက်နဲ့တင်
ပြာကျချင်လောက်အောင်
မင်းနဲ့ပတ်သတ်ရင်
ငါ့စိတ်တွေကနူးညံ့တယ်…
မျက်ရည်လွယ်တယ်။
ဘာတွေဘယ်လိုဖြစ်ဖြစ်
တလောကလုံးနဲ့ စစ်ခင်းရလဲ
ရင်ခွင်သစ်တွေကိုပယ်လို့
မင်းရင်ခွင်ဆီကိုပဲ
တည့်တည့်တိုးမယ်။
ဘယ်သူတွေလက်ငြိုးထိုးထိုး
မင်းမမုန်းရင်
အရာရာ ကိုမမှုတဲ့
မျက်လုံးတွေနဲ့ကြည့်ရဲတယ်။
ရိုးရိုးလေးချစ်တာ
ချစ်သူအပြုံးအတွက်
အကြိမ်တစ်ရာ
အမုန်းခံဖို့
ဝန်မလေးဘူး။
စိတ်ချ
ငါဟာနှလုံးသားနဲ့
စက်ရုပ်
မင်းအမိန့်တွေကို
ဘယ်တော့မှမငြင်းဘူး။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်