ဗီတာမင် E အတွက် အခွံမာသီးများ စားပါရောဂါ ကာကွယ် တိုက်ထုတ်တဲ့
ဆဲလ်များ (Immune Cells) က သင့်လျော် တဲ့ အာဟာရဓာတ် မရရှိရင် ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ Turfts တက္ကသိုလ်မှ အာဟာရဓာတ် ပညာ သုတေသန စင်တာရဲ့ ညွှန်ကြားရေး မှူး Simi Meydani ကပြောကြားခဲ့ပါတယ်။ သင်က နေ့စဉ် ဗီတာမင် E 15 mg လိုအပ် တယ်လို့ သူမက ပြောတယ်။ အဲဒါက ဗာဒံစေ့ (Almonds) လက်တစ်ဆုပ် စာ ပမာဏပေါ့။
Selenium ဆီလီနီယမ်ဓာတ် မနည်းစေပါနှင့်။
သက်ရှိတွေအတွက် စဉ်းငယ်မျှ မရှိ မဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်တဲ့ ဆီလီနီယမ်ဓာတ်ကကိုယ်ခံအားစနစ် အင်ဇိုင်းများကို တည်ဆောက်ပေးပါ တယ်လို့ ဒေါက်တာ ပက်ထရစ်ရှာ ရှာရီဒန်က ပြောပါတယ်။ သူမက နေ့စဉ် ဆယ်လီနီယမ် 55 mg ပမာဏရရှိအောင် စားသုံးရန်ထောက် ခံပါတယ်။ ဒါက တူနာငါးပေါင်မုန့် တစ်ချပ်နှင့်ညီတယ်။
နေရောင်ခြည် ဗီတာမင် (Sunshine Vitamin) ကို သတိရပါ
နေရောင်ခြည်ဗီတာမင်လို့ တင်စားခေါ်ဝေါ်တဲ့ ဗီတာမင် ကို ရောဂါပိုးသတ်တဲ့ ပရိုတင်းအချို့ ထုတ်လုပ်ရာမှာ လိုအပ်တယ်။ ခရမ်းလွန်ရောင်ခြည် (UV) အများဆုံး ရရှိတဲ့အချိန်ကလွဲပြီး ကျန်အချိန်တွေ မှာ နေရောင်ခြည်မိနစ် အနည်းငယ်စီခံ ယူဖို့ ကျွမ်းကျင်သူတွေက ထောက်ခံ ချက်ပေးတယ်။
ကာယလေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့် ခန်း အနည်းငယ်လုပ်ခြင်းကတောင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင် ပါတယ်လို့ ဟူစတန် တက္ကသိုလ်မှသော မတ်စ်လိုဒါက ပြောပါတယ်။၂၀ဝ၆ခုနှစ်က လေ့လာမှုတစ်ရပ်မှာ အမျိုးသမီးများကို အုပ်စု၂စုခွဲပြီး တစ်စုကို ရက်သတ္တပတ် လျှင် ၅ ကြိမ် လေ့ကျင့်ခန်း ပြုလုပ်စေပြီး တစ်စုကို ရက်သတ္တပတ်မှာ တစ် ကြိမ်လောက် ကိုယ်လက်ဆန့်ခြင်းလုပ် စေခဲ့တယ်။ ထိုအခါ ကိုယ်လက်လေ့ ကျင့်ခန်းပြုလုပ်သူ များတွင် ကိုယ်လက် ဆန့်သူများမှာထက် နှာချေချောင်း ဆိုးဖြစ်တာ ၃ပုံ ၂ပုံ လျော့နည်းနေ တာကို တွေ့ရှိခဲ့ကြပါတယ်။
ဦးလှမြင့်(ဂန္ဓမာ)
By Health Digest










0 comments:
Post a Comment