www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဘွဲ့ရသွားသော နှလုံးသား


သင်၏ ထီးရိပ်အောက်တွင်
ချစ်တင်းဆိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။
အို မျှော်စင်ကြီး ယုဒသန်
သင်၏ ရင်ခွင်အောက်တွင်
မိုးခိုခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။
အို အင်းလျားကန်
သင်၏ ပခုံးစွန်းတွင် ထိုင်၍
အနမ်းမိုးစွေခဲ့သူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။
အို ကံကော်တော
သင်၏ ဧည့်ခန်းထဲရှိ
ခုံတန်းပေါ်တွင် ထိုင်၍
နှုတ်ကတိ စာချုပ်များကို
ဖျက်ဆီး ပစ်လိုက်ကြရသူ နှစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။
အို အဓိပတိလမ်း
သင်၏ ကြောကုန်းထက်ဝယ်
လွန်ခဲ့သော လေးနှစ်ကာလက
ဦးခေါင်းကိုမော့ ရင်ကိုကော့၍
အဖော်အပေါင်းများနဲ့အတူ
ပျော်ရွှင်စွာ လျှောက်ဝင်လာခဲ့ပြီး
ယခုအခါ
ဦးခေါင်းကို ငိုက်စိုက်ချလျှက်
တစ်ယောက်ထီးတည်း
ပြန်လည် ထွက်ခွာသွားရသူ တစ်ယောက်အကြောင်းကို
နှောင်းလူတို့အား ပြောကြားရစ်ပါလေ။
စာမေးပွဲဟူသည်
ခွဲခွာခြင်း၏ အထိမ်းအမှတ်ဟု ဆိုပါလျှင်
ငါသည် ထာဝရ ခွဲခွာခြင်းအတွက်
စာမေးပွဲကို ဖြေခဲ့ပြီ။
ကျန်းမာ ချမ်းသာစွာ နေရစ်ကြပါလေ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်