www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဇက်နာဝေဒနာ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ဘယ်လိုကုသမလဲ


ခါးနာဝေဒနာ (Back Pain) လောက် အလေးပေးခြင်း မခံရပေမယ့် ဇက်နာဝေဒနာ (Neck Pain) ကလည်း အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါပဲ။ သင်ဟာ ခဏခဏ ဇက်နာတတ်သူဆိုရင် အောက်ပါ အကြံပေးချက် အချို့ကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ။
-အိပ်ရာက ထထချင်း ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ပါနှင့်။ သင့်အရိုးအဆစ် များအတွက် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။
-သင့်အလုပ်ခွင်ထဲမှာ သင့်ကွန်ပျူတာအနေအထားကို ချိန်ညှိ ပါ။ မော်နီတာရဲ့ အပေါ်ပိုင်းက သင့်မျက်စိနှင့် တစ်ပြေးညီရှိ ပါစေ။ စာစီစာရိုက် သမားတွေ ဆိုရင် စာရွက်ကို မိမိမျက်စိနဲ့ တန်းတူချိတ်ဆွဲပြီးမှ ရိုက်ပါ။ စာရွက်ညှပ်တဲ့ ကိရိယာကို သုံး ပေးနိုင်ပါတယ်။
-ဖုန်းပြောတဲ့အခါ နားတစ်ဘက်မှ တစ်ဘက်သို့ ပြောင်းလဲ ပေးပါ။ ဖုန်းခွက်ကို ဦးခေါင်းနှင့်လည်ပင်းကြားညှပ်ပြီး ပြော တာမျိုး မလုပ်ပါနှင့်။ Hand free နားကြပ်ကို စမ်းသုံး ကြည့်ပါ။
-လေးလံတဲ့ လက်ဆွဲအိတ်များ ဆွဲခြင်းကို ရှောင်ပါ။ ကျောပိုးအိတ် ဒါမှမဟုတ်ဘီးပါလက်တွန်းသေတ္တာကိုအသုံးပြုပါ။
-မော်တော်ကားမောင်းနေစဉ် မတ်မတ်ထိုင်ပါ။ ပြိုင်ကား မောင်းသူလို လက်တန်းထားပြီး ကျောမမီချပါနှင့်။ -အိပ်တဲ့အခါ ခေါင်းအုံး ဒါမှမဟုတ် မျက်နှာ သုတ်ပဝါ တစ်ထည်ကို လည်ပင်းအောက်တွင် ခုထားပေးပါ။
-သက်သာရာရစေဖို့ ရေခဲကပ်ပေးပါ။ နာကျင်မှုကို သက်သာစေဖို့ ရေခဲကပ်ပေးပါ။ ဒါမှမဟုတ် ရေပူထည့် ထားတဲ့ ပုလင်းတစ်လုံးကို သုံးပေး နိုင်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်