www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အရက်လောက ဟာသ

တတ်လိုက်ပါပေ့ကွယ်

“ သူငယ်ချင်း ငါ ဘီအီးချလာတာ ကြာပြိ၊ ငါ အခုထိ ဘီအီးရဲ့ အဓိပ္ပယ်ကို မသိသေးဘူး။ ”
“ မြင်းစီးပြီး အထီးမှန်း၊ အမမှန်း မသိဆိုတာလို ဖြစ်နေပြီ။ ငါ ရှင်းပြမယ်...'B' ဆိုတာက Bottle၊ 'E' ဆိုတာက Economics၊ အဓိပ္ပယ်က ပုလင်းနဲ့ စီးပွားရေး လုပ်စားတာပေါ့ကွာ ”
“ သြော်...လက်စသတ်တော့...ဘီအီးဆိုတာ ပုလင်းခွံကောက်တဲ့ သူကို ပြောတာကိုး ”
( BE ဆိုသည်မှာ အစိုးရ အရက်ဖြူဆိုင် ခေတ်က အရက်ဖြန့်ဖြူးသော ကုမ္မဏီ၏ အမည် ဖြစ်သည်။ အပြည့်အစုံမှာ BURMA ENTERPRISE DISTILERY COMPANY ဖြစ်ပြီး B.E.D.C ကို BE ဟု အလွယ် ခေါ်ခြင်းဖြစ်သည်။ )


ပိုမူးအောင် လုပ်နေလို့
အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်...... ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”


ထူးမခြားနား
အရက်သမား နှစ်ယောက် ဆိုင်ထဲတွင် ကပ်ထားသော အရက်ကြော်ငြာများကို ကြည့်ပြီး ပြောနေကြသည်။
“ အရက်ကြော်ငြာတွေထဲမှာတော့ နာန္ဒာလှိုင်ကို အကြိုက်ဆုံးပဲကွ ”
“ ဒီနေရာမှာတော့ မင်းနဲ့ ငါနဲ့ မတူတော့ဘူး။ ငါက သူကြော်ငြာတဲ့ အရက်ဆို ဘယ်လို အရက်မျိုးပဲ ဖြစ် ဖြစ် ကြိုက်မယ့် ကောင်ကွ ”
...... .... ဘာပဲ ဖြစ်ဖြစ် အကုန်ပို့လိုက်ပါ ရပါတယ်...


ဒီအချိန်ရောက်လာရင်..
ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”
......... .....
( မှတ်ချက်။ ။ အချိန်နှင့် ဒီအရည်သည် လူကို မစောင့်ပါ )


ဘယ်လကို ပြောတာလဲ?

အရက်မူး သမား နှစ်ယောက် ဟာ ယိုင်ထိုး ယိုင်တိုင်နဲ့ လမ်းလျှောက်လာပြီး စကားတွေ ပြောနေကြတယ်။ “ တစ်ကယ်တော့ လဟာ အနီရောင်ကွ” “ မဟုတ်ဘူး၊ အပြာရောင်” “အနီရောင်ပါဆိုကွာ” “အပြာရောင်ကွ” “ဒါဆိုရင် ဟိုရှေ့က လာနေတဲ့ လူကို ငါတို့ မေးကြည့်ရအောင်။ သူတော့ သိလောက်မှာပါ” “ ဟေ့လူ၊ လက အပြာရောင် လား အနီရောင်လား” ထိုသူသည် တွေတွေဝေေ၀ ဖြစ်သွားပြီး တစ်ချက်စဉ်းစားကာ ပြောလိုက်သည်မှာကား “ ဟိုဘက်က လလား၊ ဒီဘက်ကလလားကွ။ မင်းတို့က ဘယ်လကို ပြောတာလဲ” တဲ့။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်